Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-18 / 2:15 PM)

ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၈

ပါလက်စတိုင်းဟာ အစ္စရေးရဲ့လူအများအပြားသေဆုံးစေမယ့် မျိုးသုန်းသတ်ဖြတ်မယ့်အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရကြောင်း၊ ကုလသမဂ္ဂရဲ့ပါလက်စတိုင်းရေးရာလူအခွင့်အရေးအထူးကိုယ်စားလှယ် က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ပါလက်စတိုင်းနဲ့ အစ္စရေးစစ်ပွဲ အမြန်ဆုံးရပ်တန့်အောင်လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂရဲ့လူအခွင့်အရေးအထူးကိုယ်စားလှယ်က ပြောပါတယ်။ 

အမေရိကန်အစိုးရဟာ ၎င်းရဲ့နိုင်ငံသားတွေကို လက်ဘနွန်နိုင်ငံကို ခရီးသွားရောက်ခြင်းမျိုးမလုပ်ဖို့ ကြိုတင် သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။ လက်ဘနွန်နိုင်ငံရဲ့လုံခြုံရေးအခြေအနေတွေဟာ ကောင်းမွန်မှုမရှိတဲ့ အတွက် အမေရိကန်နိုင်ငံသားများ ခရီးမသွားသင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

လက်ဘနွန်အေခြစိုက်ဟစ်ဘိုလာအုပ်စုဟာ အစ္စရေးနယ်စပ်တွေကို ရော့ကက်ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ ပြီးနောက် အစ္စရေးဘက်ကလည်း ပြန်လည်လက်တုံ့ပြန်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တင်းမာမှုအရှိန်မြင့်တက်နေ ပါတယ်။

ဂျော်ဒန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဂါဇာကမ်းမြောင်ဒေသရှိ Al-Ahli Baptist ဆေးရုံ တိုက်ခိုက်ခံရပြီးနောက် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၊ ဂျော်ဒန်ဘုရင်၊ အီဂျစ် နဲ့ ပါလက်စတိုင်းအစိုးရအဖွဲ့ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးမယ့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။


ဂျိုးဘိုင်ဒန်ဟာ အစ္စရေးနိုင်ငံကို သွားရောက်ပြီးနောက် ဂျော်ဒန်နိုင်ငံမှာ အာရပ်နိုင်ငံအချို့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ခဲ့ကြောင်း ဒါပေမယ့် ဆေးရုံတိုက်ခိုက်ခံရမှုဖြစ်ပွားပြီးချိန်မှာတော့ ဆွေးနွေးမယ့်အစီအစဉ် တွေကို ဖျက်သိမ်းခဲ့ရကြောင်း ဆိုပါတယ်။

ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးက လက်ရှိအချိန်မှာ တွေ့ဆုံဆွေးနွေးမှုတွေဟာ စစ်ပွဲရပ်တန့်ရေးမျှော်လင့်ချက်များ အတွက် အသုံးဝင်မှာ မဟုတ်တော့ကြောင်း ဆိုပါတယ်။

ဂါဇာဒေသရှိ ဆေးရုံတိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့ပြီးနောက် ရုရှားနဲ့ ယူအေအီးနိုင်ငံတို့ဟာ အောက်တိုဘာ ၁၈ ရက်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေး အရေးပေါ်ခေါ်ယူဖို့ တိုက်တွန်းတောင်းဆိုလိုက်ကြောင်း ကုလသမဂ္ဂဆိုင်ရာရုရှားသံအမတ်ကြီးက ပြောပါတယ်။ ဂါဇာဆေးရုံကို အစ္စရေးရဲ့လေကြောင်း တိုက်ခိုက်မှုတွေ ကြောင့် အနည်းဆုံးလူပေါင်း ၅ဝဝ ကျော် သေဆုံးခဲ့ပြီး လူနာတွေနဲ့ နေရာစွန့်ခွာထွက်ပြေးနေသူတွေ အခက်အခဲ များစွာဖြစ်ခဲ့ရကြောင်း ပါလက်စတိုင်းအာဏာပိုင်တွေက ပြောပါတယ်။


ရုရှားသမ္မတဟောင်းမက်ဗီဒက်က် ဂါဇာဒေသရှိ ဆေးရုံတိုက်ခိုက်ခံရခြင်းဟာ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ပြီး စစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံမှာ တာဝန်အရှိဆုံးဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။

မတူညီတဲ့နိုင်ငံတွေမှာဖြစ်ပွားနေတဲ့စစ်ပွဲတွေဟာ စစ်ပွဲကြောင့်အကျိုးအမြတ်များစွာရရှိနေတဲ့နိုင်ငံတွေမှာ တာဝန်အရှိဆုံးဖြစ်ကြောင်း၊ အထူးသဖြင့် အမေရိကန်နိုင်ငံမှာ တာဝန်အရှိဆုံးဖြစ်ကြောင်း ရုရှားသမ္မတဟောင်းက ပြောပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနိုင်ငံတွင် စွမ်းအင်ကဏ္ဍ အပါအဝင် အခြားကဏ္ဍများ၌ လာရောက်ရင်းနှီးမြှုပ်နှံရန် ယူနန်လုပ်ငန်းရှင်များအားဖိတ်ခေါ်

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved