စင်ကာပူမှာ ကားအင်ဂျင်ထဲ ဝင်ခွေနေတဲ့ အရှည် ၂ မီတာရှိ စပါးအုံးမြွေကြီးကြောင့် အလုပ်များခဲ့ရ
ရောင်နီ (NSS) - အောက်တိုဘာ ၃ဝ
စနေနေ့ (အောက်တိုဘာ ၂၈ ရက်) နံနက်ပိုင်းက စင်ကာပူနိုင်ငံ၊ Marine Crescent နေရာရှိ ရပ်ထားတဲ့ ပြိုင်ကား တစ်စီးရဲ့အင်ဂျင်စက်ထဲမှာ အရှည် ၂ မီတာရှိတဲ့ စပါးအုံးမြွေတစ်ကောင် ဝင်ခွေနေပြီး အများပြည်သူ အထိတ်တလန့်ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါအဖြစ်အပျက်ဟာ စနေနေ့ နံနက် ၈ နာရီခန့်က ဖြစ်ပွားခဲ့တာဖြစ်ပြီး Animal Concerns Research and Education Society (Acres) က မြွေကို ဆွဲထုတ်ကူညီခဲ့တယ်လို့ သိရပါတယ်။ Acres တွဲဖက်အမှုဆောင် အရာရှိချုပ် ကာလိုင်ဗာနန်ဘာလာခရစ်နန်ရဲ့ပြောကြားချက်အရ ၎င်းတို့ကယ်ဆယ်ရေးသမားတွေ ရောက်ရှိလာ ချိန်မှာ ယာဉ်အနီး မြွေကိုဖမ်းဖို့ကြိုးပမ်းနေတဲ့ လူအုပ်ကြီးကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
စပါးအုံးမြွေတွေလို
တွားသွားသတ္တဝါတွေအတွက် ကားအင်ဂျင်လို ပူနွေးတဲ့နေရာတွေဟာ အိပ်စက်စရာ နေရာဖြစ် နေတတ်ပါတယ်။
ဒီဖြစ်ရပ်မှာ စပါးအုံးမြွေဟာ အလွန်တင်းကြပ်တဲ့နေရာတစ်ခုမှာ ညှပ်နေခဲ့ပြီး
သွားလာဖို့ ခက်ခဲ နေခဲ့တာပါ။ အချိန်အနည်းငယ်ကြာ ကြိုးစားခဲ့ပြီးနောက်
စပါးအုံးမြွေကို ဆွဲထုတ်နိုင်ခဲ့ပြီး microchipped ထည့်ကာ
ပြန်လွှတ်ပေးမယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်ကောင်စီဝင်နဲ့ နစကတို ဘာတွေဆွေးနွေးကြမလဲ၊ နမ့်တစ်ချောင်းတံတားကို လေယာဉ်နဲ့ ပစ်ချိုးပါ၊ ကွမ်းလုံကို ရက်ပိုင်းအတွင်း အရယူဖို့တိုက်နေတဲ့ MNDAA နဲ့ ရှမ်းမြောက်တိုက်ပွဲသတင်းများ (၃ဝ-၁ဝ-၂ဝ၂၃)
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း