ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် မောင်းနှင်ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များတွင် Telematics စနစ် တပ်ဆင်အသုံးပြုရန် ပြင်ဆင်နေ
မျိုးကြီး (NSS) - အောက်တိုဘာ ၂၃
ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် မောင်းနှင်ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များတွင် Telematics စနစ် တပ်ဆင်အသုံးပြုရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။
လက်ရှိတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က Telematics စနစ်နှင့်ပတ်သက်၍ အိတ်ဖွင့်တင်ဒါခေါ်ယူလျက်ရှိသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် သွားလာလျက်ရှိသော ခရီးသည်တင်မော်တော်ယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အမြန်လမ်းမကြီးတစ်လျှောက် မော်တော် ယာဉ်များသွားလာနေမှုကို Command Centre မှ ထိန်းချုပ်သည့် Telematics စနစ်ကို အသုံးပြုသွားမည်ဖြစ်ကြောင်း လမ်းဦးစီးဌာနက အသိပေးထားသည်။
ထို့ကြောင့် Telematics စနစ်ကိုအသုံးပြုသွားမည်ဖြစ်သည့်အတွက် စိတ်ပါဝင်စားသည့် မြန်မာနိုင်ငံသားတိုင်းရင်းသားလုပ်ငန်းရှင်ပုဂ္ဂလိကကုမ္ပဏီများအား တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ထားသည်။
အိတ်ဖွင့်တင်ဒါတင်သွင်းမည့်ကုမ္ပဏီများအနေဖြင့် နေပြည်တော်၊ အမြန်လမ်းမကြီးထိန်း သိမ်းပြုပြင်ရေး နှင့် ကြီးကြပ်ရေးအဖွဲ့သို့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက် နောက်ဆုံးထားကာ တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။
“ယာဉ်တိုက်မှုတွေ ဖြစ်တာများတယ်ပေါ့နော်။ အဲဒီတော့ ကားတွေကို အရှိန်သတ်မှတ်ပြီးတော့ telematics စနစ်ကို ကျင့်သုံးဖို့ ပြင်ဆင်တာပါ။ ကျွန်တော်တို့ကတော့ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ ခရီးသွား Express ကားတွေရှိတယ်လေ။ သူတို့က အမြန် လမ်းပေါ် တက်မယ်ဆိုရင် telematics စနစ်ပါမှ တက်ခွင့်ပေးမှာပေါ့။ နောက်ပိုင်း အဲဒီလိုဖြစ်လာမှာပေါ့”ဟု လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အမြန်လမ်းပေါ်တွင် ပြေးဆွဲနေသည့် ခရီးသည်တင်ကားများအား Telematics စနစ် တပ်ဆင်အသုံးပြုရန် နစကမှလည်း ခွင့်ပြုပေးထားကြောင်း သိရသည်။
ယခု ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ အမြန်လမ်းပေါ်၌ ယာဉ်တိုက်မှုပေါင်း (၁၂၆)မှုဖြစ်ပွားခဲ့ရာ (၇၀)ဦး ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပုလဲအတွဲပေါင်း(၃ဝဝ)ရောင်းချနိုင်ခဲ့
RELATED POSTS
31 Aug 2024 | ခရီးသွား,ပြည်တွင်း
31 Aug 2024 | ခရီးသွား,ပြည်တွင်း
19 Aug 2024 | ခရီးသွား,နိုင်ငံတကာ