Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဖိလစ်ပိုင်နိုင်ငံမှာ သမ္မတဟောင်းဖာဒီနန်မာကိုစ့်ကို ရာထူးကဖြုတ်ချနိုင်တဲ့ (၃၇)နှစ်ပြည့်အောင်ပွဲနဲ့အတူ ဆန္ဒပြပွဲများပြုလုပ်

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၅

ဖိလစ်ပိုင်ပြည်သူတွေဟာ လက်ရှိသမ္မတ ဖာဒီနန်မာကိုစ်ဂျူနီယာရဲ့ဖခင်ဖြစ်သူ မာကိုစ့်ကို ရာထူးက ဖြုတ်ချနိုင်တဲ့ ပြည်သူ့အောင်ပွဲအခမ်းအနားနဲ့အတူ ဆန္ဒပြပွဲတွေကို ဖေဖော်ဝါရီလ ၂၅ ရက်၊ နံနက်ပိုင်းက ကျင်းပခဲ့ပြီး လူရာချီတက်ရောက်ခဲ့ကြောင်းသိရပါတယ်။

ဖိလစ်ပိုင်နိုင်ငံရဲ့အာဏာရှင်အဖြစ်သတ်မှတ်ခံရတဲ့ ဖာဒီနန်မာကိုစ့်ဟာ ပြီးခဲ့တဲ့နှစ်ပေါင်း (၃၇)နှစ်ကျော်က ပြည်သူတွေရဲ့ ဆန္ဒပြမှုများကြောင့် ပြည်ပကိုမိသားစုလိုက်ထွက်ပြေးကာ သမ္မတ ရာထူးကနေ ဆင်းပေးခဲ့ရသူဖြစ်ပါတယ်။အဆိုပါ ပြည်သူ့အောင်ပွဲအခမ်းအနားကို မာကိုစ့်ရဲ့သားဖြစ်သူ ဖာဒီနန်မာကိုစ့်ဂျူနီယာ သမ္မတအဖြစ် တာဝန်ယူတဲ့ ၂ဝ၂၂ ခုနှစ်နောက်ပိုင်းမှာ ပထမဆုံးအကြိမ်ပြန်လည်ကျင်းပခြင်းဖြစ်ကြောင်းသိရပါတယ်။ မာကိုစ့်ဟာ ဖိလစ်ပိုင်သမ္မတအ ဖြစ် နှစ်ပေါင်း ၂ဝ ကျော်ကြာအုပ်ချုပ်ခဲ့ပြီး သူရဲ့လက်ထက်မှာ ဖိလစ်ပိုင်နိုင်ငံဟာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ အကျင့်ပျက်ခြစားမှုတွေနဲ့ဆိုးရွားတဲ့အခြေနေမျိုးကို ရောက်ရှိခဲ့ကြောင်းသိရပါတယ်။

ဒါပေမယ့် ဖာဒီနန်မာကိုစ့် ဂျူနီယာကတော့ သူရဲ့ဖခင်အပေါ် ချီးကျူးပြောဆိုမှုတွေရှိနေကြောင်းသိရပါတယ်။ မာကိုစ့်ဟာ သမ္မတအဖြစ် တာဝန်ယူချိန်အတွင်းဆန္ဒပြ ပြည်သူတွေအပေါ် ပြင်းထန်တဲ့ ဖြိုခွင်းမှုတွေလုပ်ဆောင်ခဲ့ပြီး လူထောင်ချီကို သတ်ဖြတ်မှုတွေ၊ ဖမ်းဆီးချုပ်နှောင်မှုတွေလုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့တဲ့ အာဏာရှင်ကိုဖြုတ်ချနိုင်ခဲ့တဲ့ ပြည်သူ့အောင်ပွဲနေ့ ဆန္ဒပြပွဲကို မာကိုစ့်ရဲ့ဖြိုခွင်းမှုတွေကြောင့်အသက်မသေဘဲ ကျန်နေခဲ့သူများပါဝင်ခဲ့ကြောင်းသိရပါတယ်။

အဆိုပါဆန္ဒပြပွဲမှာပါဝင်ခဲ့သူများက " သမ္မတဟောင်း ဖာဒီနန်မာကိုစ့် နဲ့ သမ္မတဟောင်း ဒူတာတေးတို့ဟာ အာဏာရှင်ဖြစ်ကြောင်း" ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။ ဆန္ဒပြပွဲမှာပါဝင်တဲ့လူငယ်တစ်ဦးက "မာကိုစ့်ကို ဆန့်ကျင်သူတွေဟာ ဆိုးရွားတဲ့အဖြစ်အပျက်တွေနဲ့ ရင်ဆိုင်ခဲ့ရတယ်ဆိုတာကိုကြားသိခဲ့ရတယ်။ လက်ရှိ သမ္မတ ဖာဒီနန်မာကိုစ့် ဂျူနီယာဟာလည်း သူအဖေလိုမျိုး လုပ်ဆောင်ဖို့ စတင်နေတယ်။ ဖာဒီနန်မာကိုစ့် ဂျူနီယာဟာ သူအဖေလုပ်ခဲ့တဲ့လမ်းကြောင်း မျိုးကို မလျှောက်လှမ်းဖို့မျှော်လင့်တယ်" လို့ပြောပါတယ်။

zawgyi version

ဖိလစ်ပိုင်ငံမှာ သမ္မတဟောင်းဖာဒီနန်မာကိုစ့်ကို ရာထူးကဖြုတ်ချနိုင်တဲ့ (၃၇)နှစ်ပြည့်အောင်ပွဲနဲ့အတူ ဆန္ဒပြပွဲများပြုလုပ်






Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရွှေတိဂုံပုံတူစေတီပါဝင်မည့် ဗုဒ္ဓဥယျာဉ်တော်ကြီး စပိန်နိုင်ငံတွင် တည်ဆောက်မည်

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved