ရေအောက် ရေငုပ်သင်္ဘာကနေ နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်ကိုအောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း ရုရှားစစ်ဘက်ပြော
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၅
ရုရှားနျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘာအသစ်ဖြစ်တဲ့ Imperator Alexander III ဟာ ပင်လယ်ဖြူဒေသမှာ နျူကလီးယားထိပ်ဖူးတင်ဆောင်ပစ်လွှတ်နိုင်စွမ်းရှိတဲ့ Bulava အမည်ရှိ ပဲ့ထိန်းဒုံးကျည်ကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ကြောင်း သိရပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက "ပဲ့ထိန်းဒုံးကျည်နဲ့ပတ်သက်ပြီး နောက်ဆုံးအဆင့် စမ်းသပ်မှုတွေကို လုပ်ဆောင်ခဲ့တယ်။ အဲဒီပဲ့ထိန်းဒုံးကျည်ကို ရုရှားရေတပ်တပ်ဖွဲ့ထံ လွှဲပြောင်းပေးမှာပါ" လို့ ပြောပါတယ်။
ရုရှားသမ္မတပူတင်ဟာ လုံခြုံရေးခြိမ်းခြောက်မှုများ မြင့်တက်လာချိန်မှာ ထိပ်တိုက်တွေ့ဆုံမယ့်သူတွေကို ကြိုတင် ဟန့်တားနိုင်ဖို့ နျူကလီးယားလက်နက်များ တွန်းအားပေးလုပ်ဆောင်ဖို့ အမိန့်ပေးခဲ့ကြောင်း သိရပါတယ်။
ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေနဲ့ ရုရှားနိုင်ငံကြား တင်းမာမှုအရှိန် မြင့်တက်လာနေချိန်မှာ ရုရှားဟာ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တွေ၊ စမ်းသပ်လုပ်ဆောင်လာခဲ့ကြောင်း သိရပါတယ်။
ရုရှားရေတပ်ဟာ Bulava အမည်ရှိ ပဲ့ထိန်းဒုံးကျည်ကို ရုရှားကမ်းလွန်ရှိ ပင်လယ်ဖြူ ရှိရေအောက်မှာ စမ်းသပ်ခဲ့တာ ဖြစ်ပြီး အဲဒီ ဒုံးကျည်ဟာ ကီလိုမီတာ ထောင်နဲ့ချီ အကွာအဝေးကပစ်မှတ်ကို ထိမှန်အောင်ပစ်ခတ်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။
ရုရှားသမ္မတပူတင်ဟာ ဒီဇင်ဘာလအတွင်းကျင်းပမယ့် Imperator Alexander III အမည်ရှိ ရေငုပ်သင်္ဘာအသစ် ရဲ့ တပ်တော်ဝင်ပွဲကို ကိုယ်တိုင်တက်ရောက်သွားဖွယ်ရှိနေကြောင်း သိရပါတယ်။ Bulava အမည်ရှိ ပဲ့ထိန်း ဒုံးကျည်ဟာ အရှည် ၄ဝ ပေရှိပြီး နျူကလီးယားထိပ်ဖူးခြောက်ခု တပ်ဆင်နိုင်ကာ မိုင်ပေါင်း ၅ဝဝဝ ကျော်ကို ပျံသန်း နိုင်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘီးလင်းမြို့နယ်၌ အမျိုးသားတစ်ဦး ကားပေါ်မှ ပြုတ်ကျသေဆုံး
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ