Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တစ်ဧကလျှင် စပါးတင်း(၁ဝဝ)ကျော်ထွက်ရှိသည့် စပါးစိုက်ဧက(၁၆ဝဝ)ကို တိုင်းနှင့်ပြည်နယ်(၁၂)ခု၌ ဆောင်ရွက်ထားဟုဆို

ရဲပြည့် (NP News) - မတ် ၂ 

စပါးအထွက်နှုန်းများကို တစ်ဧကချင်းအလိုက် အထွက်နှုန်းတိုးအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး တစ်ဧကလျှင် စပါးတင်း(၁ဝဝ)ကျော်ထွက်ရှိသည့် စပါးစိုက်ဧက(၁၆ဝဝ)ကို တိုင်းနှင့်ပြည်နယ်(၁၂)ခု၌ ဆောင်ရွက်ထားကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောသည်။

နစကဥက္ကဋ္ဌက ယနေ့ (မတ်လ ၂ရက်)တွင်ကျရောက်သည့် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ 

"သီးနှံတစ်ဧကအထွက်နှုန်းတိုးတက်ရေးဆောင်ရွက်ရာမှာ အဓိက အချက်တွေဖြစ်တဲ့ မျိုးကောင်းမျိုးသန့်ရရှိရေး၊ သွင်းအားစုများ ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိရေးအတွက် အစိုးရ၊ ပုဂ္ဂလိက စီးပွားရေးလုပ် ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့် တောင်သူလယ်သမားများ အားလုံး‌ပူးပေါင်းဆောင်ရွက်သွားကြရမှာဖြစ် ပါတယ်"ဟု နစက ဥက္ကဋ္ဌက ပြောသည်။

စပါးအထွက်နှုန်းတိုးတက်ရန် ၂ဝ၂၂-၂ဝ၂၃ ခုနှစ်တွင် သိပ္ပံနည်းကျစိုက်နည်းစနစ်ဖြင့် တစ်ကွင်းတစ် စပ်တည်း မိုးစပါးဧက(၁ဝဝ)စံပြကွက်များ စိုက်ပျိုးခြင်းစီမံကိန်းကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ထို့ကြောင့် တိုင်းနှင့်ပြည်နယ်(၁၂)ခုဖြစ်သည့် နေပြည်တော်၊ ကချင်၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီတိုင်းတို့ရှိ မြို့နယ်(၁၅)မြို့နယ်တွင် ဧက(၁၆ဝဝ) စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကလျှင် ပျမ်းမျှ (၁၁၅ ဒသမ ၇၆)တင်းထွက်ရှိအောင်ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။

စပါးထွက်ရှိနှုန်းတိုးတက်လာမည်ဆိုပါက ပြည်တွင်းဆန်ဖူလုံမှုလုံလောက်သည့်အပြင် ပြည်ပသို့ တင်ပို့ရောင်းချနိုင်၍ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကာ နိုင်ငံတော်အတွက်လည်း အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်းလည်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

အလားတူ ၂ဝ၂၂-၂ဝ၂၃ ခုနှစ်၌ နွေစပါးသီးနှံဧက(၈)သိန်းခွဲကျော်နှင့် ပဲတီစိမ်းသီးနှံဧက(၅)သိန်း စိုက်ပျိုးထုတ်လုပ်ခြင်းအတွက် ငွေကျပ်ဘီလျံ(၂၃ဝ)အား နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေမှ သုံးစွဲဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ရေးဆွဲအကောင်အထည်ဖော်လျက်ရှိသော အမျိုးသားပို့ကုန်မဟာဗျူဟာရည်မှန်းချက်၏ ဦးစားပေးပို့ကုန်အမယ်များတွင်လည်း ဆန်နှင့်ဆန်ထွက်ပစ္စည်းကဏ္ဍသည် ဦးစားပေးကဏ္ဍတစ်ရပ်ဖြစ်ကြောင်း သိရသည်။

zawgyi version

တစ္ဧကလွ်င္ စပါးတင္း(၁ဝဝ)ေက်ာ္ထြက္ရွိသည့္ စပါးစိုက္ဧက(၁၆ဝဝ)ကို တိုင္းႏွင့္ျပည္နယ္(၁၂)ခု၌ ေဆာင္႐ြက္ထားဟုဆို

ရဲျပည့္ (NP News) - မတ္ ၂ 

စပါးအထြက္ႏႈန္းမ်ားကို တစ္ဧကခ်င္းအလိုက္ အထြက္ႏႈန္းတိုးေအာင္ ေဆာင္႐ြက္ရမည္ျဖစ္ၿပီး တစ္ဧကလွ်င္ စပါးတင္း(၁ဝဝ)ေက်ာ္ထြက္ရွိသည့္ စပါးစိုက္ဧက(၁၆ဝဝ)ကို တိုင္းႏွင့္ျပည္နယ္(၁၂)ခု၌ ေဆာင္႐ြက္ထားေၾကာင္း နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကေျပာသည္။

နစကဥကၠ႒က ယေန႔ (မတ္လ ၂ရက္)တြင္က်ေရာက္သည့္ ေတာင္သူလယ္သမားေန႔ အခမ္းအနားသို႔ ေပးပို႔သည့္သဝဏ္လႊာတြင္ ယင္းကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။ 

"သီးႏွံတစ္ဧကအထြက္ႏႈန္းတိုးတက္ေရးေဆာင္႐ြက္ရာမွာ အဓိက အခ်က္ေတြျဖစ္တဲ့ မ်ိဳးေကာင္းမ်ိဳးသန႔္ရရွိေရး၊ သြင္းအားစုမ်ား ေဈးႏႈန္းသက္သာစြာ ဝယ္ယူရရွိေရးအတြက္ အစိုးရ၊ ပုဂၢလိက စီးပြားေရးလုပ္ ငန္းရွင္မ်ား၊ အသင္းအဖြဲ႕မ်ားႏွင့္ ေတာင္သူလယ္သမားမ်ား အားလုံး‌ပူးေပါင္းေဆာင္႐ြက္သြားၾကရမွာျဖစ္ ပါတယ္"ဟု နစက ဥကၠ႒က ေျပာသည္။

စပါးအထြက္ႏႈန္းတိုးတက္ရန္ ၂ဝ၂၂-၂ဝ၂၃ ခုႏွစ္တြင္ သိပၸံနည္းက်စိုက္နည္းစနစ္ျဖင့္ တစ္ကြင္းတစ္ စပ္တည္း မိုးစပါးဧက(၁ဝဝ)စံျပကြက္မ်ား စိုက္ပ်ိဳးျခင္းစီမံကိန္းကို ေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။

ထို႔ေၾကာင့္ တိုင္းႏွင့္ျပည္နယ္(၁၂)ခုျဖစ္သည့္ ေနျပည္ေတာ္၊ ကခ်င္၊ ကရင္၊ မြန္၊ ရခိုင္၊ ရွမ္းျပည္နယ္၊ စစ္ကိုင္း၊ ပဲခူး၊ မေကြး၊ မႏၲေလး၊ ရန္ကုန္၊ ဧရာဝတီတိုင္းတို႔ရွိ ၿမိဳ႕နယ္(၁၅)ၿမိဳ႕နယ္တြင္ ဧက(၁၆ဝဝ) စိုက္ပ်ိဳးႏိုင္ခဲ့ၿပီး တစ္ဧကလွ်င္ ပ်မ္းမွ် (၁၁၅ ဒသမ ၇၆)တင္းထြက္ရွိေအာင္ေဆာင္႐ြက္ႏိုင္ခဲ့ေၾကာင္းသိရသည္။

စပါးထြက္ရွိႏႈန္းတိုးတက္လာမည္ဆိုပါက ျပည္တြင္းဆန္ဖူလုံမႈလုံေလာက္သည့္အျပင္ ျပည္ပသို႔ တင္ပို႔ေရာင္းခ်ႏိုင္၍ ေတာင္သူလယ္သမားမ်ား၏ လူမႈစီးပြားဘဝ ဖြံ႕ၿဖိဳးတိုးတက္ေစမည္ျဖစ္ကာ ႏိုင္ငံေတာ္အတြက္လည္း အက်ိဳးျဖစ္ထြန္းမည္ျဖစ္ေၾကာင္းလည္း နစက ဥကၠ႒က ေျပာၾကားခဲ့သည္။

အလားတူ ၂ဝ၂၂-၂ဝ၂၃ ခုႏွစ္၌ ေႏြစပါးသီးႏွံဧက(၈)သိန္းခြဲေက်ာ္ႏွင့္ ပဲတီစိမ္းသီးႏွံဧက(၅)သိန္း စိုက္ပ်ိဳးထုတ္လုပ္ျခင္းအတြက္ ေငြက်ပ္ဘီလ်ံ(၂၃ဝ)အား ႏိုင္ငံ့စီးပြားျမင့္တင္ေရးရန္ပုံေငြမွ သုံးစြဲေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရသည္။

ျပည္ပပို႔ကုန္တိုးျမႇင့္တင္ပို႔ႏိုင္ေရးအတြက္ ေရးဆြဲအေကာင္အထည္ေဖာ္လ်က္ရွိေသာ အမ်ိဳးသားပို႔ကုန္မဟာဗ်ဴဟာရည္မွန္းခ်က္၏ ဦးစားေပးပို႔ကုန္အမယ္မ်ားတြင္လည္း ဆန္ႏွင့္ဆန္ထြက္ပစၥည္းက႑သည္ ဦးစားေပးက႑တစ္ရပ္ျဖစ္ေၾကာင္း သိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမြန်လမ်းတွင် ဒို့ညီနောင်ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ လူ(၃)ဦးသေဆုံးခဲ့ပြီး (၂၅)ဦးထိခိုက်ဒဏ်ရာရ

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved