Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-23/ 5:30 PM)

ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၃

အစ္စရေးနှင့် ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ်တို့ စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ထိုင်းအစိုးရသည် အစ္စရေးနိုင်ငံအတွင်းရောက်ရှိနေသော ထိုင်းနိုင်ငံသား ၂၂၃၉ ဦးကို မိခင်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ထားကြောင်း သိရသည်။


အစ္စရေးရောက် ထိုင်းနိုင်ငံသား ၈ဝဝဝ ကျော်သည် မိခင်နိုင်ငံကို ပြန်ရန် အမည်စာရင်းပေးထားကြောင်း သိရသည်။ အဆိုပါစစ်ပွဲအတွင်း အောက်တိုဘာ ၂၃ ရက်အထိ ထိုင်းနိုင်ငံသား ၃၁ ဦးသေဆုံးကာ ၁၈ ဦး ဒဏ်ရာရခဲ့ပြီး ၁၉ ဦး ပြန်ပေးဆွဲခံထားရကြောင်း သိရသည်။ 

ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ်အုပ်စုသည် ဖမ်းဆီးထားသောသူများကို ပြန်မလွှတ်ပေးခြင်း၊ လက်နက်မချခြင်းများရှိနေမည်ဆိုလျှင် ဂါဇာဒေသကို မြေပြင်ထိုးစစ်ဆင်နွှဲခြင်းက ရှောင်လွှဲလို့ရမည်မဟုတ် ကြောင်း အစ္စရေးစစ်ဘက်ပြောရေးဆိုခွင့်ရှိသူ Jonathan Conricus က ပြောသည်။

ဟားမက်စ်အဖွဲ့သည် အစ္စရေးနိုင်ငံကိုတိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးစစ်သားများ အပါအဝင် လူပေါင်း ၂၂၂ ဦးကို ပြန်ပေးဆွဲထားကြောင်း၊ ပြီးခဲ့သောရက်ပိုင်းတွင် အမေရိကန်အမျိုးသမီး သားအမိနှစ်ဦးကို ပထမဆုံးအကြိမ် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။


အစ္စရေးစစ်တပ်က လက်ဘနွန်နိုင်ငံဘက်ခြမ်းမှ ပစ်ခတ်လိုက်သောဒုံးကျည်ကို ကြားဖြတ်ဟန့်တားခဲ့ကြောင်း၊ နယ်စပ်ဒေသတွင် နေထိုင်နေသူများသည် ဟစ်ဘိုလာအဖွဲ့က ပစ်ခတ်လိုက်သောဒုံးကျည် အသံတွေကိုကြားသိခဲ့ရ ကြောင်း ပြောသည်။ ဟစ်ဘိုလာအုပ်စုသည် အစ္စရေးနှင့် ဟားမက်စ်စစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်းကတည်းက အစ္စရေးနိုင်ငံဘက်ခြမ်းကို ရော့ကက်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။ 

လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာအဖွဲ့တွင် အဖွဲ့ဝင်ဦးရေ နှင့် ရော့ကတ်ဒုံးကျည်သိန်းချီ ရှိနေဟု အစ္စရေး (INSS) အဖွဲ့ပြော အီရန်နိုင်ငံ ကျောထောက်နောက်ခံပြုထားသော လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာအဖွဲ့တွင် တပ်ဖွဲ့ဝင် ဦးရေ အနည်းဆုံး တစ်သိန်းရှိနေပြီး၊ ရော့ကက် ဒုံးကျည်အစင်းရေ နှစ်သိန်းကျော် ရှိနေကြောင်း အစ္စရေးအခြေစိုက် Institute for National Security Studies (INSS) အဖွဲ့က ပြောသည်။


တရုတ်အထူးကိုယ်စားလှယ်ဖြစ်သူ  Zhai Jun က ဂါဇာဒေသတွင်ဖြစ်ပွားနေသည့် အစ္စရေးနှင့် ဟားမက်စ်အဖွဲ့ကြားဖြစ်ပွားသည့်စစ်ပွဲကို ချက်ချင်းအဆုံးသတ်ရန်တောင်းဆိုခဲ့သလို အကြမ်းဖက်မှုများ ရပ်တန့်ရန် ဘာပဲဖြစ်ဖြစ်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ပြောသည်။ တရုတ်နိုင်ငံအနေဖြင့် ဂါဇာဒေသတွင် ငြိမ်းချမ်းရေးပြန်လည်ရရှိစေရန်၊ အပစ်ခတ်ရပ်စဲရေးရရှိစေရန် နှင့် တွေ့ဆုံဆွေးနွေးမှုများ ပိုမိုဖြစ်လာစေရန်အတွက် ဘာပဲဖြစ်ဖြစ်လုပ်ကိုင်သွားရန် ဆန္ဒရှိနေကြောင်း ပြောသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရေးအတွက် ပုလောမြို့နယ်ရှိ (၁၄၂၄)ဧက ကျယ်ဝန်းသောနယ်မြေကို “ပြင်ဘုကြီး(၂)ဒီရေတော ကြိုးပြင်ကာကွယ်တော”အဖြစ် သတ်မှတ်

RELATED POSTS
RECENT POSTS
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved