အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Nov- 7 / 11:00 AM)
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၇
အစ္စရေးစစ်တပ်ဟာ အနောက်ဘက်ကမ်းခြေကို စီးနင်းချိန်အတွင်း ပါလက်စတိုင်းအရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ လူသိများထင်ရှားသူတစ်ဦးဖြစ်သူ Ahed Tamimi ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရပါတယ်။
အသက် ၂၂ နှစ်အရွယ်ရှိ Ahed Tamimi ဆိုသူကို အကြမ်းဖက်လှုပ်ရှားမှုတွေမှာ ပါဝင်ဆက်နွယ်မှုကြောင့် ဖမ်းဆီးခဲ့ တာမျိုးဖြစ်ကြောင်း ဆိုပါတယ်။ ကုလသမဂ္ဂလူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့အပြင် အခြားနိုင်ငံ တကာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့တွေကဂါဇာဒေသမှာစစ်ဖြစ်နေတဲ့ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ကို အပစ်ခတ်ချက်ချင်းရပ်စဲဖို့ တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရပါတယ်။
ကုလသမဂ္ဂလူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးအဖွဲ့အကြီးအကဲ မာတင်ဂရစ်ချ်က လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးနိုင်ဖို့ ဂါဇာဒေသမှာဖြစ်ပွားနေတဲ့စစ်ပွဲကို ယာယီရပ်နားထားစေလိုကြောင်း၊ ရက်ပေါင်း ၃ဝ ကြာ အပစ်ခတ်ရပ်စဲထားမယ်ဆိုရင် ပါလက်စတိုင်းပြည်သူတွေကို အကူအညီပေးဖို့ လုံလောက်ကြောင်း ဆိုပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလီကန်ဟာ ဂါဇာဒေသစစ်ပွဲနဲ့ပတ်သက်ပြီး စစ်ပွဲတွေ ပိုမိုမကျယ်ပြန့် စေဖို့ အီရတ်နိုင်ငံကို ထပ်မံသွားရောက်ခဲ့ကြောင်း သိရပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အစ္စရေးနိုင်ငံကိုသွားရောက်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ဂျော်ဒန်နိုင်ငံကို ထပ်မံသွားရောက်ကာ အာရပ်နိုင်ငံတွေရဲ့နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဂျော်ဒန်ဘုရင်ဟာ ဂါဇာဒေသမှာ လိုအပ်လျက်ရှိနေတဲ့ဆေးဝါးပစ္စည်းများကို လေယာဉ်တွေပေါ်ကနေ ပစ်ချကူညီ ပေးသွားမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဂျော်ဒန်ဘုရင် King Abdullah II က ဝန်းရံပိတ်ဆို့ခံထားရတဲ့ ဂါဇာကမ်းမြောင်ဒေသရှိ ဆေးရုံတွေနားကို လိုအပ်တဲ့ဆေးဝါးပစ္စည်းတွေ လေကြောင်းကနေ ပစ်ချပေးသွားမှာဖြစ် ကြောင်း ပြောပါတယ်။
အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသကို အစားစာ၊ ရေ၊ မီး နဲ့ အခြားလိုအပ်တဲ့ပစ္စည်းတွေ ပေးပို့ကူညီလို့မရအောင် ဝန်းရံပိတ်ဆို့ထားရာ နိုင်ငံတကာအဖွဲ့အစည်းတွေက လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးခွင့်ရဖို့ တောင်းဆိုနေဆဲဖြစ်ပါတယ်။
ဂါဇာဒေသကို ပစ်ခတ်တိုက်ခိုက်မှုနေတဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကိုရပ်ဆဲဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့တောင်းဆိုချက်တွေကို မသိကျိုးကျွံပြုကာ အစ္စရေးနိုင်ငံဟာ ဂါဒေသကို ဗုံးကြဲတိုက်ခိုက်မှုတွေ၊ မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ဆောင်လျက်ရှိနေကြောင်း သိရပါတယ်။ အစ္စရေးရဲ့တိုက်ခိုက်မှုတွေက ငလျင်လှုပ်သလိုမျိုးဖြစ်ခဲ့ရကြောင်း ဂါဇာဒေသခံတစ်ဦးက ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြီးခဲ့သည့် (၂)နှစ်တွင် နိုင်ငံ့ GDP အား အပေါင်း (၃)ရာခိုင်နှုန်းအထက်ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ဟု နစက ဥက္ကဋ္ဌဆို
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း