Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကလေးနဲ့အမျိုးသမီးတွေအပါအဝင် အရပ်သားရာချီဟာ PDF များ၊ အခြားလက် နက်ကိုင်အဖွဲ့များရဲ့သတ်ဖြတ်မှုကိုခံခဲ့ရဟု ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဆို

ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၇

မြန်မာနိုင်ငံမှာ အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အရပ်သားရာချီဟာ PDF အဖွဲ့များ၊ အခြားလက်နက်ကိုင်အဖွဲ့များရဲ့သတ်ဖြတ်မှုခံခဲ့ရပြီး အဲဒီလိုမျိုးသတ်ဖြတ်ခံရသူတွေထဲမှာ ရဟန်းသံဃာတွေ၊ အမျိုးသမီးတွေ နဲ့ ကလေးငယ်တွေလည်း ပါဝင်ခဲ့ကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်ရေးအထူးကိုယ်စားလှယ် သောမတ်အန်ဒရူး(Thomas H. Andrews )ကဆိုပါတယ်။


သောမတ်အန်ဒရူးဟာ မကြာသေးမီကကျင်းပခဲ့တဲ့ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာတင်သွင်းခဲ့တဲ့ အစီရင်ခံစာထဲမှာ အထက်ပါကဲ့သို့ ဖော်ပြထားကြောင်းသိရပါတယ်။ သောမတ်အန်ဒရူးဟာ ပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပခဲ့တဲ့ လူ့အခွင့်ရေးကောင်စီအစည်းအဝေးအတွင်း စာမျက်နှာပေါင်း ၁၉ မျက်နှာပါတဲ့အစီရင်ခံစာကိုတင်သွင်းခဲ့ပြီး အဲဒီအစီရင်ခံစာရဲ့အပိုဒ် ၂၅၊ ၂၆ နဲ့ ၂၇ တို့မှာ PDF လက်နက်ကိုင်အဖွဲ့များနဲ့ NUG အဖွဲ့ရဲ့အခြေအနေများကိုထည့်သွင်းရေးသားဖော်ပြထားခြင်းဖြစ်ကြောင်း သိရပါတယ်။

သောမတ်အန်ဒရူးတင်သွင်းတဲ့အစီအရင်ခံစာထဲမှာ "အဲဒီအသတ်ခံရတဲ့အရပ် သားတွေထဲကအချို့ဟာ လက်နှစ်ဖက်ကို နောက်ပြန် ကြိုးတုတ်ပြီးဦးခေါင်းကိုပစ်သတ်ခံရတာ၊ ခေါင်းဖြတ်အသတ်ခံရတာတွေလည်းရှိခဲ့တယ်"လို့ ဖော်ပြထားပါတယ်။ 

နစကအဖွဲ့ကတော့ အတိုက်ခံလက်နက်ကိုင်အဖွဲ့တွေဟာ အရပ်သားပေါင်း ၆၀၀၀ ကျော်ကို သတ်ခဲ့တယ်လို့ ပြောဆိုထားပေမယ့် ခိုင်မာတဲ့သက်သေပြနိုင်တာမျိုးမရှိဘူးလို့ အဲဒီအစီရင်ခံစာမှာဖော်ပြထားပါတယ်။ မြန်မာနိုင်ငံရှိ လက် နက်ကိုင်အဖွဲ့စည်းတွေဟာ NUG ရဲ့စည်းကမ်းတွေကို လိုက်နာဆောင်ရွက်ခြင်းမရှိကြကြောင်း၊ ဒါ့ပြင် NUG အဖွဲ့ကိုယ်တိုင်ကလည်း ၎င်းတို့ကွပ်ကဲမှုအောက်ရှိလက်နက်ကိုင်အဖွဲ့တွေအပေါ် သြဇာလွမ်းမိုးမှုမရှိသလို ထိန်းသိမ်းနိုင်စွမ်းမရှိကြောင်း အထူးကိုယ်စားလှယ် အန်ဒရူးရဲ့အစီအရင်ခံစာထဲမှာထပ်မံဖော်ပြထားပါတယ်။ 

NUG အဖွဲ့ကိုယ်တိုင်လည်း အရပ်သားတွေအပေါ် PDF လက်နက်ကိုင်အဖွဲ့များက လူ့အခွင့်အရေးချိုးဖောက်မှုများ နဲ့ အရေကြီးတဲ့ တိုင်ကြားအစီရင်ခံမှုတွေကို တုံ့ပြန်ဖြေရှင်းဖို့ ပျက်ကွက်နေသလို PDF အဖွဲ့တွေရဲ့အကျင့်ပျက်လာဘ်စားမှုတွေ၊ ဖြေရှင်းပေးဖို့ တိုက်တွန်းတောင်းဆိုချက်တွေကို မသိကျိုးကျွံပြုခဲ့တယ်လို့ အဆိုပါအစီရင်ခံစာထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

(၃)လကြာသင်ကြားပေးမည့် အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်းဖွင့်လှစ်

RECENT POSTS
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
နိုင်ငံတစ်ဝန်းအရေးပေါ်အများပြည်သူသတိပေးစနစ် စမ်းသပ်လေ့ကျင့်မှုတွေကို ရုရှားအစိုးရလုပ်ဆောင်
02 Oct 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လာမှုနဲ့အတူ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂ဝဝ)ကျော်နဲ့ပစ်ခတ်တိုက်ခိုက်
02 Oct 2024
ထိုင်းအစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားစီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် မြန်မာများ သတိထားနေထိုင်ရန် လိုအပ်လာ
02 Oct 2024
ပအိုဝ်းနယ်မြေအထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု PNA ဆို
02 Oct 2024
အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာဖွယ်ရှိ၍ ဒေသခံပြည်သူများက သတိပြုရှောင်ရှားရန် လိုအပ်
02 Oct 2024
တိုက်ပွဲများကြောင့် သွင်းကုန်များအပေါ် ရိုက်ခတ်မှုများရှိနေရာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပိုအထိနာနေ
02 Oct 2024
မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီအဖြစ် MAI မှ BCIM ဆုရရှိ
02 Oct 2024
တောင်ကိုရီးယားရုပ်ရှင်မင်းသမီး Park Ji-ah ဦးနှောက်သွေးကြောပေါက်ကာ ကွယ်လွန်
01 Oct 2024
သေမင်းတံခါးဝမှအပြန် (ဆောင်းပါး)
01 Oct 2024
နျူကလီးယားလက်နက်တွေအသုံးပြုခဲ့မယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရသတိပေး
01 Oct 2024
အစ္စရေးက လက်ဘနွန်နိုင်ငံတွင်းကို မြေပြင်ထိုးစစ်ဆင်မှုတွေစတင်လုပ်ဆောင်
01 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved