ကမ္ဘာ့အသက်အကြီးဆုံး ခွေးလေး ဘိုဘီ အသက် ၃၁ နှစ်မှာ သေဆုံး
ရောင်နီ (NSS) - အောက်တိုဘာ ၂၄
ကမ္ဘာ့အသက်အကြီးဆုံး ခွေးအဖြစ် သတ်မှတ်ခံထားရတဲ့ ခွေးလေးဘိုဘီ (အသက် ၃၁ နှစ်) ဟာ တနင်္ဂနွေနေ့ (အောက်တိုဘာ ၂၂ ရက်) က သေဆုံးသွားခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။
ဘိုဘီဟာ ပေါ်တူဂီနိုင်ငံ၊ လိုင်ရီယာမြို့မှာရှိတဲ့ ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိခွေးအဖြစ် ဂင်းနစ်စံချိန်တင် အသိအမှတ်ပြုခံထားရတာဖြစ်ပါတယ်။ ဘိုဘီ သေဆုံးမှုသတင်းကို ဘိုဘီနဲ့အနီးကပ်ရှိတဲ့ အမေရိကန် တိရစ္ဆာန် ဆေးကုဆရာဝန် ဒေါက်တာကာရန်ဘက်ခ်ကာ က တနင်္လာနေ့ (အောက်တိုဘာ ၂၃ ရက်) မနက်အစောပိုင်းက Facebook မှာ အသိပေးခဲ့ပါတယ်။
ဘိုဘီရဲ့ပိုင်ရှင်ဖြစ်သူ မစ္စတာ လီယွန်နယ်လ်ကော်စတာက ဘိုဘီရဲ့အသက်ရှည်မှုဟာ "အာဟာရကောင်းခြင်း၊ သဘာဝနဲ့ အဆက်မပြတ်ထိတွေ့မှု၊ လွတ်လပ်စွာ ရှာဖွေတွေ့ရှိနိုင်မှု၊ တိရစ္ဆာန်ဆေးကုသရေးစောင့်ရှောက်မှုနဲ့ ချစ်ခြင်းမေတ္တာတို့ကြောင့်ဖြစ်တယ်လို့ ၎င်းရဲ့ Facebook မှာ တနင်္လာနေ့(အောက်တိုဘာ ၂၃ ရက်) မှာ ပြောခဲ့ပါတယ်။
ဘိုဘီဟာ ပျမ်းမျှသက်တမ်း ၁၂ နှစ် မှ ၁၄ နှစ်အထိသာရှိတဲ့ rafeiro do alentejo မျိုးရိုးသန့် ခွေးတစ်ကောင်ဖြစ်ပြီး ပေါ်တူဂီနိုင်ငံ၊ လိုင်ရီယာမြို့အနီး ကွန်ကွာရီရိုစ် ကျေးလက်ရွာမှာ ကော်စတာတို့ မိသားစုနဲ့အတူ ဘဝတလျှောက်လုံး နေထိုင်ခဲ့တာဖြစ်ပါတယ်။
ဘိုဘီကို ၁၉၉၂ ခုနှစ်မှာ မွေးသက္ကရာဇ်အတည်ပြုခဲ့ပြီး လာရီယာမြူနီစီပယ်ရဲ့တိရစ္ဆာန်ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုမှာ မှတ်ပုံတင်ခဲ့ပါတယ်။ ဘော်ဘီရဲ့အသက်ကိုလည်း ပေါ်တူဂီအစိုးရမှ ခွင့်ပြုထားတဲ့ အိမ်မွေးတိရစ္ဆာန် ဒေတာဘေ့စ် SIAC မှ စစ်ဆေးပြီး National Union of Veterinarians မှ စီမံခန့်ခွဲ သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။ Forbes ရဲ့အဆိုအရ လူသားတစ်နှစ်ဟာ ခွေးနှစ်ခုနစ်နှစ်နဲ့ ညီမျှတာကြောင့် ဘိုဘီရဲ့ခွေးအသက်ဟာ သေဆုံးချိန်မှာ ဘယ်နှနှစ်ဖြစ်နေပြီလဲဆိုတာ ဖော်ထုတ်ဖို့ ခက်ခဲခဲ့ပါတယ်။
ဘိုဘီ ဂင်းနစ်စံချိန်မဝင်သေးခင်က ကမ္ဘာ့အသက်အကြီးဆုံးခွေးဟာ သြစတြေးလျနိုင်ငံမှ ဘလူရေး (ခေါ်) နွားကျောင်းခွေးဖြစ်ပြီး အသက် ၂၉ နှစ်နဲ့ ၅ လထိ အသက်ရှည်ခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမျိုးသမီးနှစ်ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း ဟားမက်စ်အဖွဲ့ သတင်းထုတ်ပြန်
RELATED POSTS
06 Sep 2024 | ကျန်းမာရေး,နိုင်ငံတကာ
31 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ
27 Aug 2024 | ကျန်းမာရေး,ပြည်တွင်း
26 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ