Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အယ်လ်ဘေးနီးယားနိုင်ငံအတွင်း ရွှေ့ပြောင်းအခြေချသူ လက်ခံထိန်းသိမ်းရေးစခန်းများတည်ဆောက်မည့်အစီအစဉ် အီတလီလုပ် ဂွမ်တာနာမို အကျဉ်းစခန်းအဖြစ်ဝေဖန်ခံရ

Htay Oung (NSS) - နိုဝင်ဘာ ၈

ရွှေ့ပြောင်းအခြေချသူများကို လက်ခံထားဖို့အတွက် အယ်လ်ဘေးနီးယားနိုင်ငံအတွင်း တစ်နှစ်လျှင် စခန်း ၂ ခုစီကျ တည်ဆောက်သွားမယ်လို့ အီတလီက ဆိုပါတယ်။ ပင်လယ်ပြင်မှ ဝင်ရောက်လာသူများကို ထားရှိဖို့အတွက် ဒေသတွင်း အိမ်နီးချင်း ဥရောပနိုင်ငံမှာ အဲ့ဒီလို စခန်းမျိုးဖွင့်လှစ်နိုင်ခြင်းဟာ တကယ့်သမိုင်းဝင်အစီအစဉ်ပဲ ဖြစ်တယ်လို့ အီတလီက ချီးကျူးပြောဆိုပါတယ်။ ဒါပေမယ့် အဲ့ဒီကိစ္စဟာ ဋ္ဌာနဆိုင်ရာ အဖွဲ့အစည်းများ သလောက် အလုပ်မဖြစ်တဲ့ ဗျူရိုကရေစီလုပ်ထုံးလုပ်နည်းအဓိပ္ပါယ်ဆောင်နေပြီး လူ့အခွင့်အရေးဆိုင်ရာ အတားအဆီးများနဲ့ ရင်ဆိုင်ရနိုင်ကြောင်း ကျမ်းကျင်သူများနဲ့ အတိုက်အခံနိုင်ငံရေးသမားတို့က သတိပေးလိုက်တယ်လို့ ရိုက်တာသတင်းအေဂျင်စီက ယမန်နေ့(နိုဝင်ဘာလ ၇ ရက်) တွင် ရေးသားပါတယ်။


အရှေ့အလယ်ပိုင်းနဲ့ အာဖရိကဒေသမှာ စစ်ရေးနဲ့ နယ်မြေချဲ့လာတဲ့ အိုင်အက်စ်တို့လို ဘာသာရေးအစွန်းရောက်များရဲ့ နှိပ်စက်သတ်ဖြတ်မှု၊ လက်နက်ကိုင်ပဋိပက္ခတို့ ထူပြောလာတဲ့အတွက် ထွက်ပြေးလာသူများဟာ ဥရောပတိုင်းပြည်များအတွင်း အလုံးအရင်းနဲ့ လှိမ့်ဝင်နေကြပါတယ်။ ဈေးနှုန်းသက်သာတဲ့ သယ်ယူပို့ဆောင်ရေးနဲ့ ပိုမိုအဆင့်မြင့်လာတဲ့ နည်းပညာတွေကြောင့် ရွေ့ပြောင်းအခြေချ ခိုလှုံခွင့်တောင်းခံသူ ဦးရေတိုးပွားလာခြင်းဟာ အီးယူနိုင်ငံများအတွက် အကျပ်အတည်းတစ်ခုဖြစ်လာနေပေမယ့် အဲဒီကိစ္စအပေါ် ထားရှိတဲ့ အမြင်သဘောထားနဲ့ ကိုင်တွယ်ဆောင်ရွက်ပုံတွေကတော့ ဥရောပတိုင်း ပြည်များမှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူညီကြပါဘူး။ 

အီတလီနဲ့ အယ်လ်ဘေးနီးယားတို့ရဲ့ သဘောတူညီချက်ဟာ ပုံမှန်မဟုတ်တဲ့ လူဝင်ရောက်မှုကို တားဆီးဖို့အတွက် ဥရောပသမဂ္ဂက ကျယ်ပြန့်စွာ ကိုင်တွယ်ဆောင်ရွက်နေတဲ့  အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ခိုလှုံခွင့်စည်းမျဉ်းများကို ပြန်လည်ပြင်ဆင်ရန်နဲ့ ရောက်ရှိလာသူ အရေအတွက်ကို လျှော့ချနိုင်ဖို့အတွက်  ဥရောပသမဂ္ဂအတွင်း ဆွေးနွေးညှိနှိုင်းနေကြခိုက်  ဂျာမနီအပါအဝင် အခြားနိုင်ငံတွေကတော့ သူတို့ရဲ့မူဝါဒများကို တင်းတင်းကြပ်ကြပ်လုပ်ဆောင်နေပါတယ်။

အီတလီအနေနဲ့ အယ်လ်ဘေးနီးယားမြေပေါ်တွင် တစ်နှစ်လျှင် ရွှေ့ပြောင်းနေထိုင်သူ ၃၆,၀၀၀ ကို လက်ခံထားရှိဖို့အတွက် စင်တာနှစ်ခု တည်ဆောက်မှာဖြစ်ကြောင်း နှစ်နိုင်ငံဝန်ကြီးချုပ်တို့က တနင်္လာနေ့မှာ ကြေညာပါတယ်။

ရွှေပြောင်း အခြေချသူများ ဖြတ်သန်းလာလေ့ရှိတဲ့ မြေထဲပင်လယ်နဲ့ ထိစပ်နေတဲ့ နိုင်ငံချင်းအတူတူ အီတလီဟာ အယ်လ်ဘေးနီးယားထက် ၁၀ ဆ ပိုမိုကျယ်ဝန်းပါတယ်။ ဒါပေမယ့် လူဦးရေ ၅၉-သန်းရှိတဲ့ အီတလီဟာ နှစ်စဉ် ကမ္ဘာလှည့် ခရီးသွားဦးရေ သန်း ၅၀ ခန့် လာရောက်ရာ တိုင်းပြည်ဖြစ်နေပါတယ်။

ခိုလှုံခွင့်တောင်းခံလာသူများကို စိစစ်နေစဉ်အတွင်း လက်ခံထားရှိဖို့အတွက် အယ်လ်ဘေးနီးယားနိုင်ငံရဲ့ ကမ်း ရိုးတန်းနဲ့ ကုန်းတွင်းပိုင်းမှာ စခန်းတစ်ခုစီ တည်ဆောက်မယ့် ယခုအစီအစဉ်အတွက် ကုန်ကျစရိတ်အရပ်ရပ်ကို မိမိနိုင်ငံက အပြည့်အ၀ ပေးချေမှာဖြစ်ကြောင်း၊ မိမိနိုင်ငံရဲ့တရားစီရင်ပိုင်ခွင့်အောက်မှာ လည်ပတ်ဆောင်ရွက်စေမှာဖြစ်တဲ့အတွက် ဥရောပသမဂ္ဂရဲ့ ခိုလှုံခွင့်စည်းမျဉ်းများနဲ့ အကျုံးဝင်တယ်လို့ အသက် ၄၆-နှစ်အရွယ် အီတလီအမျိုးသမီး ဝန်ကြီးချုပ် ဂျော်ဂျီယာ မီလိုနီက ပြောပါတယ်။

အယ်လ်ဘေးနီးယားနိုင်ငံအတွင်း ထိန်းသိမ်းထားပြီး  အီတလီနိုင်ငံရဲ့ တရားစီရင်ပိုင်ခွင့်အာဏာအောက်မှာ ထားရှိမယ်လို့ ဆိုခြင်းဟာ ဥရောပ မဟုတ်တဲ့ နယ်မြေများမှ ရွှေပြောင်းနေထိုင်သူတွေရဲ့ ခိုလှုံခွင့်အပါအဝင် သူတို့ရဲ့ အခြေခံအခွင့်အရေးများအပေါ် ဘယ်လိုကျင့်သုံးမယ်ဆိုတာ ကြီးမားတဲ့ မေးခွန်းတစ်ခုဖြစ်နေပြီး ရှင်းရှင်းလင်းလင်း မရှိသေးကြောင်း နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီ IRC ရဲ့ အီတလီဆိုင်ရာဋ္ဌာန အကြီးအကဲက ပြောပါတယ်။

အီတလီဝန်ကြီးချုပ်ရုံး သတင်းရင်းမြစ်ကတော့ အယ်လ်ဘေးနီးယားနဲ့ ယခုသဘောတူညီချက်ဟာ အာဖရိကမြောက်ပိုင်းမှ ထွက်ခွာလာပြီး မြေထဲပင်လယ်ကမ်းခြေနိုင်ငံအတွင်း ရောက်ရှိလာတဲ့ ခိုလှုံခွင့် တောင်းခံသူများ အနေနဲ့ ဥရောပသမဂ္ဂနိုင်ငံများအတွင်း ဆက်လက်ဝင်ရောက်ခွင့် မရှိအောင် တားဆီးဖို့ ရည်ရွယ်တယ်လို့ ပြောပါတယ်။

ဒီကိစ္စဟာ သမိုင်းဝင် အောင်မြင်မှုတစ်ခုဖြစ်ကြောင်း၊  အတောမသတ် တရားမဝင် ရောက်ရှိလာသူတွေကို ကိုင် တွယ်ရာမှာ အဖွဲ့အဝင်အဖြစ် လျှောက်ထားဆဲ တိုင်းပြည်က ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံကို ပထမဆုံး အကြိမ် ကူညီပေးခြင်း ဖြစ်နေတယ်လို့ အီတလီဝန်ကြီးချုပ်ရဲ့ လက်ထောက်တစ်ဦးက ဆိုပါတယ်။

အီတလီတရားရုံးများအနေနဲ့ ခိုလှုံခွင့်တောင်းခံမှုများ သို့မဟုတ် အခြားနိုင်ငံတစ်ခုခုက လက်ခံထားသူ လူအများအပေါ် ချုပ်နှောင်ထားခွင့် အမိန့်များကို မြန်မြန်ထက်ထက် လုပ်ဆောင်ရာမှာ အခက်တွေ့နိုင်တယ်လို့ ကျွမ်းကျင်သူများက သတိပေးပါတယ်။ ရှည်လျား ပေများတဲ့ လုပ်ထုံးလုပ်နည်တွေဟာ ရွှေ့ပြောင်းနေထိုင်သူများအတွက် တရားမျှတမှုကင်းပြီး ဝန်ထုပ်ဝန်ပိုးဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပေးပါတယ်။

အဲဒီလူတွေရဲ့ အခွင့်အရေးကို လေးစားလိုက်နာရမယ်ဆိုရင်တော့ ဒီ (အစီအစဉ်) ဟာ အလွန်ရှုပ်ထွေးပြီး မျှမျှတတ ကျိုးနွံတဲ့ ရလဒ်တွေထွက်လာဖို့ ဟန့် တားချက်များ ရှိနေကြောင်း၊ လုပ်ထုံးလုပ်နည်းများ ချောမွေ့ စေရန် ဆောင်ရွက်နိုင်သည့်တိုင် အီတလီရဲ့ ခိုလှုံခွင့်တောင်းခံမှုတွေဟာ ကြိုးနီစနစ်ဖြင့် ဖုံးလွှမ်းနေကြောင်း၊ ခိုလှုံခွင့် ပယ်ချခံရတဲ့ ရွှေ့ပြောင်းအခြေချသူများကို ပြန်လက်ခံဖို့ မူလနေရပ်နိုင်ငံများနဲ့ သဘောတူညီချက်များ မရှိခြင်းကြောင့် နေရပ်ပြန်ပို့ရန် အခက်အခဲရှိနိုင်ကြောင်း၊ မူလ နိုင်ငံတွေကလည်း သူတို့ကို ပြန်လည်ဒေါ်ယူဖို့ စိတ်အားထက်သန်မှု မရှိကြောင်း ကျွမ်းကျင်သူတစ်ဦးက ဝေဖန်ပါတယ်။ 

ယခုနှစ် အီတလီနိုင်ငံရဲ့ ကမ်းခြေများကို ပင်လယ်ခရီးဖြင့် ဝင်ရောက်လာသူ ၁၄၅,၀၀၀ ကျော်ရှိပြီး နေရပ်ပြန်ပို့နိုင်တဲ့ ရွှေ့ပြောင်းနေထိုင်သူ အရေအတွက်ဟာ လေးထောင်အောက်သာ ရှိကြောင်း၊ အယ်လ်ဘေးနီးယားနိုင်ငံက တိုက်ရိုက်နေရပ် ပြန်မပို့နိုင်တဲ့ ရွှေ့ပြောင်းအခြေချသူတွေဟာ  အီတလီကိုပဲ ရွှေ့ပြောင်း ပေးရမှာ ဖြစ်တယ်လို့ ထောက်ပြပါတယ်။

အဲဒီလို ရွှေ့ပြောင်းပေးရတာမျိုး ဖြစ်မလာဘူး လို့ မိမိတို့က ငြင်းပယ်နေခြင်း မဟုတ်ကြောင်း၊ အယ်လ်ဘေးနီးယားရဲ့ အစီအစဉ်ဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်ကို အပြည့်အဝ လေးစားလိုက်နပြီး အီတလီမှာ ခိုလှုံခွင့်ပေးရမယ့် တာဝန်များကို အယ်လ်ဘေးနီးယားထံ လွှဲပြောင်းပေးခြင်း မပြုသရွေ့ လက်ခံနိုင်ဖွယ်ရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ (UNHCR) အီတလီဋ္ဌာနခွဲ အကြီးအကဲက ပြောပါတယ်။

အီတလီရဲ့ အစီအစဉ်ဟာ ဥရောပကော်မရှင်ရဲ့ တရားဥပဒေများနဲ့ ကိုက်ညီခြင်း ရှိ-မရှိ ကောက်မရှင် ပြောရေဆိုခွင့်ရှိသူက မှတ်ချက်မပေးပါဘူး။ ဒါပေမယ့် အီတလီရဲ့ လုပ်ရပ်ဟာ သူ့နိုင်ငံတရားရုံးများက ခိုလှုံခွင့်ပေးထားတဲ့ ရွှေပြောင်း အခြေချသူ ထောင်ပေါင်းများစွာတို့ကို ရဝမ်ဒါနိုင်ငံထံ ပို့ပစ်မယ့် ဗြိတိန်ရဲ့ လုပ်ရပ်မျိုးနဲ့တော့ ကွဲပြားခြားနားပုံရတယ်လို့ ဆိုပါတယ်။

ရဝမ်ဒါလောက် မဆိုးတာက အယ်လ်ဘေးနီးယားရောက်ရှိနေသူများအပေါ် လူ့အခွင့်အရေးဆိုင်ရာ ဥရောပ ကွန်ဗင်းရှင်းက အကာအကွယ်ပေးထားတယ်လို့ ရောမမြို့ လု့စ်တက္ကသိုလ် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ ဥပဒေပညာရှင်တစ်ဦးက မှတ်ချက်ပေးပါတယ်။ 

ရွှေ့ပြောင်းအခြေချသူတွေကို အီတလီမြေပေါ်မှာ ခြေချခွင့် မပေးပဲ အယ်လ်ဘေးနီးယားကို တိုက်ရိုက်ခေါ် ဆောင်သွားမှာဖြစ်ပြီး ဗြိတိန်ရဲ့ အစီအစဉ်ကတော့ သူ့ပြည်တွင်းရောက်ရှိနေသူတွေကို အာဖရိက နိုင်ငံထံ ပို့ပစ်ခြင်းလောက်တော့ ကွာခြားတယ်လို့ ပြောပါတယ်။

အီတလီ အတိုက်အခံတွေကတော့ မီလိုနီအစိုးရဲ့ အစီအစဉ်ကို ကန့်ကွက်နေပါတယ်။ အကြမ်းဖက်သမားလို့ သံသယရှိသူများကို သူ့နိုင်ငံမြေပေါ်မှာ မထားပဲ ကျူးဘားကို ပို့ပစ်ပြီး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဂွမ်တာနာမို အကျဉ်းစခန်းမှာ ဥပဒေမဲ့ ချုပ်နှောင်ထားသလိုမျိုး ဥပဒေကို လက်တလုံးခြားလုပ်တဲ့ အပြုအမူပဲလို့ ရှုတ်ချနေကြပါတယ်။

(Reuters., 7 November 2023,” Italy's migrant deal with Albania faces rights hurdles and red tape” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လောက်ကိုင်မြို့မှာ စားနပ်ရိက္ခာအခက်အခဲနှင့်အတူ စစ်ပွဲများ ကူးစက်လာမည်ကို ဒေသခံများ စိုးရိမ်နေရ

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved