လမ်းမတော်မြို့နယ်၌ (၁)နာရီနီးပါးကြာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်နှင့်ဆိုင်ခန်း(၅)လုံးထက်မနည်း မီးလောင်ပျက်စီး
Pearl (NP News) - မတ် ၂
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်တွင် မီးလောင်မှုကြောင့် နေအိမ်နှင့်ဆိုင်ခန်းများ (၅)လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယနေ့ (မတ်လ ၂ ရက်)၊ နံနက် (၄)နာရီခွဲအချိန်ခန့်တွင် ၊ လမ်းမတော်မြို့နယ်၊ အမှတ်(၈) ရပ် ကွက်၊ သခင်မြပန်းခြံအနီး၊ အောင်ရတနာလမ်းတွင် ဖြစ်ပွားခဲ့ကြောင်း ရွှေရောင်သမိုင်း အရေးပေါ်ကယ် ဆယ်ရေးအသင်းမှ သိရသည်။
"သခင်မြပန်းခြံအနီးမှာဖြစ်တာပါ။ အဲဒီနားမှာ နေအိမ်နဲ့ဆိုင်ခန်းတွေ ရှိတယ်လေ။ ပျက်စီးဆုံးရှုံးတာကတော့ နေအိမ်နဲ့ ဆိုင်ခန်း စုစုပေါင်း (၅)လုံးနဲ့အထက်ရှိပါတယ်။ ဘယ်ကနေ ဘယ်လို မီးစလောင်လဲဆိုတာတော့ မီးသတ်တပ်ဖွဲ့က ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်" ဟု ရွှေရောင်သမိုင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက NP News ကို အတည်ပြုပြောကြားခဲ့သည်။
မီးလောင်မှုကြောင့် သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ မရှိခဲ့သော်လည်း နေအိမ်နှင့် ဆိုင်ခန်း(၅)လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုအား Level 2 အဆင့်သတ်မှတ်ကာ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များသွားရောက် မီးငြှိမ်းသတ်ခဲ့ပြီး မိနစ် (၅ဝ)ခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။
zawgyi version
လမ္းမေတာ္ၿမိဳ႕နယ္၌ (၁)နာရီနီးပါးၾကာ မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး ေနအိမ္ႏွင့္ဆိုင္ခန္း(၅)လုံးထက္မနည္း မီးေလာင္ပ်က္စီး
Pearl (NP News) - မတ္ ၂
ရန္ကုန္တိုင္း၊ လမ္းမေတာ္ၿမိဳ႕နယ္တြင္ မီးေလာင္မႈေၾကာင့္ ေနအိမ္ႏွင့္ဆိုင္ခန္းမ်ား (၅)လုံးထက္မနည္း မီးေလာင္ပ်က္စီးခဲ့ေၾကာင္း သတင္းရရွိသည္။
ျဖစ္စဥ္မွာ ယေန႔ (မတ္လ ၂ ရက္)၊ နံနက္ (၄)နာရီခြဲအခ်ိန္ခန႔္တြင္ ၊ လမ္းမေတာ္ၿမိဳ႕နယ္၊ အမွတ္(၈) ရပ္ ကြက္၊ သခင္ျမပန္းၿခံအနီး၊ ေအာင္ရတနာလမ္းတြင္ ျဖစ္ပြားခဲ့ေၾကာင္း ေ႐ႊေရာင္သမိုင္း အေရးေပၚကယ္ ဆယ္ေရးအသင္းမွ သိရသည္။
"သခင္ျမပန္းၿခံအနီးမွာျဖစ္တာပါ။ အဲဒီနားမွာ ေနအိမ္နဲ႔ဆိုင္ခန္းေတြ ရွိတယ္ေလ။ ပ်က္စီးဆုံးရႈံးတာကေတာ့ ေနအိမ္နဲ႔ ဆိုင္ခန္း စုစုေပါင္း (၅)လုံးနဲ႔အထက္ရွိပါတယ္။ ဘယ္ကေန ဘယ္လို မီးစေလာင္လဲဆိုတာေတာ့ မီးသတ္တပ္ဖြဲ႕က ဆက္လက္စုံစမ္းေနတယ္လို႔ သိရပါတယ္" ဟု ေ႐ႊေရာင္သမိုင္း အေရးေပၚကယ္ဆယ္ေရးအဖြဲ႕၏ တာဝန္ရွိသူတစ္ဦးက NP News ကို အတည္ျပဳေျပာၾကားခဲ့သည္။
မီးေလာင္မႈေၾကာင့္ ေသဆုံးမႈႏွင့္ ထိခိုက္ဒဏ္ရာရရွိခဲ့သူ မရွိခဲ့ေသာ္လည္း ေနအိမ္ႏွင့္ ဆိုင္ခန္း(၅)လုံးထက္မနည္း မီးေလာင္ပ်က္စီးခဲ့ေၾကာင္း သိရသည္။
အဆိုပါ မီးေလာင္မႈအား Level 2 အဆင့္သတ္မွတ္ကာ ေက်ာက္တံတားၿမိဳ႕နယ္မီးသတ္စခန္းမွ မီးသတ္ယာဥ္မ်ားသြားေရာက္ မီးျငႇိမ္းသတ္ခဲ့ၿပီး မိနစ္ (၅ဝ)ခန႔္ ၾကာျမင့္ခဲ့ေၾကာင္း သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တစ်ဧကလျှင် စပါးတင်း(၁ဝဝ)ကျော်ထွက်ရှိသည့် စပါးစိုက်ဧက(၁၆ဝဝ)ကို တိုင်းနှင့်ပြည်နယ်(၁၂)ခု၌ ဆောင်ရွက်ထားဟုဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း