ပိုးလမ်းမရပ်ဝန်းစီမံကိန်းအတွက် ရန်ပုံငွေသစ် အမေရိကန်ဒေါ်လာ(၁၀၀)ဘီလျံ ထည့်သွင်းသွားမည်ဖြစ်ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်ကြေညာ
Pika (NSS) - အောက်တိုဘာ ၁၉
တရုတ်နိုင်ငံသည် ၎င်း၏ပိုးလမ်းမရပ်ဝန်းစီမံကိန်း ပဏာမခြေလှမ်းအတွက် ရန်ပုံငွေသစ် အမေရိကန်ဒေါ်လာ(၁၀၀)ဘီလျံကို ထည့်သွင်းသွားမည်ဖြစ်ကြောင်း သမ္မတရှီကျင့်ဖျင်က ထုတ်ဖော်ပြောဆိုခဲ့သည်။
ပိုးလမ်းမရပ်ဝန်းစီမံကိန်းသည် တရုတ်၏ဩဇာအာဏာကို နိုင်ငံရပ်ခြားတွင် ချဲ့ထွင်ရန်အတွက် ရှီကျင့်ဖျင်၏ ကြိုးပမ်းအားထုတ်မှုတစ်ခုဖြစ်ပြီး လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝှမ်းရှိ ကန်ထရိုက်စာချုပ်များတွင် အမေရိကန်ဒေါ်လာ(၂)ထရီလျံကျော် လက်မှတ်ရေးထိုးထားကြောင်း တရုတ်အစိုးရက ပြောကြားခဲ့သည်။ ပိုးလမ်းမရပ်ဝန်းစီမံကိန်းသည် ကမ္ဘာ့တောင်ပိုင်းသို့ အရင်းအမြစ်များ နှင့် စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုများကို ယူဆောင်လာပေးသည့်အတွက် ထောက်ခံသူများက ချီးကျူးစကားပြောဆိုခဲ့ကြကြောင်းလည်းသိရသည်။
ပိုးလမ်းမရပ်ဝန်းစီမံကိန်း၏ အဓိကငွေချေးသည့်ဘဏ်များဖြစ်သော China Development Bank နှင့် Export-Import Bank တို့သည် ချေးငွေအမေရိကန်ဒေါ်လာ(၁၀၀)ဘီလျံ ထပ်မံပေးမည်ဖြစ်ကြောင်း ရှီကျင်ဖျင့်က အောက်တိုဘာလ(၁၈)ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါဘဏ်နှစ်ခုစလုံးသည် ပိုးလမ်းမရပ်ဝန်းစီမံကိန်းအတွက် ယွမ်(၃၅၀)ဘီလျံ ဘဏ္ဍာရေးဆိုင်ရာ အခွင့်အလမ်းများကို ထူထောင်သွားမည်ဖြစ်ကြောင်း ရှီကျင့်ဖျင်က ပြောဆိုခဲ့သည်။
ထို့ပြင် ယွမ်(၈၀)ဘီလျံကို ထပ်မံ၍ပိုးလမ်းမရပ်ဝန်းစီမံကိန်း၏ တရားဝင်ငွေချေးသည့်အဖွဲ့အစည်းတစ်ခုဖြစ်သော Silk Road ရန်ပုံငွေထဲသို့ ထည့်သွင်းသွားမည်ဖြစ်ကြောင်း ရှီကျင့်ဖျင်က ပြောဆိုခဲ့သည်။အောက်တိုဘာလ(၁၇)ရက်က စတင်ကျင်းပခဲ့သော ပိုးလမ်းမရပ်ဝန်းစီမံကိန်းဖိုရမ်ကို နိုင်ငံပေါင်း(၁၃၀) ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ဖိုရမ်စတင်ကျင်းပခဲ့သည့် ၂၀၁၃ ခုနှစ်နောက်ပိုင်း တရုတ်က အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် တတိယအကြိမ်မြောက်အဓိကထိပ်သီးအစည်းအဝေးတစ်ခုလည်းဖြစ်ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနှင့်မြောက်ကိုရီးယားကြား ဆက်ဆံရေးသည် မဟာဗျူဟာမြောက်အဆင့်တစ်ခုသို့ရောက်ရှိသွားပြီဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးပြော
RELATED POSTS
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ