Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-21 / 5:20 PM)

ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၁

အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက အစ္စရေးနိုင်ငံသားအားလုံးကို ဒေသအတွင်းနိုင်ငံများကို ခရီးမသွားဖို့ နဲ့ ဂျော်ဒန် နဲ့ အီဂျစ်နိုင်ငံတို့ရှိ အစ္စရေးနိုင်ငံသားအားလုံးကိုလည်း နိုင်ငံအတွင်းက အမြန်ဆုံးထွက်ခွာဖို့ အမိန့်ပေးလိုက်ကြောင်းသိရပါတယ်။ 


ဟောလီဝုဒ် ရုပ်ရှင်လောကရဲ့ကျော်ကြားသူတွေဟာ ဟားမက်စ်နဲ့ အစ္စရေးနိုင်ငံကြားဖြစ်ပွားနေတဲ့စစ်ပွဲကိုအမြန်ဆုံးအပစ်ခတ်ရပ်စဲအောင်ဆောင်ရွက်ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ အဆိုပါဟောလီဝုဒ် အဖွဲ့ထုတ်ပြန်တဲ့ စာထဲမှာ ဟားမက်စ်အဖွဲ့က ဖမ်းဆီးထားသူတွေအမြန်ဆုံးပြန်လွှတ်ပေးဖို့၊ ဂါဇာဒေသကို အစ္စရေးရဲ့ဗုံးကြဲတိုက်ခိုက်မှုတွေအဆုံးသတ်ဖို့ အမေရိကန်သမ္မတကြားဝင်ဆောင်ရွက်ဖို့ တောင်းဆိုထားပါတယ်။ 

ကမ္ဘာကျော်တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဘန်ဇီမာဟာ ဟားမက်စ်နဲ့ အစ္စရေးတို့ဖြစ်ပွားနေတဲ့စစ်ပွဲမှာ ပါလက်စတိုင်းကို အားပေးထောက်ခံမှုများရှိခဲ့အတွက် ပြင်သစ်အစိုးရရဲ့ဝေဖန်တိုက်ခိုက်မှုများ ရင်ဆိုင်နေရပါတယ်။ ဆော်ဒီအာရေဗျကလပ်မှာကစားနေတဲ့ ပြင်သစ်တိုက်စစ်မှူးဘန်ဇီမာဟာ မွတ်စလင် ညီအကိုများအဖွဲ့ နဲ့ ဆက်နွယ်နေသူဖြစ်ကြောင်းပြင်သစ်ပြည်ထဲရေးဝန်ကြီးကဝေဖန်ခဲ့ပါတယ်။ ဘန်ဇီမာက အမျိုးသမီးနဲ့ကလေးငယ်တွေ မရှိတော့အောင် မမျှတဲ့ ဗုံးကြဲမှုတွေကြား သားကောင်ဖြစ်ရမှုတွေ ထပ်မံဖြစ်နေမယ်ရင်တော့ဂါဇာဒေသခံများအတွက် အားလုံးဆုတောင်းရုံမှ တစ်ပါးအခြားမရှိတော့ကြောင်း လူမှုကွန်ရက်ကတဆင့်ရေးသားခဲ့ပါတယ်။

အစ္စရေးနိုင်ငံအနေနဲ့ ဟားမက်စ်အဖွဲ့ကိုအမြစ်ချေမှုန်းဖို့ မြေပြင်ထိုးစစ်ဆင်မှုအပြီးသတ်လုပ်ဆောင်ပြီးချိန်မှာ ပါလက်စတိုင်းနဲ့ပတ်သက်ပြီး တာဝန်ယူမှု တာဝန်ခံမှုအားလုံးကို စွန့်လွှတ်ရမှာဖြစ်ကြောင်း၊ ပါလက်စတိုင်းနဲ့ အပြန်အလှန်ဆက်ဆံရေးတွေကို အဆက်ဖြတ်ရမှာဖြစ်ကြောင်း၊ ပါလက်စတိုင်းနဲ့ပတ်သက်ပြီး အချိန်အတန်ကြာတာဝန်ယူမှုတွေ ဆက်လက်မလုပ်ဆောင်သင့်တော့ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ 

ဟားမက်စ် လက်နက်ကိုင်အဖွဲ့ နဲ့ အစ္စရေးနိုင်ငံကြားစစ်ပွဲဖြစ်ပွားနေချိန်အတွင်းမှာပဲ ကမ္ဘာတဝှမ်းမှာ ပါလက်စတိုင်းလိုလားတဲ့ဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိနေရာ အောက် တိုဘာလ ၂၁ ရက်ကလည်း သြစတြေးလျနိုင်ငံမှာ ပါလက်စတိုင်းလိုလားတဲ့ ဆန္ဒပြပွဲများဖြစ်ပွားခဲ့ပြီး လူထောင်ချီ ပူးပေါင်းပါဝင်ခဲ့ကြောင်းသိရပါတယ်။ ဆန္ဒပြသူတွေဟာ ဂျူးဆန့်ကျင့်ရေးကြွေးကြော်သံများ အော်ဟစ်ကြွေးကြော်ခဲ့ပါတယ်။ အစ္စရေးရဲ့ လေကြောင်းကနေ တိုက်ခိုက်မှုတွေကြောင့် ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းလူမျိုး ၄၁၀၀ ကျော်သေဆုံးထားကြောင်းသိရပါတယ်။

အီဂျစ်နယ်စပ်ဒေသ ရာဖယ်ကိုဖြတ်သန်းပြီး ဂါဖကမ်းမြောင်ဒေသဘက်ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီပစ္စည်းများတင်ဆောင်ထားတဲ့ ကုန်ကားအစီး ၂၀ ကျော်ဝင်ရောက်ခဲ့ကြောင်း ကုလသမဂ္ဂကပြောပါတယ်။ အဆိုပါကုန်ကားအစီး ၂၀ ကျော်ဝင်ရောက်ခြင်းဟာ အစ္စရေးနဲ့ဟားမက်စ်တို့ စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ လူသားချင်းဆိုင်ရာစာနာမှုအကူညီပစ္စည်းများတင်ဆောင်ထားတဲ့ကားတွေ ဝင်ရောက်ခွင့်ရခြင်းဟာ နောက်ဆုံးမဖြစ်စေဖို့လည်းအရေးကြီးကြောင်း ကုလသမဂ္ဂကပြောပါတယ်။

ဟားမက်စ်နဲ့ အစ္စရေးကြားဖြစ်ပွားနေတဲ့စစ်ပွဲအတွင်း အမေရိကန် နဲ့ ထိုင်းနိုင်ငံသားများအပါအဝင် နိုင်ငံခြားသား အနည်းဆုံး ၂၀၀ ကျော်သေဆုံးထားကြောင်းသိရပါတယ်။ အဆိုပါ စစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံသား ၃၁ ဦးသေဆုံးခဲ့ကာ ၁၃ဦးပျောက်ဆုံးနေသလို ထိုင်းနိုင်ငံသား ၃၀ဦးသေဆုံးကာ ၁၇ဦးပြန်ပေးဆွဲခံထားရကြောင်းသိရပါတယ်။ ဒါ့ပြင် ပြင်သစ်နိုင်ငံသား ၂၈ဦး၊ သေဆုံးကာ ၇ဦးပြန်ပေးဆွဲခံထားရပြီး ရုရှားနိုင်ငံသား ၁၉ဦးသေဆုံးကာ၂ဦးပြန်ပေးဆွဲခံရပြီး ၇ဦးပျောက်ဆုံးနေကြောင်းသိရပါတယ်။ ယူကရိန်း၊ နီပေါ၊ အာဂျင်တီးနား၊ ဗြိတိန်၊ ကနေဒါ၊ သြစတြီးယား၊ တရုတ်၊ ဘရာဇီးတို့အပါအဝင် အနည်းဆုံးနိုင်ငံပေါင်း ၃၀ကျော်က နိုင်ငံသားများ၊ သေဆုံး၊ ပြန်ပေးဆွဲခံရမှု ဒါမှမဟုတ်ပျောက်ဆုံးမှုများရှိနေခဲ့ကြောင်းသိရပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်အစိုးရက ယူကရိန်း၊ အစ္စရေးတို့နှင့်ပတ်သက်သည့် အစီအစဉ်များအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ(၁၀၆)ဘီလျံပေးရန် လွှတ်တော်ကိုတောင်းဆို

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved