Running Man မှ အဖွဲ့ဝင် ဂျောင်ဆိုမင် နှုတ်ထွက်ပြီ
ရောင်နီ (NSS) - အောက်တိုဘာ ၂၄
တောင်ကိုရီးယားရဲ့ နာမည်ကြီး Variety Show "Running Man" မှ အဖွဲ့ဝင် ဂျောင်ဆိုမင်ဟာ နှုတ်ထွက်တော့မှာဖြစ်တယ်လို့ SBS က အောက်တိုဘာ ၂၃ ရက်မှာ အတည်ပြုခဲ့ပါတယ်။
အောက်တိုဘာလ ၂၃ ရက်က KST မှာ King Kong By Starship entertainment ဘက်မှ "ဂျောင်ဆိုမင်ဟာ Running Man" ကနေမထွက်ခွာမီ ၎င်းရဲ့နောက်ဆုံးအပိုင်းကိုတော့ အောက်တိုဘာလ ၃ဝ ရက်နေ့မှာ ရိုက်ကူးသွား မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒီအကြောင်းကို 'Running Man' ရဲ့ အဖွဲ့ဝင်တွေ၊ ထုတ်လုပ်ရေးအဖွဲ့၊ အေဂျင်စီတွေနဲ့ အချိန်အတော်ကြာ ဆွေးနွေးပြီးနောက်မှာ ပိုကောင်းတဲ့အလားအလာဘက်ကို ပြောင်းရွှေ့ဖို့ အတွက် အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုကာ ၂ဝ၁၇ ခုနှစ် ဧပြီလကစလို့ Running Man ဇာတ်ကားမှာ သူမနဲ့ ရယ်မောပေးခဲ့တဲ့သူတွေ အားလုံးကိုကျေးဇူးတင်ကြောင်း သူမရဲ့အေဂျင်စီက ပြောဆိုထားပါ တယ်။
ဂျောင်ဆိုမင်ဟာ Running Man Variety Show မှာ အဖွဲ့ဝင် ဂယ်ရီ နှုတ်ထွက်ပြီးနောက် ပါဝင်လာခဲ့တာဖြစ်ပြီး စစဝင်ချင်းမှာ ပရိသတ်ရဲ့ဝေဖန်မှုတွေ ခံခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ ပရိသတ်ရဲ့လက်ခံအားပေးမှုကို ရရှိလာခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာ့အသက်အကြီးဆုံး ခွေးလေး ဘိုဘီ အသက် ၃၁ နှစ်မှာ သေဆုံး
RELATED POSTS
19 Sep 2024 | အနုပညာ,နိုင်ငံတကာ
18 Sep 2024 | အနုပညာ,နိုင်ငံတကာ
17 Sep 2024 | အနုပညာ,နိုင်ငံတကာ