တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ နှင်းမုန်တိုင်းတွေ တိုက်ခတ်မှုကြောင့် လေယာဉ်ခရီးစဉ်တွေ ရွှေ့ဆိုင်းကာ စာသင်ကျောင်းတွေ ပိတ်ခဲ့ရ
ရောင်နီ (NSS) - နိုဝင်ဘာ ၇
တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ တနင်္လာနေ့ (နိုဝင်ဘာ ၆ ရက်) က ရာသီဥတုအအေးဓာတ် ပိုလာပြီး နှင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရာနဲ့ချီတဲ့ လေယာဉ်ခရီးစဉ်တွေ ရွှေ့ဆိုင်းခဲ့ရပြီး စာသင်ကျောင်းတွေ ပိတ်ခဲ့ရပါတယ်။
အရှေ့မြောက်ပိုင်း မြို့တော်တော်များများမှာ မိုးလေဝသသတိပေးချက် ထုတ်ပြန်ထားပြီး လူတွေကို အိမ်ထဲမှာပဲ နေကြဖို့ သတိပေးထားပါတယ်။ နိုင်ငံရဲ့ မြောက်ဖျားဆုံးပြည်နယ် ဟိုင်လွန်ဂျန်မြို့တော်ရှိ Harbin Taiping အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လေယာဉ်ခရီးစဉ် ၄ဝ၅ ခုကို နံနက် ၁ဝ နာရီ ၃ဝ မိနစ်မှာ ဖျက်သိမ်းခဲ့ရတယ်လို့ ပြင်ပခရီးသွားအက်ပ် Flight Master မှ အချက်အလက်များအရ သိရပါတယ်။
နှင်းကျပြီး အေးခဲနေတဲ့အပူချိန်ကြောင့် ဟာဘင်မြို့ နေရာအများစုမှာ မူလတန်း၊ အလယ်တန်းကျောင်းများ၊ သူငယ်တန်းမျာနဲ့ ကျောင်းဝင်းပြင်ပရှိ လေ့ကျင့်ရေးအဖွဲ့အစည်းများကို ခဏပိတ်ထားတယ်လို့ အစိုးရ တရားဝင် WeChat အကောင့်အရ သိရပါတယ်။ ဂျီလင် နဲ့ လီယိုနင် ပြည်နယ်တွေရှိ လေယာဉ်ခရီးစဉ်များစွာကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။
နှင်းမုန်တိုင်းတွေနဲ့အတူ လာမယ့်ရက်တွေအတွင်း အပူချိန် သိသိသာသာကျဆင်းသွားနိုင်တယ်လို့ တရုတ်နိုင်ငံ မိုးလေဝသအာဏာပိုင်တွေက သတိပေးထားပါတယ်။ မွန်ဂိုလီးယားပြည်နယ်၊ ဟေဘီ၊ ဂျီလင် နဲ့ လီယိုနင်း ပြည်နယ်တွေမှာ နှင်းတွေ ထူထပ်စွာကျဆင်းမှုကြောင့် ရာသီဥတုတုံ့ပြန်မှုပရိုတိုကောတွေကို အဆင့်မြှင့်တင်ထား တယ်လို့ China Daily က ဖော်ပြပါတယ်။
တနင်္လာနေ့ ညနေပိုင်းအထိ နှင်းမုန်တိုင်း ၂ဝ မီလီမီတာမှ ၄ဝ မီလီမီတာအထိ ရွာသွန်းနိုင်တဲ့အတွက် ဟိုင်လွန်ဂျန် မြို့မှာ အနီရောင်သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တတိယအကြိမ် အခမဲ့သီတဂူစက္ခုဒါနအလှူတော် ယနေ့စတင် (PHOTO News)
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း