ပြည်တွင်းကားဈေးကွက်အတွင်း၌ အကျဈေးဖြင့် အရောင်းအဝယ်ဖြစ်နေ
NSS - အောက်တိုဘာ ၂၈
လက်ရှိ ပြည်တွင်းကားဈေးကွက်အတွင်း၌ အကျဈေးဖြင့် အရောင်းအဝယ် ပုံမှန်ဖြစ်နေကြောင်း ကားဝယ်ရောင်းလုပ်ငန်းရှင်များက ပြောသည်။
ပြည်တွင်းကားဈေးနှုန်းသည် ကျပ်နှစ်သောင်းတန် ငွေစက္ကူအသစ်ကြောင့် အမြင့်ဆုံးဈေး တန်းရောက်ရှိနေခဲ့ရာမှ အောက်တိုဘာလအတွင်း အမျိုးအစားအလိုက် ပျမ်းမျှအားဖြင့် ၇၅ ရာခိုင်နှုန်းခန့် ကျစျေးဖြင့် ပြန်လည်ရောင်းချနေကြောင်းသိရသည်။
“ပုံမှန်ပါပဲဆိုတာက အရောင်းအဝယ် တအားကြီးဖြစ်လားဆိုတော့လည်း မဖြစ်ဘူး။ လုံးဝမရောင်းရဘူးဆိုတာလည်း မဟုတ်ဘူး။ သူ့ဟာနဲ့သူတော့ လိုအပ်ချက်ရှိတဲ့ကားကတော့ ဝယ်ကြ၊ ရောင်းကြတယ်။ ဒါပေမယ့် တက်သွားတဲ့ ဈေးနဲ့တော့ ဝယ်ကြတာမဟုတ်ဘူး၊ ချပေးတဲ့ဈေးကျမှ ဝယ်ကြတာ။ ကားဈေးက အရင်က ဖြစ်သင့်ဖြစ်ထိုက်တာထက် ဆွဲတင်လိုက်ကြတော့ ထိုက်သင့်တဲ့ဈေးထက် ကျော်လွန်သွားတာပေါ့။ အခု အခြေအနေအားလုံး ငြိမ်တဲ့အချိန်မှာတော့ အဲ့ဒီဆွဲတင်ထားတဲ့ဈေးကို ပြန်ချပေးရတယ်။ တချို့ကျတော့လည်း မချချင်ကြဘူးပေါ့။ အဲဒီတော့ တချို့ကားဈေးတွေကတော့ မကျဘူးလို့ ပြောလို့ရတယ်။ ဒါပေမယ့် ရာခိုင်နှုန်းအားဖြင့်တွက်ရင်တော့ ၇၅ ရာခိုင်နှုန်းကတော့ ဈေးပြန်ချပေးတဲ့အတွက် ကားဈေးကပြန်ကျသွားတယ်။ ရောက်သင့်တဲ့ဈေးကိုပြန်ရောက်သွားပါတယ်”ဟု ကားဝယ်ရောင်းအကျိုးဆောင်တစ်ဦးက ပြောသည်။
ကားဈေးကွက်၌ ဩဂုတ်လအတွင်းက ငွေကျပ် သိန်း ၁၃၀၀ အထိ ဈေးခေါ်ရောင်းချခဲ့သော ကားများသည် စက်တင်ဘာလကုန်ပိုင်းမှစ၍ ဈေးကျဆင်းလာနေပြီး ငွေကျပ်သိန်း ၁၀၀၀ အထက် ကားများသာမက ငွေကျပ်သိန်း ၅၀၀ အောက် ကားများပါ ဈေးများတစ်ပြိုင်နက်တည်း ကျဆင်းလာကြောင်း သိရသည်။
Honda Fit အပါအဝင် သိန်း(၈ဝဝ)နီးပါးမြင့်တက်ခဲ့သည့်ကားများသည် သိန်းငါးရာဝန်း ကျင်၊ Suzuki Ertiga ကဲသို့သော သိန်း (၁၃၀၀)အထိမြင့်တက်ခဲ့သောကားများသည် သိန်း(၁ဝဝဝ)ဝန်းကျင်ဖြင့် အရောင်းအဝယ်ပြန်ဖြစ်လာကြောင်းသိရသည်။
ကားဝယ်ရောင်းဈေးကွက်အတွင်း၌ ငွေပြန်ပေါ်စေရန် ရောင်းချနေသူများရှိသကဲ့သို့ ပုံမှန်သုံးစွဲရန် ကားလိုအပ်ချက်ရှိသူများကလည်း ကားပြန်ဝယ်လာခြင်း0ကြောင့် အရောင်းအဝယ်ပြန်ဖြစ်နေကြောင်းသိရသည်။
ထို့ပြင် SKD စနစ်ဖြင့် ထုတ်လုပ်ထားသော ကားဈေးနှုန်းများသည် ဩဂုတ်လအတွင်းက ငွေကျပ် သိန်း ၁၀၀၀ ကျော်၊ ငွေကျပ် ၁၀၀၀ ဝန်းကျင်ကိုရောက်ရှိခဲ့သော်လည်း လက်ရှိအချိန်၌ ၂၀ ရာခိုင်နှုန်းခန့် ဈေးကျပြီး အနိမ့်ဆုံး ငွေကျပ် သိန်း ၉၀၀ မှ အမြင့်ဆုံး ငွေကျပ် သိန်း ၉၅၀ ဝန်းကျင်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စိတ်ကျန်းမာရေးမကောင်းသူဟုယူဆရသည့် မိခင်က ၎င်း၏ကလေး(၂)ဦးနှင့်အတူ သေကြောင်းကြံစည်မှု ကရင်ပြည်နယ်၌ဖြစ်ပွား
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း