နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးထိန်းသိမ်းမှု အပါအဝင် မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ကူညီထောက်ပံ့ပေးမယ်လို့ တရုတ်ဗဟိုစစ်ကော်မရှင်ဒုတိယဥက္ကဋ္ဌ ကတိပြု
ဂျန်ဇက် (NSS) - အောက်တိုဘာ ၃၁
တရုတ် နဲ့ မြန်မာနယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနဲ့ ဥပဒေစိုးမိုးမှုတွေကို ထိန်းသိမ်းရေး အပါအဝင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုကူညီထောက်ပံ့ပေးသွားမယ်လို့ တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌဖြစ်သူ Zhang Youxia က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
တရုတ်ဗဟိုစစ်ကော်မရှင်ဒုတိယဥက္ကဋ္ဌဖြစ်သူဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာကာကွယ်ရေးဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်ကြီးတင်အောင်စန်းနဲ့တွေ့ဆုံဆွေးနွေးချိန်အတွင်း အခုလိုမျိုးပြောဆိုခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဗိုလ်ချုပ်ကြီးတင်အောင်စန်းဟာ တရုတ်နိုင်ငံမှာ အောက်တိုဘာ ၂၉ ရက်ကနေ ၃၁ ရက်အထိ ကျင်းပမယ့် Xiangshan Forum security conference ဖိုရမ်ကို တက်ရောက်ချိန်အတွင်း တရုတ်ဗဟိုစစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌဖြစ်သူနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
တရုတ်ဗဟိုစစ်ကော်မရှင်ဒုတိယဥက္ကဋ္ဌ နဲ့ မြန်မာကာကွယ်ရေးဝန်ကြီးတို့တွေ့ဆုံဆွေးနွေးချိန်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေးပိုမိုကောင်းမွန်စေဖို့၊ နယ်စပ်ဒေသမှာ နှစ်နိုင်ငံတပ်မတော်ကြား အပြန်အလှန်ယုံကြည်မှု နဲ့ အပြန်အလှန်ဆက်ဆံရေး ပိုမိုကောင်းမွန်စေရေးတို့အတွက် အဓိကထားဆွေးနွေးခဲ့ကြောင်း တရုတ်နိုင်ငံအခြေစိုက် CCTV ရုပ်သံသတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာကာကွယ်ရေးဝန်ကြီးနဲ့ တရုတ်ဗဟိုစစ်ကော်မရှင်တို့တွေ့ဆုံဆွေးနွေးချိန်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေခဲ့ကြောင်းသိရပါတယ်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဖြစ်တဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA ၊ တအောင်းလက်နက်ကိုင်အဖွဲ့TNLA နဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)တို့ဟာ မြန်မာအစိုးရစစ်ခန်းတွေကို တိုက်ခိုက်နေခဲ့ကြောင်း သိရပါတယ်။ မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်သုံးဖွဲ့ နဲ့ မြန်မာတပ်မတော်ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နေထိုင်နေသူထောင်ချီဟာ နေရပ်စွန့်ခွာ ထွက်ပြေးရမှုတွေရှိနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံတွင် မြန်မာအမျိုးသမီးတစ်ဦး လုပ်ငန်းခွင်အတွင်း မတော်တဆမှုကြောင့် ဘတ် (၃)သိန်းနီးပါး နစ်နာကြေးရရှိ
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း