Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အယ်လ်ဆာဗေဒိုက ဂိုဏ်းအုပ်စုများကို ဖြိုခွင်းနေစဉ် ဧရာမအကျဉ်းထောင်ကြီးသို့ အချုပ်သားများကို စတင်ပြောင်းရွှေ့

Htay Oung (NP News) - ဖေဖော်ဝါရီ ၂၅

ဗဟို အမေရိကနိုင်ငံရဲ့အကျဉ်းထောင်မှာ ထောင်သားဦးရေကို တိုးမြင့်လာစေ မယ့် အငြင်းပွားဖွယ်ရာ ရာဇဝတ်မှုနှိမ်နင်းမှုကို အယ်လ်ဆာဗေးဒိုးအစိုးရက ဆောင်ရွက်လျက်ရှိပါတယ်။

အမေရိကတိုက်မှာ အကြီးဆုံးလို့ ယူဆရတဲ့ ဧရာမအကျဉ်းထောင်ကြီးထံ ဂိုဏ်းအဖွဲ့ဝင်များအဖြစ် စွပ်စွဲခံထားရသူ ထောင်ပေါင်းများစွာတို့ကို သောကြာနေ့ (ဖေဖော်ဝါရီလ ၂၄ ရက်)နံနက် စောစောပိုင်းမှာ စတင်ပြောင်းရွှေ့လိုက်တယ်လို့ Reuters က ဇန်နဝါရီလ ၂၅ ရက်ရေးသားပါတယ်။

"အဲဒါဟာ သူတို့ရဲ့ အိမ်ရာအသစ်ပါပဲ၊ ပြည်သူလူထုအပေါ် နောက်ထပ် အန္တရာယ်ပြုနိုင်တော့မှာ မဟုတ်ပါဘူး"လို့ အယ်လ်ဆာဗေးဒိုး သမ္မတ နေယစ်ဘူကီလီက သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားပါတယ်။

အဲဒီအကျဉ်းထောင်ကြီးဟာ လူပေါင်း ၄ဝဝဝဝ ခန့်ကို ချုပ်နှောင်ထားနိုင်ပြီး ယခုပထမဆုံးပြောင်းရွှေ့လိုက်တဲ့ ထောင်သားဦးရေမှာ ၂ဝဝဝ ခန့် ရှိတယ်လို့ သိရှိရပါတယ်။ သမ္မတဘူကီလီ လွှင့်တင်ထားတဲ့ ဗွီဒီယိုမှာတော့ ခေါင်းတုံးရိတ်ထားပြီး အောက်ပိုင်း အဖြူရောင် ဘောင်းဘီတိုသာ ကျန်တဲ့အထိ ဗလာကျင်းနေတဲ့ အ ကျဉ်းသားများဟာ အကျဉ်းထောင်သစ်ရဲ့ အချုပ်ခန်းများအတွင်း အသီးသီးပြေးဝင်သွားနေကြတာကို တွေ့မြင်ရပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဂိုဏ်းဝင်အမှတ်အသား တက်တူးများ ထိုးနှံထားကြပါတယ်။

အယ်လ်ဆာဗေးဒိုးနိုင်ငံမှာ အကြမ်းဖက်ဂိုဏ်းများလက်ချက်လို့ ယူဆရတဲ့ လူ သတ်မှုများ သိသိသာသာ တိုးမြင့်လာခဲ့ပါတယ်။ ဒုစရိုက်မှုများ နှိမ်နင်းရာမှာ လိုအပ်တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ နိုင်ငံသားများအခွင့်အရေးအချို့ကို ဆိုင်းငံ့ထားမည့် (မာရှယ်လော ကဲ့သို့ သီးသန့်) ခြွင်းချက်အခြေအနေတစ်ရပ်ကို အတည်ပြုရန် သူ့ရဲ့ မဟာမိတ်ပါတီများထံ သမ္မတဘူကီလီက တောင်းဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ အဲ့ဒီဥပဒေကို အကြိမ်ကြိမ် သက်တမ်းတိုးခဲ့ကြောင်းလည်း တွေ့ရှိရပါတယ်။

အဲဒီအချိန်မှစပြီး ရာဇဝတ်မှု တားဆီးတိုက်ဖျက်ရေး ပိုက်စိပ်တိုက် စစ်ဆင်ရေးများမှာ သံသယရှိသူ ၆၄ဝဝဝ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဝရမ်းမပါဘဲ ဖမ်း ဆီးမှုများပြုလုပ်နိုင်ပြီး ပုဂ္ဂလိက ဆက်သွယ်မှုများကို အစိုးရမှဝင်ရောက်ကြည့်ရှုခွင့် ပြုထားပါတယ်။ အကျဉ်းသားများအတွက် ရှေ့နေငှားရမ်းခွင့်လည်း ရေရှည်ပေးအပ် မထားပါဘူး။

ရဲတပ်ဖွဲ့က ချုပ်နှောင်ထားစဉ်အတွင်း လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရခြင်းအပါအဝင် အစိုးရရဲ့ မူဝါဒအရ အပြစ်မဲ့ပြည်သူအများအပြားတို့ ဖမ်းဆီးခံနေရတယ်လို့ လူ့အခွင့်အရေးအဖွဲ့များရဲ့ ထောက်ပြကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒါပေမဲ့ သမ္မတ ဘူကီလီရဲ့ ဂိုဏ်းအုပ်စုဆန့်ကျင်ရေး တက်သုတ်ရိုက် ဆောင်ရွက်မှုဟာ အယ်လ်ဆာဗေးဒိုး လူတန်းစားအလွှာစုံအတွင်း ကျယ်ကျယ်ပြန့်ပြန့် ရေ ပန်းစားနေဆဲဖြစ်ပါတယ်။ ရာဇဝတ်မှုကျူးလွန်သူအားလုံးကို တစ်ယောက်မကျန် လက်ရဖမ်းဆီးရမိသည်အထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံရဲ့ လုံခြုံရေးဝန်ကြီးက Reuters သတင်းအေဂျင်စီကို ပြောပြပါတယ်။

တောင်နဲ့ မြောက် အမေရိကတိုက်နှစ်ခု ဆက်သွယ်ရာ အလယ်ပိုင်း ကုန်းမြေပေါ်မှာ တည်ရှိတဲ့ အယ်လ်ဆာဗေးဒိုးဟာ လူဦးရေ (၆)သန်းကျော်သာနေထိုင်တဲ့ နိုင်ငံငယ်လေးဖြစ်ပေမဲ့ လက်တင်အမေရိကတိုက်မှာ စတုတ္ထမြောက် ဂျီဒီပီအများဆုံးဖြစ်ပါတယ်။ နိုင်ငံအတွင်း မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်ပြီး ဂိုဏ်းဖွဲ့ကျူးလွန်တဲ့ ရာဇဝတ်အုပ်စုများ သောင်းကျန်းနေကြပါတယ်။ ဂိုဏ်းအချင်းချင်းလည်း တိုက်ခိုက်နေကြပြီး နှစ်စဉ် လူသတ်မှု ၄ဝဝ ကျော်နဲ့ အကြမ်းဖက် မှုခင်းပေါင်း ၂ဝဝ နီးပါးရှိနေပါတယ်။ ၂ဝ၁၁ ခုနှစ်မှာ ဂိုဏ်းဖွဲ့ကျူးလွန်မှုကြောင့် ထောင် ကျနေကြသူ ၄၃၅ဝဝ ဦးရှိနေပြီး လွတ်မြောက်နေသူ ၂၅ဝဝဝ ခန့်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ရာဇဝတ်ဂိုဏ်းများနဲ့ ပတ်သက်နေသူ လူငယ် ၆ဝဝဝဝ ခန့်ရှိနေပြီး ဂိုဏ်းအုပ်စုများဟာ အယ်လ်ဆာဗေးဒိုး လူငယ်အများးစုရဲ့ နေ့စဉ်ဘဝအပေါ် လွှမ်းမိုးတဲ့အထိ ဖြစ်လာနေပါတယ်။

အယ်လ်ဆာဗေးဒိုးရှိ အကျဉ်းထောင် ၂၉ ခုဟာ အစိုးရက ဖမ်းဆီးထားသူ ၆ဝဝဝဝ ကျော်နဲ့ မဆန့်မပြဲဖြစ်နေပြီး လက်ခံနိုင်တဲ့ အရေအတွက်ထက် ၆ဝဝ ရာခိုင်နှုန်းကို ကိုင်တွယ်နေကြရပါတယ်။ ရာဇဝတ်သားတွေဟာ အကျဉ်းထောင်အတွင်းမှာလည်း အချင်းချင်းအုပ်စုဖွဲ့ တိုက်ခိုက်ကြတဲ့အတွက် လူသေဆုံးမှုများ ဖြစ်ပေါ်နေပါတယ်။ အဲ့ဒီအတွက် လူ ၄ဝဝဝဝ ဆံ့ “လာအက်စ်ပန်ရန်ဇာ" ဧရာမအကျဉ်းထောင်ကြီးကို လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်မှာ ဖွင့်လှစ်လိုက်ပါတယ်။

အခြားတစ်ဖက်မှာ ပြန်ကြည့်ရင်တော့ အယ်လ်ဆာဗေးဒိုး အရွယ်ရောက်သူများရဲ့ ၂ ရာခိုင်နှုန်းဟာ သမ္မတဘူကီလီရဲ့ ဂိုဏ်းဖွဲ့ အကြမ်းဖက်မှုများ နှိမ်နင်းရေး စစ်ဆင်ရေးအရ ထောင်ထဲ ရောက်နေကြတယ်လို့ CNN က ရေးသားခဲ့ဖူးပါတယ်။

(Reuters. 25 February 2023,"El Salvador begins transfers to 'mega prison' amid gang crackdown" ကို ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version

အယ္လ္ဆာေဗဒိုက ဂိုဏ္းအုပ္စုမ်ားကို ၿဖိဳခြင္းေနစဥ္ ဧရာမအက်ဥ္းေထာင္ႀကီးသို႔ အခ်ဳပ္သားမ်ားကို စတင္ေျပာင္းေ႐ႊ႕

Htay Oung (NP News) - ေဖေဖာ္ဝါရီ ၂၅

ဗဟို အေမရိကႏိုင္ငံရဲ႕အက်ဥ္းေထာင္မွာ ေထာင္သားဦးေရကို တိုးျမင့္လာေစ မယ့္ အျငင္းပြားဖြယ္ရာ ရာဇဝတ္မႈႏွိမ္နင္းမႈကို အယ္လ္ဆာေဗးဒိုးအစိုးရက ေဆာင္႐ြက္လ်က္ရွိပါတယ္။

အေမရိကတိုက္မွာ အႀကီးဆုံးလို႔ ယူဆရတဲ့ ဧရာမအက်ဥ္းေထာင္ႀကီးထံ ဂိုဏ္းအဖြဲ႕ဝင္မ်ားအျဖစ္ စြပ္စြဲခံထားရသူ ေထာင္ေပါင္းမ်ားစြာတို႔ကို ေသာၾကာေန႔ (ေဖေဖာ္ဝါရီလ ၂၄ ရက္)နံနက္ ေစာေစာပိုင္းမွာ စတင္ေျပာင္းေ႐ႊ႕လိုက္တယ္လို႔ Reuters က ဇန္နဝါရီလ ၂၅ ရက္ေရးသားပါတယ္။

"အဲဒါဟာ သူတို႔ရဲ႕ အိမ္ရာအသစ္ပါပဲ၊ ျပည္သူလူထုအေပၚ ေနာက္ထပ္ အႏၲရာယ္ျပဳႏိုင္ေတာ့မွာ မဟုတ္ပါဘူး"လို႔ အယ္လ္ဆာေဗးဒိုး သမၼတ ေနယစ္ဘူကီလီက သူ႔ရဲ႕ တြစ္တာစာမ်က္ႏွာမွာ ေရးသားပါတယ္။

အဲဒီအက်ဥ္းေထာင္ႀကီးဟာ လူေပါင္း ၄ဝဝဝဝ ခန႔္ကို ခ်ဳပ္ေႏွာင္ထားႏိုင္ၿပီး ယခုပထမဆုံးေျပာင္းေ႐ႊ႕လိုက္တဲ့ ေထာင္သားဦးေရမွာ ၂ဝဝဝ ခန႔္ ရွိတယ္လို႔ သိရွိရပါတယ္။ သမၼတဘူကီလီ လႊင့္တင္ထားတဲ့ ဗြီဒီယိုမွာေတာ့ ေခါင္းတုံးရိတ္ထားၿပီး ေအာက္ပိုင္း အျဖဴေရာင္ ေဘာင္းဘီတိုသာ က်န္တဲ့အထိ ဗလာက်င္းေနတဲ့ အ က်ဥ္းသားမ်ားဟာ အက်ဥ္းေထာင္သစ္ရဲ႕ အခ်ဳပ္ခန္းမ်ားအတြင္း အသီးသီးေျပးဝင္သြားေနၾကတာကို ေတြ႕ျမင္ရပါတယ္။ သူတို႔ရဲ႕ ခႏၶာကိုယ္ေပၚမွာ ဂိုဏ္းဝင္အမွတ္အသား တက္တူးမ်ား ထိုးႏွံထားၾကပါတယ္။

အယ္လ္ဆာေဗးဒိုးႏိုင္ငံမွာ အၾကမ္းဖက္ဂိုဏ္းမ်ားလက္ခ်က္လို႔ ယူဆရတဲ့ လူ သတ္မႈမ်ား သိသိသာသာ တိုးျမင့္လာခဲ့ပါတယ္။ ဒုစ႐ိုက္မႈမ်ား ႏွိမ္နင္းရာမွာ လိုအပ္တဲ့အတြက္ ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာ ႏိုင္ငံသားမ်ားအခြင့္အေရးအခ်ိဳ႕ကို ဆိုင္းငံ့ထားမည့္ (မာရွယ္ေလာ ကဲ့သို႔ သီးသန႔္) ႁခြင္းခ်က္အေျခအေနတစ္ရပ္ကို အတည္ျပဳရန္ သူ႔ရဲ႕ မဟာမိတ္ပါတီမ်ားထံ သမၼတဘူကီလီက ေတာင္းဆိုခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္မွာ ျပ႒ာန္းခဲ့တဲ့ အဲ့ဒီဥပေဒကို အႀကိမ္ႀကိမ္ သက္တမ္းတိုးခဲ့ေၾကာင္းလည္း ေတြ႕ရွိရပါတယ္။

အဲဒီအခ်ိန္မွစၿပီး ရာဇဝတ္မႈ တားဆီးတိုက္ဖ်က္ေရး ပိုက္စိပ္တိုက္ စစ္ဆင္ေရးမ်ားမွာ သံသယရွိသူ ၆၄ဝဝဝ ေက်ာ္ကို ဖမ္းဆီးခဲ့ပါတယ္။ ဖမ္းဝရမ္းမပါဘဲ ဖမ္း ဆီးမႈမ်ားျပဳလုပ္ႏိုင္ၿပီး ပုဂၢလိက ဆက္သြယ္မႈမ်ားကို အစိုးရမွဝင္ေရာက္ၾကည့္ရႈခြင့္ ျပဳထားပါတယ္။ အက်ဥ္းသားမ်ားအတြက္ ေရွ႕ေနငွားရမ္းခြင့္လည္း ေရရွည္ေပးအပ္ မထားပါဘူး။

ရဲတပ္ဖြဲ႕က ခ်ဳပ္ေႏွာင္ထားစဥ္အတြင္း လူဒါဇင္ေပါင္းမ်ားစြာ ေသဆုံးခဲ့ရျခင္းအပါအဝင္ အစိုးရရဲ႕ မူဝါဒအရ အျပစ္မဲ့ျပည္သူအမ်ားအျပားတို႔ ဖမ္းဆီးခံေနရတယ္လို႔ လူ႔အခြင့္အေရးအဖြဲ႕မ်ားရဲ႕ ေထာက္ျပကန႔္ကြက္မႈမ်ား ျဖစ္ေပၚခဲ့ပါတယ္။

ဒါေပမဲ့ သမၼတ ဘူကီလီရဲ႕ ဂိုဏ္းအုပ္စုဆန႔္က်င္ေရး တက္သုတ္႐ိုက္ ေဆာင္႐ြက္မႈဟာ အယ္လ္ဆာေဗးဒိုး လူတန္းစားအလႊာစုံအတြင္း က်ယ္က်ယ္ျပန႔္ျပန႔္ ေရ ပန္းစားေနဆဲျဖစ္ပါတယ္။ ရာဇဝတ္မႈက်ဴးလြန္သူအားလုံးကို တစ္ေယာက္မက်န္ လက္ရဖမ္းဆီးရမိသည္အထိ ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ႏိုင္ငံရဲ႕ လုံၿခဳံေရးဝန္ႀကီးက Reuters သတင္းေအဂ်င္စီကို ေျပာျပပါတယ္။

ေတာင္နဲ႔ ေျမာက္ အေမရိကတိုက္ႏွစ္ခု ဆက္သြယ္ရာ အလယ္ပိုင္း ကုန္းေျမေပၚမွာ တည္ရွိတဲ့ အယ္လ္ဆာေဗးဒိုးဟာ လူဦးေရ (၆)သန္းေက်ာ္သာေနထိုင္တဲ့ ႏိုင္ငံငယ္ေလးျဖစ္ေပမဲ့ လက္တင္အေမရိကတိုက္မွာ စတုတၳေျမာက္ ဂ်ီဒီပီအမ်ားဆုံးျဖစ္ပါတယ္။ ႏိုင္ငံအတြင္း မူးယစ္ေဆးဝါးနဲ႔ ဆက္ႏြယ္ၿပီး ဂိုဏ္းဖြဲ႕က်ဴးလြန္တဲ့ ရာဇဝတ္အုပ္စုမ်ား ေသာင္းက်န္းေနၾကပါတယ္။ ဂိုဏ္းအခ်င္းခ်င္းလည္း တိုက္ခိုက္ေနၾကၿပီး ႏွစ္စဥ္ လူသတ္မႈ ၄ဝဝ ေက်ာ္နဲ႔ အၾကမ္းဖက္ မႈခင္းေပါင္း ၂ဝဝ နီးပါးရွိေနပါတယ္။ ၂ဝ၁၁ ခုႏွစ္မွာ ဂိုဏ္းဖြဲ႕က်ဴးလြန္မႈေၾကာင့္ ေထာင္ က်ေနၾကသူ ၄၃၅ဝဝ ဦးရွိေနၿပီး လြတ္ေျမာက္ေနသူ ၂၅ဝဝဝ ခန႔္ရွိမယ္လို႔ ခန႔္မွန္းရပါတယ္။ ရာဇဝတ္ဂိုဏ္းမ်ားနဲ႔ ပတ္သက္ေနသူ လူငယ္ ၆ဝဝဝဝ ခန႔္ရွိေနၿပီး ဂိုဏ္းအုပ္စုမ်ားဟာ အယ္လ္ဆာေဗးဒိုး လူငယ္အမ်ားးစုရဲ႕ ေန႔စဥ္ဘဝအေပၚ လႊမ္းမိုးတဲ့အထိ ျဖစ္လာေနပါတယ္။

အယ္လ္ဆာေဗးဒိုးရွိ အက်ဥ္းေထာင္ ၂၉ ခုဟာ အစိုးရက ဖမ္းဆီးထားသူ ၆ဝဝဝဝ ေက်ာ္နဲ႔ မဆန႔္မၿပဲျဖစ္ေနၿပီး လက္ခံႏိုင္တဲ့ အေရအတြက္ထက္ ၆ဝဝ ရာခိုင္ႏႈန္းကို ကိုင္တြယ္ေနၾကရပါတယ္။ ရာဇဝတ္သားေတြဟာ အက်ဥ္းေထာင္အတြင္းမွာလည္း အခ်င္းခ်င္းအုပ္စုဖြဲ႕ တိုက္ခိုက္ၾကတဲ့အတြက္ လူေသဆုံးမႈမ်ား ျဖစ္ေပၚေနပါတယ္။ အဲ့ဒီအတြက္ လူ ၄ဝဝဝဝ ဆံ့ “လာအက္စ္ပန္ရန္ဇာ" ဧရာမအက်ဥ္းေထာင္ႀကီးကို လြန္ခဲ့တဲ့ ေဖေဖာ္ဝါရီလ ၁ ရက္မွာ ဖြင့္လွစ္လိုက္ပါတယ္။

အျခားတစ္ဖက္မွာ ျပန္ၾကည့္ရင္ေတာ့ အယ္လ္ဆာေဗးဒိုး အ႐ြယ္ေရာက္သူမ်ားရဲ႕ ၂ ရာခိုင္ႏႈန္းဟာ သမၼတဘူကီလီရဲ႕ ဂိုဏ္းဖြဲ႕ အၾကမ္းဖက္မႈမ်ား ႏွိမ္နင္းေရး စစ္ဆင္ေရးအရ ေထာင္ထဲ ေရာက္ေနၾကတယ္လို႔ CNN က ေရးသားခဲ့ဖူးပါတယ္။

(Reuters. 25 February 2023,"El Salvador begins transfers to 'mega prison' amid gang crackdown" ကို ဆီေလ်ာ္ေအာင္ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဖိလစ်ပိုင်နိုင်ငံမှာ သမ္မတဟောင်းဖာဒီနန်မာကိုစ့်ကို ရာထူးကဖြုတ်ချနိုင်တဲ့ (၃၇)နှစ်ပြည့်အောင်ပွဲနဲ့အတူ ဆန္ဒပြပွဲများပြုလုပ်

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved