အိန္ဒိယစစ်တပ် နဲ့ မြန်မာစစ်တပ်ကြား လာမယ့် ဒီဇင်ဘာလအတွင်း ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်ဖွယ်ရှိနေ
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၅
မြန်မာနိုင်ငံဟာ အမေရိကန် အပါအဝင် အနောက်အုပ်စုနိုင်ငံတွေက ပစ်မှတ်ထားပိတ်ဆို့မှု ချမှတ်ခံထားရပေမယ့် တရုတ်၊ အိန္ဒိယတို့အပါအဝင် အိမ်နီးချင်းနိုင်ငံများနဲ့ ဆက်ဆံရေးကောင်းမွန်လျက်ရှိနေရာ လာမယ့် ဒီဇင်ဘာလမှာ အိန္ဒိယစစ်တပ်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်ဖွယ်ရှိနေကြောင်း သိရပါတယ်။
အိန္ဒိယစစ်တပ်တာဝန်ရှိသူတစ်ဦးက ၎င်းတို့ဟာ အမေရိကန်၊ မြန်မာနိုင်ငံတို့နဲ့ နိုဝင်ဘာလ၊ ဒီဇင်ဘာလတွေမှာ ပူးတွဲစစ်ရေးလေ့ကျင့်ခန်း လုပ်ဆောင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။
အိန္ဒိယစစ်တပ်ဟာ မြန်မာ၊ အမေရိကန်တို့ နဲ့ ပြုလုပ်မယ့် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများကို Meghalaya ပြည်နယ် Umroi စစ်စခန်းမှာ ပြုလုပ်သွားဖွယ်ရှိနေကြောင်း သိရပါတယ်။
အိန္ဒိယစစ်တပ်ဟာ နိုင်ငံပေါင်း ၂၂ နိုင်ငံ နဲ့ မတူညီတဲ့နေရာတွေမှာ ပူးတွဲစစ်ရေးလေ့ကျင့်ခန်း ၃၆ ခု လုပ်ဆောင်ဖို့ စေ့စပ်ဆွေးနွေးနေကြောင်း အိန္ဒိယစစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး Mahendra Rawat က ထုတ်ဖော်ပြောဆိုထားပါတယ်။
အိန္ဒိယနိုင်ငံ Umroi စစ်အခြေစိုက်စခန်းမှာ မြန်မာ၊ ထိုင်း၊ တရုတ်၊ ကာဇက်စတန် နဲ့ မလေးရှားနိုင်ငံတို့က စစ်သားများဟာ အိန္ဒိယစစ်သားတွေနဲ့ ပူးပေါင်းပြီး ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများယခင်က လုပ်ဆောင်ခဲ့ဖူးကြောင်း သိရပါတယ်။ အမေရိကန်စစ်သားများတွေဟာ အိန္ဒိယစစ်သားတွေနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းပြုလုပ်ဖို့ နိုဝင်ဘာလအတွင်း လာရောက်ဖွယ်ရှိနေတယ်လို့ အိန္ဒိယစစ်ဘက်က ဆိုပါတယ်။
ဒါ့အပြင် မြန်မာစစ်သားတွေဟာလည်း Umroi စစ်အခြေစိုက်စခန်းမှာ အိန္ဒိယစစ်သားတွေနဲ့ ဒုတိယအကြိမ်မြောက် စစ်ရေးလေ့ကျင့်ခန်း ပူးတွဲလုပ်ဆောင်ဖို့ ဒီဇင်ဘာလအတွင်း ရောက်ရှိဖွယ်ရှိနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာဒေသကိုတိုက်ခိုက်မှုများကို ရပ်နားထားရန် အာရပ်နိုင်ငံများ၏ တောင်းဆိုချက်ကို အမေရိကန်အစိုးရ ငြင်းဆန်ပယ်ချ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ