Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဖိလစ်ပိုင်မြို့တော်ဝန်တစ်ဦး နေအိမ်မှာ လုပ်ကြံသတ်ဖြတ်ခံရကြောင်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့ အတည်ပြု

ဂျန်ဇက် (NP News) - ‌မတ် ၄

ဖိလစ်ပိုင်မြို့တော်ဝန်တစ်ဦးဟာ ပန်ပလိုနာမြို့ရှိ ၎င်းရဲ့နေအိမ်မှာ အမည်မသိသေနတ်သမားတွေရဲ့လုပ် ကြံသတ်ဖြတ်ခံခဲ့ရကြောင်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့ကပြောပါတယ်။ 

Negros Oriental ဒေသမြို့တော်ဝန် ရိုလ် ဒီဂါမိုဟာ အိမ်မှာ သေနတ်သမားတွေရဲ့လုပ်ကြံခံရခြင်းဖြစ်ကြောင်း ပန်ပလိုနာမြို့ ရဲတပ်ဖွဲ့ အကြီးအကဲ ရဲမှူးကြီး Saturnino Sedigo ကပြောပါတယ်။ ပစ်ခတ်လုပ်ကြံမှုဟာ မတ်လ ၄ ရက်၊ နံနက် ၉နာရီခွဲမှာဖြစ်သွားခဲ့ခြင်းဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးမှုများဆက် လက်လုပ်ဆောင်နေကြောင်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ရဲမှူးကြီး Gerard Ace Pelare ကပြောပါတယ်။

၎င်းက "သေနတ်သမားအုပ်စုတွေဟာ ယူနီဖောင်းတွေဝတ်ဆင်ထားတယ်။ မြို့တော်ဝန်ကို ပစ်မှတ်ထားပြီး သေနတ်အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တယ်။ ပစ်ခတ်မှုဖြစ်ပွားချိန်မှာ မြို့တော်ဝန်ဟာ သူရဲ့အိမ်ဝင် ပေါက်နားမှာရှိနေခဲ့တယ်"လို့ပြောပါတယ်။

သေနတ်သမားတွေဟာ အိမ်ကိုရောက်လာပြီး မြို့တော်ဝန်အပြင် အခြားသူများကိုလည်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒဏ်ရာရသူတွေကို အနီးစပ်ဆုံးဆေးရုံကို ပို့ဆောင်ပေးခဲ့ကြောင်း ဖိလစ်ပိုင်ရဲမှူးကြီး Gerard Ace Pelare ကပြောပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ဒေသခံအုပ်ချုပ်ရေးအရာရှိများ၊ မြို့တော်ဝန်များကို သတ်ဖြတ်လုပ်ကြံမှုများမြင့်တက်နေရာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်ကလည်း Lanao del Sur ဒေသအုပ်ချုပ်ရေးမှူး Mamintal Alonto Adiong Jr လုပ်ကြံခံရပြီး ဒဏ်ရာရခဲ့ကြောင်းသိရပါတယ်။ 

ဒါ့ပြင် ဖေဖော်ဝါရီလ ၁၉ ရက်ကလည်း Aparri ဒေသ ဒုတိယမြို့တော်ဝန် နဲ့ အခြားလူ (၅)ဦးဟာလည်း  Bagabag ဒေသမှာ ချုံခိုတိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့ကြောင်းသိရပါတယ်။ ဖေဖော်ဝါရီလ  ၂၂ ရက်ကလည်း မြို့တော်ဝန်တစ်ဦးဖြစ်တဲ့ Ohto Montawa မှာ ချုံခိုတိုက်ခိုက်ခံရကာ ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ 

ဖိလစ်ပိုင်ရွေးကောက်ပွဲကော်မရှင်ဟာ ၂ဝ၂၂ ခုနှစ်တုန်းကကျင်းပခဲ့တဲ့ Negros Oriental ဒေသမြို့တော် ဝန်ရွေးကောက်ပွဲမှာ ရိုလ်ဒီဂါမိုကို အနိုင်ရကြောင်းဆုံးဖြတ်ခဲ့ပြီးနောက် သီတင်းပတ်နှစ်ပတ်အကြာမှာ လုပ်ကြံသတ်ဖြတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

zawgyi version

ဖိလစ္ပိုင္ၿမိဳ႕ေတာ္ဝန္တစ္ဦး ေနအိမ္မွာ လုပ္ႀကံသတ္ျဖတ္ခံရေၾကာင္း ဖိလစ္ပိုင္ရဲတပ္ဖြဲ႕ အတည္ျပဳ

ဂ်န္ဇက္ (NP News) - ‌မတ္ ၄

ဖိလစ္ပိုင္ၿမိဳ႕ေတာ္ဝန္တစ္ဦးဟာ ပန္ပလိုနာၿမိဳ႕ရွိ ၎ရဲ႕ေနအိမ္မွာ အမည္မသိေသနတ္သမားေတြရဲ႕လုပ္ ႀကံသတ္ျဖတ္ခံခဲ့ရေၾကာင္း ဖိလစ္ပိုင္ရဲတပ္ဖြဲ႕ကေျပာပါတယ္။ 

Negros Oriental ေဒသၿမိဳ႕ေတာ္ဝန္ ႐ိုလ္ ဒီဂါမိုဟာ အိမ္မွာ ေသနတ္သမားေတြရဲ႕လုပ္ႀကံခံရျခင္းျဖစ္ေၾကာင္း ပန္ပလိုနာၿမိဳ႕ ရဲတပ္ဖြဲ႕ အႀကီးအကဲ ရဲမႉးႀကီး Saturnino Sedigo ကေျပာပါတယ္။ ပစ္ခတ္လုပ္ႀကံမႈဟာ မတ္လ ၄ ရက္၊ နံနက္ ၉နာရီခြဲမွာျဖစ္သြားခဲ့ျခင္းျဖစ္ေၾကာင္း၊ စုံစမ္းစစ္ေဆးမႈမ်ားဆက္ လက္လုပ္ေဆာင္ေနေၾကာင္း ဖိလစ္ပိုင္ရဲတပ္ဖြဲ႕က ရဲမႉးႀကီး Gerard Ace Pelare ကေျပာပါတယ္။

၎က "ေသနတ္သမားအုပ္စုေတြဟာ ယူနီေဖာင္းေတြဝတ္ဆင္ထားတယ္။ ၿမိဳ႕ေတာ္ဝန္ကို ပစ္မွတ္ထားၿပီး ေသနတ္အခ်က္ေပါင္းမ်ားစြာ ပစ္ခတ္ခဲ့တယ္။ ပစ္ခတ္မႈျဖစ္ပြားခ်ိန္မွာ ၿမိဳ႕ေတာ္ဝန္ဟာ သူရဲ႕အိမ္ဝင္ ေပါက္နားမွာရွိေနခဲ့တယ္"လို႔ေျပာပါတယ္။

ေသနတ္သမားေတြဟာ အိမ္ကိုေရာက္လာၿပီး ၿမိဳ႕ေတာ္ဝန္အျပင္ အျခားသူမ်ားကိုလည္း ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ ဒဏ္ရာရသူေတြကို အနီးစပ္ဆုံးေဆး႐ုံကို ပို႔ေဆာင္ေပးခဲ့ေၾကာင္း ဖိလစ္ပိုင္ရဲမႉးႀကီး Gerard Ace Pelare ကေျပာပါတယ္။ ဖိလစ္ပိုင္ႏိုင္ငံမွာ ေဒသခံအုပ္ခ်ဳပ္ေရးအရာရွိမ်ား၊ ၿမိဳ႕ေတာ္ဝန္မ်ားကို သတ္ျဖတ္လုပ္ႀကံမႈမ်ားျမင့္တက္ေနရာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၁၇ ရက္ကလည္း Lanao del Sur ေဒသအုပ္ခ်ဳပ္ေရးမႉး Mamintal Alonto Adiong Jr လုပ္ႀကံခံရၿပီး ဒဏ္ရာရခဲ့ေၾကာင္းသိရပါတယ္။ 

ဒါျပင္ ေဖေဖာ္ဝါရီလ ၁၉ ရက္ကလည္း Aparri ေဒသ ဒုတိယၿမိဳ႕ေတာ္ဝန္ နဲ႔ အျခားလူ (၅)ဦးဟာလည္း  Bagabag ေဒသမွာ ခ်ဳံခိုတိုက္ခိုက္ခံရၿပီး ေသဆုံးသြားခဲ့ေၾကာင္းသိရပါတယ္။ ေဖေဖာ္ဝါရီလ  ၂၂ ရက္ကလည္း ၿမိဳ႕ေတာ္ဝန္တစ္ဦးျဖစ္တဲ့ Ohto Montawa မွာ ခ်ဳံခိုတိုက္ခိုက္ခံရကာ ဒဏ္ရာရခဲ့ေၾကာင္း သိရပါတယ္။ 

ဖိလစ္ပိုင္ေ႐ြးေကာက္ပြဲေကာ္မရွင္ဟာ ၂ဝ၂၂ ခုႏွစ္တုန္းကက်င္းပခဲ့တဲ့ Negros Oriental ေဒသၿမိဳ႕ေတာ္ ဝန္ေ႐ြးေကာက္ပြဲမွာ ႐ိုလ္ဒီဂါမိုကို အႏိုင္ရေၾကာင္းဆုံးျဖတ္ခဲ့ၿပီးေနာက္ သီတင္းပတ္ႏွစ္ပတ္အၾကာမွာ လုပ္ႀကံသတ္ျဖတ္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးမူဝါဒများကို NLD ပါတီနှင့်ခေါင်းဆောင်များက လက်ရှိအချိန်ထိ ကိုင်စွဲထားဟု ဗဟိုကော်မတီဝင် ဦးတိုးလွင်ပြော

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved