Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ချင်းလက်နက်ကိုင်အဖွဲ့ CNF နှင့် CDF တို့ ထိန်းချုပ်ထားသည့် ထန်တလန်မြို့ကို တပ်မတော်က (၃)လနီးပါး တိုက်ခိုက်ပြီးနောက် ပြန်လည်ထိန်းချုပ်

မြူနစ် (NSS) - အောက်တိုဘာ ၃၀

ချင်းလက်နက်ကိုင်အဖွဲ့ CNF နှင့် CDF တို့ ထိန်းချုပ်ထားသည့် ထန်တလန်မြို့ကို တပ်မတော်က (၃)လနီးပါး တိုက်ခိုက်ပြီးနောက် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။


ချင်းပြည်နယ်၊ ထန်တလန်မြို့အတွင်းရှိ ဝင်ရောက်နေရာယူထားသည့် ချင်းအမျိုးသားတပ်ဦး CNF နှင့် CDF အဖွဲ့ဝင်များအား တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကိုဆောင်ရွက်ခဲ့ရာ ယမန်နေ့(အောက်တိုဘာလ ၂၉ ရက်)တွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

CNF နှင့် CDF အဖွဲ့ဝင်များသည် သာလွန်အင်အားဖြင့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ထန်တလန်မြို့ရှိ တပ်မတော်စစ်ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ကာ မြို့ကိုထိန်းချုပ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် တပ်မတော်စစ်ကြောင်းများအနေဖြင့် သြဂုတ်လမှစတင်ကာ ပထမအဆင့်အနေဖြင့် ဟားခါးမြို့မှ (၄)မိုင်ခန့်ကွာဝေးသော သီးမြစ်ချောင်းကူးတံတား၊ ဒုတိယအဆင့်အနေဖြင့် ထန်တလန်မြို့အဝင်နေရာ၊ တတိယအဆင့်အနေဖြင့် ထန်တလန်မြို့နယ် ပြည်သူ့ဆောက်လုပ်ရေးရုံးနှင့် CB ဘဏ်နေရာ၊ နောက်ဆုံးအဆင့်အနေဖြင့် ထန်တလန်မြို့ဆေးရုံကုန်း နှင့် အထကကျောင်းတို့ကို အဆင့်ဆင့်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

CNF နှင့် CDF တို့ သိမ်းယူထားသည့် ထန်တလန်မြို့ရှိ လူနေအိမ်များနှင့် အဆောက်အဦးများကို ထိခိုက်မှုအနည်းဆုံးဖြစ်စေရန်အတွက် အဆင့်ဆင့်ခြေကုတ်ရယူကာ စနစ်တကျတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရက်ပေါင်း(၉၀)ခန့်အကြာ ယမန်နေ့(အောက်တိုဘာလ ၂၉ ရက်) တွင် တစ်မြို့လုံးကို အပြီးတိုင် ထိန်းချုပ်နိုင်ခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲဖြစ်စဉ်များအတွင်း CNF နှင့် CDF လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဘာသာရေးဆိုင်ရာအဆောက်အဦးများ၊ စာသင်ကျောင်းများ၊ ဆေးရုံ နှင့် ဌာနဆိုင်ရာအဆောက်အဦးများတွင် အုတ်များစီကာ ဘန်ကာသဖွယ်ပြုလုပ်မှုများရှိခဲ့ကြောင်း နစကမှ အသိပေးထားသည်။

ထို့ပြင် ၎င်းတိုက်ပွဲများအတွင်း တပ်မတော်လုံခြုံရေးအဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်းသိရပြီး CNF နှင့် CDF ထံမှ လက်နက်ခဲယမ်းများနှင့်အတူ ရုပ်အလောင်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် ထန်တလန်မြို့မှ နေရပ်စွန့်ခွာသွားသော ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေးနှင့် အပျက်အစီးများကို ဖယ်ရှားကာ ထန်တလန်မြို့ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်အတူ အမြန်ဆုံးဆက်လက်ဆောင်ရွက်နိုင်ရေး စီစဉ်နေကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြိုင်မြို့ရှိ နေအိမ်ခြံဝန်းတစ်ခုအတွင်းသို့ PDF အဖွဲ့က လက်လုပ်အသံဗုံးတစ်လုံးပစ်ပေါက်ခဲ့ဟု ရဲတပ်ဖွဲ့ဆို

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved