ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ထိစပ်နေသော နယ်စပ်တစ်လျှောက် ပျားအုံများပါသည့် သေတ္တာများကို ထားရှိတပ်ဆင်ခဲ့ကြောင်း အိန္ဒိယနယ်စပ်လုံခြုံရေးတပ်ဖွဲ့ ပြော
Pika (NSS) - နိုဝင်ဘာ ၈
အိန္ဒိယနယ်စပ်လုံခြုံရေးတပ်ဖွဲ့(BSF)သည် နွားမှောင်ခိုကူးမှုနှင့် အခြားရာဇဝတ်မှုများကို တားဆီးရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ထိစပ်နေသော အရှည်(၄၀၉၆)ကီလိုမီတာရှိသည့် နယ်စပ်မျဉ်းတစ်လျှောက်တွင် ပျားအုံများ ပါသည့် သေတ္တာများကို တပ်ဆင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပျားအုံများထားရှိမှုမှာ ကျေးလက်နေပြည်သူများအတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုအနေဖြင့် ထားရှိခြင်းမျိုးလည်းဖြစ်ကြောင်း သိရသည်။ ပျားအုံများပါသည့်သေတ္တာများကို မှောင်ခိုကူးမှုများဖြစ်ပွားနိုင်သည့် West Bengal ပြည်နယ် နယ်စပ်ခြံစည်းရိုးများတွင် ထားရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။
အဆိုပါ ထားရှိမှုကို အိန္ဒိယနယ်စပ်လုံခြုံရေးတပ်ဖွဲ့(BSF) ၏ (၃၂)တပ်ရင်းက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အိန္ဒိယအစိုးရသည် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ နှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်လျှောက် တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုတို့ကို အဓိကပြဿနာအဖြစ် သတ်မှတ်ထားကြောင်းလည်း သိရသည်။
ပျားအုံများပါသည့် သေတ္တာများ တပ်ဆင်ထားသော West Bengal ပြည်နယ် Nadia ခရိုင်တွင် ကျွဲ၊ နွား၊ ရွှေ၊ ငွေ နှင့် မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုများပြားနေကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ပြစ်မှု ကျူးလွန်သူများသည် ယခင်က နယ်စပ်ခြံစည်းရိုးကို ချိုးဖျက်ဝင်ရောက်ခြင်း (သို့မဟုတ်) ချိုးဖျက်ဝင်ရောက်ရန် ကြိုးပမ်းခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း ၎င်းတို့က ပြောခဲ့သည်။
ပျားအုံများ၏ တိုက်ခိုက်မှုသည် တရားမဝင်နယ်စပ်ဖြတ်ကျော်ရန် ကြိုးပမ်းသူတိုင်းကို ပြင်းထန်သည့်ထိခိုက် ဒဏ်ရာများရရှိစေနိုင်ကြောင်း (BSF) တာဝန်ရှိသူများက ပြောခဲ့သည်။
အဆိုပါအကြံဥာဏ်ကို (BSF) ၏ (၃၂)တပ်ရင်းမှူး Sujeet Kumar က ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ကျေးလက်ရွာများတွင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် အဓိကအာရုံစိုက်သည့် အိန္ဒိယအစိုးရ၏ ‘Vibrant Village Programme’ ၏ လှုံ့ဆော်မှုများကြောင့် အဆိုပါအကြံဥာဏ်ကို ရရှိခဲ့ခြင်းဖြစ်ကြောင်း Sujeet Kumar က ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု နှင့် နယ်စပ်ဖြတ်ကျော်ပေးချေမှုများအတွက် နှစ်နိုင်ငံသုံးငွေကြေး အသုံးပြုမှုကို မြှင့်တင်ရန် မြန်မာ-ရုရှားဆွေးနွေး
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း