မန်ယူအသင်း အားကစားဒါရိုက်တာအသစ် ဖြစ်လာနိုင်ဖွယ်ရှိနေတဲ့ မိုနာကိုအားကစားဒါရိုက်တာ ပေါလ်မစ်ချယ်
Pika (NSS) - အောက်တိုဘာ ၂၃
မန်ယူအသင်းသည် မိုနာကိုအသင်းအားကစားဒါရိုက်တာ ပေါလ်မစ်ချယ်ကို ၎င်းတို့၏ အားကစားဒါရိုက်တာအသစ် အဖြစ် ခန့်အပ်ရန် နီးစပ်နေပြီဖြစ်ကြောင်းလည်း သိရသည်။
မန်ယူအသင်းသည် ပေါလ်မီချယ်ကို အားကစားဒါရိုက်တာအဖြစ် ခန့်အပ်ရန်အတွက် ပြီးခဲ့သည့်မေလတွင် ပထမဆုံးအကြိမ် စတင်ချဉ်းကပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မန်ယူအသင်း၏ အားကစားဒါရိုက်တာအသစ် ရှာဖွေမှုကို အသင်း၏ လုပ်ငန်းတာဝန်များကို ထိန်းချုပ်သွားနိုင်ဖွယ်ရှိသည့် ဆာဂျင်ရက်ကလစ်ဖ် ကျောထောက် နောက်ခံပြုထားသော INEOS အဖွဲ့က ဦးဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
ပေါလ်မစ်ချယ်သည် လက်ရှိအချိန်တွင် မိုနာကိုအသင်းနှင့်အတူ အလုပ်လုပ်နေပြီး ယခင်က MK Dons၊ ဆောက်သမ်တန်၊ စပါး နှင့် RB လိုက်ပ်ဇစ်အသင်းတို့နှင့်လည်း အတူ အလုပ်တွဲလုပ်ခဲ့ဖူးကြောင်း သိရသည်။
လက်ရှိအချိန်တွင် ပေါလ်မစ်ချယ်သည် မန်ယူအသင်း နှင့် သဘောတူညီမှုရရှိနိုင်ဖွယ်ရှိနေပြီး မန်ယူအသင်းသို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေပုံပေါ်ကြောင်း သတင်းများအရ သိရသည်။
ပေါလ်မစ်ချယ်သည် ၎င်း၏ ကစားသမားဘဝကာလအတွင်း နောက်ခံလူတစ်ဦးအဖြစ် ကစားခဲ့ကာ Wigan Athletic နှင့် MK Donsအသင်းတို့အတွက် အမြဲတမ်းကစားခဲ့ကြောင်း သိရသည်။
မန်ယူအသင်းတာဝန်ရှိသူများသည် လာမည့်ဇန်နဝါရီလအပြောင်းအရွှေ့ကာလမတိုင်မီ ပေါလ်မစ်ချယ်ကို အပြီးသတ်ခေါ်ယူနိုင်ရန် မျှော်လင့်နေကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-23/ 5:30 PM)
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း