Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
EV ကားတင်သွင်းခွင့်ရရှိရန် ပြည်ပရောက်နိုင်ငံသားများ၏ လွှဲပို့ငွေပမာဏကို အမေရိကန်ဒေါ်လာနှစ်သိန်းအစား ငါးသောင်းဟုပြင်ဆင်

NSS  - အောက်တိုဘာ ၂၇

EV ကားတင်သွင်းခွင့်ရရှိရန် သင်္ဘောသား နှင့် ပြည်ပရောက်နိုင်ငံသားများ၏ လွှဲပို့ငွေပမာဏ ကို ယခင် အမေရိကန်ဒေါ်လာနှစ်သိန်းအစား အမေရိကန်ဒေါ်လာငါးသောင်းသို့  ပြောင်းလဲသတ်မှတ်လိုက်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။


ပြည်ပ၌ အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများသည် မိမိတို့ရရှိသည့် လစာငွေ (သို့မဟုတ်) အခြားဝင်ငွေများကို ဘဏ်လမ်းကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပို့ခြင်းအပေါ် အထူးအစီအစဉ်အဖြစ် လျှပ်စစ်သုံးမော်တော်ယာဉ်/ မော်တော်ဆိုင်ကယ် တင်သွင်းခွင့်ပါမစ်ထုတ်ပေးမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ကြေညာထားခဲ့သည်။

ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ် အောက်တိုဘာလ ၁၃ ရက်က ထုတ်ပြန်ထားသည့်ကြေညာချက်တွင် သင်္ဘောသားနှင့်ပုံမှန်လစာရရှိသူများအား တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာနှစ်သိန်းနှင့်အထက် တရားဝင်ဘဏ်မှတစ်ဆင့်ငွေလွှဲပါက လျှပ်စစ်သုံးမော်တော်ယာဉ်/ မော်တော်ဆိုင် ကယ် တင်သွင်းခွင့်ပါမစ်ထုတ်ပေးမည်ဟု ဖော်ပြထားသည်။

ယခုအခါ လျှပ်စစ်သုံးယာဉ်များ အသုံးပြုမှုပိုမိုတိုးတက်ရန်ရည်ရွယ်ပြီး အောက်တိုဘာလ ၂၆ ရက်တွင် လွှဲပို့ငွေပမာဏကို အမေရိကန်ဒေါ်လာ နှစ်သိန်းအစား အမေရိကန်ဒေါ်လာငါးသောင်းနှင့်အထက် ငွေလွှဲပမာဏ၏ ငါးရာခိုင်းနှုန်းတန်ဖိုးနှင့်ညီသော လျှပ်စစ်သုံးမော် တော်ယာဉ်/ မော်တော်ဆိုင်ကယ် တစ်နှစ်လျှင် တစ်စီးနှုန်း တင်သွင်းခွင့်ပေးမည်ဟု ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

“စက်ချုပ်တို့ ကပ္ပတိန်တို့ အရာရှိတွေဆိုရင်တော့ ဒေါ်လာငါးသောင်း ကျော်လွှဲနိုင်မှာပါ။ သာမန်သင်္ဘောသားတွေကတော့ လစာသုံးလေးထောင်နဲ့ ဒေါ်လာငါးသောင်းပြည့်အောင် ငွေလွှဲဖို့မလွယ်ဘူး။ ငွေလွှဲပြီးရင် အခွန်ဆောင်ရဦးမှာဆိုတော့ ကားဝယ်ရင်အခွန်ကင်းလွတ် ခွင့်ပေးဖို့လည်း တစ်ခါတည်းကြေညာသင့်တယ်”ဟု တာမွေမြို့နယ်တွင်နေထိုင်သည့် သင်္ဘောသား တစ်ဦးကပြောသည်။

အမေရိကန်ဒေါ်လာ ၅ သောင်းနှင့်အထက် လွှဲပို့သူများသည် တစ်ဦးချင်းတင်သွင်းမှုအတွက် လွှဲပို့ငွေ၏ ၅ ရာခိုင်နှုန်းသည် ယာဉ်တန်ဖိုးမပြည့်မီပါက ငွေလွှဲပို့သူ နှစ်ဦး (သို့မဟုတ်) သုံးဦးစပ်စသဖြင့် စုပေါင်းတင်သွင်းမှုကိုလည်း ပါမစ်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

လျှပ်စစ်သုံးမော်တော်ယာဉ်/ လျှပ်စစ်သုံးဆိုင်ကယ် ဝယ်ယူတင်သွင်းခွင့်ပြုသည့်အစီအစဉ်ကို အောက်တိုဘာလ ၁၆ ရက်မှစတင်ကာ ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မော်လမြိုင်မှ နှစ်(၁၀၀)ကျော်သက်တမ်းရှိ ကျောင်းဆောင်မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်သည့် သံသယဖြစ်ဖွယ် အမျိုးသမီးတစ်ဦးအား ဖမ်းဆီးထားဟုဆို

RECENT POSTS
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved