ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်အာမခံကြေးများကို (၃)ဆခန့်တိုးမြှင့်ရန်စီစဉ်နေ
NSS - အောက်တိုဘာ ၂၃
ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်အာမခံကြေးကို (၃)ဆခန့်တိုးမြှင့် ပြင်ဆင်ရန် အလုပ်သမားဝန်ကြီးဌာနက အကြောင်းကြားထားကြောင်း အေဂျင်စီလုပ်ငန်းအသိုင်းအဝိုင်းမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းကကျင်းပခဲ့သည့် ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီ၏ (၂/၂၀၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ပအလုပ် အကိုင်အကျိုးဆောင်လိုင်စင်အာမခံကြေးအား ခေတ်ကာလနှင့် လျော်ညီသည့်နှုန်းထားဖြစ်စေရန် ပြင်ဆင်သွားရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ပအလုပ်အကိုင် အကျိုးဆောင်(ထိုင်း)လိုင်စင်အာမခံကြေးကို ငွေကျပ်သိန်း ၁ဝဝ မှ ကျပ်သိန်း ၂၀၀ သို့လည်းကောင်း၊ အခြား ပြည်ပအလုပ် အကိုင်အကျိုးဆောင် လိုင်စင်အာမခံကြေးများကို ငွေကျပ်သိန်း ၂၅၀ မှ ကျပ်သိန်း ၁၀၀၀ သို့ လည်းကောင်း တိုးမြှင့်သတ်မှတ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လိုင်စင်အာမခံကြေး တိုးမြှင့်သတ်မှတ်ခြင်းအား အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်ထံ သဘောထားမှတ်ချက် တောင်းခံထားကြောင်းသိရသည်။
“မနှစ်က ကတည်းက အေဂျင်စီလိုင်စင်ကြေးတိုးမယ်လို့ သတင်းတွေကြားနေတာ။ အခုဆိုရင်တိုးမှာသေချာသလောက်ဖြစ်သွားတာပေါ့”ဟု ထိုင်းနိုင်ငံသို့အလုပ်သမားပို့ဆောင်ပေးနေသည့်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် ပြည်တွင်းမှ လုပ်သားများကို ထိုင်း၊ မလေးရှား၊ ဂျပန်၊ စင်ကာပူ၊ ယူအေအီး၊ ကာတာ၊ ဂျော်ဒန်၊ မကာအို စသည့်နိုင်ငံများသို့ အလုပ်သမားစေလွှတ်ခွင့်ပြုထားပြီး အလုပ် သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းအရ ပြည်ပသို့ လုပ်သားစေလွှတ်နေသောအေဂျင်စီ ၄၈၂ ခု ရှိကြောင်း သိရသည်။
ထို့ပြင် ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများအား ပြည်ပသို့ပိုဆောင်ထားသော အလုပ်သမားအရေအတွက် စာရင်းများကို အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်တင်ပြရန် အမိန့်ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်းဖြစ်ပွားခဲ့သော ကမ္ဘာတစ်ဝန်းက ထူးခြားသတင်းများအား စုစည်းတင်ဆက်ခြင်း
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း