Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မနက်ဖြန်မှစတင်၍ သတ်မှတ်ထားသည့် Taxi Board များကို ရန်ကုန်စီးတီးတက္ကစီအသင်းက ဖြန့်ဖြူးရောင်းချသွားမည်

စော (NSS) - အောက်တိုဘာ ၂၃

မနက်ဖြန်(အောက်တိုဘာလ ၂၄ ရက်)မှစ၍ သတ်မှတ်ထားသည့် Taxi Board များကို ရန်ကုန်စီးတီးတက္ကစီအသင်း (YCTA)မှ ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း YCTA မှ အတွင်းရေးမှူး ဦးသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။


YCTA ၏ အတွင်းရေးမှူး ဦးသက်ခိုင်ဝင်းက ယနေ့(အောက်တိုဘာလ ၂၃ရက်)တွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ရုံးချုပ်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

 အဆိုပါ Taxi Board များကို မနက်ဖြန်(အောက်တိုဘာလ ၂၄ ရက်)တွင် YCTA ရုံးချုပ်တွင် စတင်ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

“Taxi Board တွေနဲ့ ပတ်သက်လို့ သတ်မှတ်ထားတဲ့ အရွယ်အစားအတိုင်း အသင်းရုံးကနေ မနက်ဖြန် (အောက်တိုဘာလ ၂၄ရက်)ကနေစတင်ပြီးတော့ လုံလောက်စွာနဲ့ ဖြန့်ဖြူးပေးသွားမှာပါ”ဟု ဦးသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။

အဆိုပါ Taxi Board များကို သတ်မှတ်ဈေးနှုန်း (၁၂၀၀၀)ကျပ်ဖြင့် ရောင်းချသွားမည်ဖြစ် ကြောင်း သိရသည်။

သို့သော် ရန်ကုန်စီးတီးတက္ကစီအသင်းတွင် အသင်းဝင်ထားသည့် Taxi ယာဉ်များကို ငွေကျပ် (၁၀၀၀၀)ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ပြင်ပ Taxi ယာဉ်များအား ငွေကျပ် (၁၂၀၀၀)ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

“အသင်းက တာဝန်ယူပြီး ရောင်းချမှာဖြစ်တဲ့အတွက် ဆိုဒ်မတူတာ၊ quality မတူတာ မရှိပါဘူး။ ဒီ Board များနဲ့ပတ်သက်လို့ ဥပဒေအတိုင်းလုပ်ထားမို့ ဘာမှစိုးရိမ်စရာမရှိပါဘူး”ဟု ၎င်းက ဆက်လက်ပြောကြားထားသည်။

၎င်း Taxi Board များသည် Taxi စာသားကို မြင်စေရန်အတွက် အောက်ခံ အဖြူရောင် မီးအိမ်ကို တပ်ဆင်ရမည်ဖြစ်ပြီး  အောက်ခြေအလျား (၁၀)လက်မ၊ အပေါ်အလျား (၉)လက်မ၊ အောက်ခြေအကျယ် (၅)လက်မ၊ အပေါ်အကျယ် (၂)လက်မနှင့် အမြင့် (၃)လက်မ သတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါသတ်မှတ်ထားသည် Taxi Board များကို ဝယ်ယူလိုသူများအနေဖြင့် မြောက်ဒဂုံမြို့နယ်၊ (၂၉)ရပ်ကွက်၊ အမှတ် (၂၆)၊ ပင်လုံလမ်းမကြီးရှိ YCTA ရုံးတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယနေ့ အောက်တိုဘာလ ၂၃ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပက သတင်းများအား

RECENT POSTS
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved