Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လာမည့် သီတင်းကျွတ်လပြည့်နေ့မှစ၍ ကျိုက်ထီးရိုးဘုရားသို့ ဘုရားဖူးပြည်သူလာရောက်မှု ပြန်လည်များပြားလာနိုင်ဟုဆို

မျိုးကြီး (NSS) - အောက်တိုဘာ ၂၂

လာမည့် သီတင်းကျွတ်လပြည့်နေ့မှစ၍ ကျိုက်ထီးရိုးဘုရားသို့ ဘုရားဖူးပြည်သူလာရောက်မှု ပြန်လည်များပြားလာနိုင်ကြောင်း ပေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှက NSS ကို ပြောသည်။


လွန်ခဲ့သော နှစ်ပိုင်းအတွင်း ကိုဗစ်ကပ်ရောဂါပျံ့ပွားကူးစက်မှုနှင့် နိုင်ငံရေးအခြေအနေများကြောင့် ဘုရားဖူးလာရောက်သူ နည်းပါးခဲ့ကြောင်း သိရသည်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို လာမည့် သီတင်း ကျွတ်လပြည့်နေ့ (အောက်တိုဘာလ ၂၉ ရက်)မှစ၍ ကဆုန်လပြည့်နေ့အထိ အစဉ်အလာမပျက်(၇)လတိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးစိုးလှက ပြောသည်။

“မကြာခင် ရင်ပြင်တော်မှာ အစဉ်အလာမပျက် သြဝါဒစရိယဆရာတော်များကို ပင့်ဖိတ်ပြီးတော့ စေတီတော်ကို ရေသပ္ပါယ်ခြင်း၊ အမွှေးနံ့သာများ ပက်ဖျန်းခြင်း၊ ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်းတို့ကို ဆောင်ရွက်မယ့်အပြင် တောစောင့်နတ်၊ တောင်စောင့်နတ်တွေကိုလည်း ကျွန်တော်တို့ ပွဲများပြန်လည်ဆက်သပြီးတော့ တောင်တော်ကို အပ်မယ့်သဘော ဆောင်ရွက်မယ့် အစီအစဉ်များလည်း ရှိပါတယ်”ဟု ကျိုက်ထီးရိုးဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှက ပြောသည်။

ထို့ပြင် ဘုရားဖူးပြည်သူများ သွားရေးလာရေးကိစ္စရပ်များအတွက် ခြေချင်လမ်း၊ မော်တော် ယာဉ်လမ်း၊ cable လိုင်းများ၏ ကြံ့ခိုင်ရေးကို ပြန်လည်စစ်ဆေးထားကာ လက်ရှိတွင်လည်း ခွင့်ပြုပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ဘက်ကတော့ လုံခြုံရေး၊ နေရေးထိုင်ရေးကအစ အားလုံးပြင်ဆင်ထားတယ်။ ကိုဗစ်ကနေစပြီးတော့ နိုင်ငံရေးအခြေအနေအရ ဘုရားဖူးတွေ နည်းခဲ့တာကနေပြီးတော့ အခုပွင့်လင်းရာသီကျရင် မြန်မာပြည်အရပ်ရပ်မှာရှိတဲ့ ဘုရားဖူးတွေ လာတော့မယ့်လို့ မျှော် လင့်ထားပါတယ်”ဟု ဦးစိုးလှက ပြောသည်။

ကျိုက်ထီးရိုးဘုရားသို့ ယခု ၂၀၂၃ ခုနှစ် (၁၀)လတာကာလအတွင်း ပြည်တွင်း၊ ပြည်ပဘုရားဖူးလာရောက်သူဦးရေသည် (၁၇၀၀၀၀)ကျော်ရှိခဲ့ကြောင်း သိရသည်။

လွန်ခဲ့သော ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၂ ရက်တွင် ကျိုက်ထီးရိုးဘုရား ကင်မွန်းချောင်းတောင်တက်ကားဂိတ်တွင် အကြမ်းဖက်အဖွဲ့၏ နှောက်ယှက်ပစ်ခတ်မှုများကြောင့် ဘုရားဖူးပြည်သူများ သေဆုံးခဲ့မှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့ဖူးသည်။

အလားတူ ယနေ့(အောက်တိုဘာလ ၂၂ ရက်)၊ နံနက်ပိုင်း ၅ နာရီအချိန်ခန့်တွင်လည်း အကြမ်းဖက်အဖွဲ့မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်အပါအဝင် ကျည်အချို့ ကင်မွန်းချောင်းဧရိယာအတွင်းရှိ ရဲစခန်းအနီးသို့ ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မနက် ၅ နာရီပတ်ဝန်းကျင်လောက်မှာ ကင်မွန်းချောင်းဧရိယာကို အဝေးကနေ ပစ်တာဖြစ်ပါတယ်။ အဝေးကနေပဲ ပစ်ခတ်တာဖြစ်ပါတယ်။ လက်နက်ကြီးလည်း ပါတယ်လို့ သတင်းရပါတယ်။ ကင်မွန်းစခန်း ရဲစခန်းဧရိယာဘက်ကို ပစ်တဲ့သဘောပါ။ အထိအခိုက်တော့ လုံးဝမရှိပါဘူး။ အဆောက်အဦး ထိခိုက်တာတို့၊ လူထိခိုက်တာတို့ လုံးဝမရှိပါဘူး”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက NSS ကို ပြောသည်။

အကြမ်းဖက်အဖွဲ့အနေဖြင့် ယင်းကဲ့သို့ ပစ်ခတ်တိုက်ခိုက်ခြင်းသည် ဘုရားဖူးပြည်သူများကို အနှောင့်အယှက်ပေးခြင်းဖြစ်ကြောင်း ယူဆနိုင်သကဲ့သို့ နယ်မြေလုံခြုံရေးကိစ္စရပ်များကိုလည်း နှောက်ယှက်ခြင်းဖြစ်ကြောင်း ၎င်းက ထပ်မံပြောသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မူဆယ်မြို့ရှိ လမ်းဘေးအမှိုက်ပုံအတွင်းမှ ကြိုးတုပ်သတ်ဖြတ်ခံရကာ ပုပ်ပွသေဆုံးနေသော အလောင်း(၃)လောင်းတွေ့ရှိ

RELATED POSTS
RECENT POSTS
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved