Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရွှေတိဂုံပုံတူစေတီပါဝင်မည့် ဗုဒ္ဓဥယျာဉ်တော်ကြီး စပိန်နိုင်ငံတွင် တည်ဆောက်မည်

ခေတ် (NP News) - ဖေဖော်ဝါရီ ၂၅

စပိန်နိုင်ငံတွင် အကောင်အထည်ဖော်မည့် မဟာကရူနာ စီမံကိန်းနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာ အခြေခံသည့် အာရှ-ဥရောပ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်သည် လုမ္ဗနီဥယျာဉ် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ Jose Maunel Vilanova Aleman ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ကြောင်း နိုင်ငံတကာ ဗုဒ္ဓဘာသာပညာရေးဌာန (IBEC) ၏ ကျောင်းအုပ်နှင့် စတော့ဟုမ်း ကမ္ဘာ့ငြိမ်း ချမ်းရေး ဆုရှင် ဗုဒ္ဓဘာသာ ဆရာတော် ဒေါက်တာ အရှင်သောဘိတ၏ မိန့်ကြားချက်အရ သိရသည်။

အဆိုပါ အစည်းအဝေးပွဲကို ဖေဖော်ဝါရီလ ၂၁ ရက်တွင် နေပြည်တော်ရှိ ဝန်ကြီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

လုမ္ဗနီဥယျာဉ်ဖောင်ဒေးရှင်းဥက္ကဋ္ဌက စေတီပုထိုးများ၊ ဘာသာရေးဆိုင်ရာ အ ဆောက်အအုံများ ဆောက်လုပ်မည့် အစီအစဉ်ကို ရှင်းပြခဲ့ကြောင်း သိရသည်။

စပိန်အစိုးရက မြန်မာ၊ နီပေါ၊ သီရိလင်္ကာ၊ ဘူတန် နှင့် ထိုင်းနိုင်ငံတို့မှ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်အပါအဝင် စေတီ၊ ပုထိုးတော်များကို တည်ဆောက်ရန် စပိန်နိုင်ငံ Caceres Holy Land မြို့တွင် အမြင့် ၄၇ မီတာ၊ မြေဧရိယာ ၁၁ဝ ဟက်တာခန့် ခွင့်ပြုချက်ပေးထားပြီး ဖြစ်ကြောင်း သိရသည်။

စီမံကိန်း၌ မြန်မာနိုင်ငံတွင် ထင်ရှားသော ရွှေတိဂုံစေတီတော်ပုံတူတော်ကို တည် ဆောက်ရန်အတွက် ဆရာတော် ဒေါက်တာ အရှင်သောဘိတအား ဒါရိုက်တာအဖြစ် ခန့်အပ်ထားကြောင်း သိရသည်။

မဟာကရူနာ စီမံကိန်းကို ၂ဝ၁၈ ခုနှစ်မှ စတင်ရေးဆွဲခဲ့ပြီး ဆောက်လုပ်ရေးကာ လသည် (၁၅)နှစ်အဖြစ် လျာထားကြောင်း သိရသည်။

စီမံကိန်းတွင် မြန်မာ၊ ထိုင်း၊ နီပေါနှင့် ထိုင်းစသည့် ထေရဝါဒ ဗုဒ္ဓဘာသာ ကိုး ကွယ်သည့် နိုင်ငံများမှ စေတီများနှင့် ဘာသာရေး အဆောက်အအုံများကို ဦးစား ပေး ဆောက်လုပ်မည်ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားချက်အရ သိရသည်။

မြန်မာနိုင်ငံမှ စေတီပုထိုးများနှင့် သာသနာ့အဆောက်အအုံများ၏ ပုံတူများကို စပိန်နိုင်ငံတွင် ဆောက်လုပ်ခွင့် ရရှိခြင်းကြောင့် မြန်မာနိုင်ငံအကြောင်း ပိုမိုသိရှိလာပြီး မြန်မာ့ခရီးသွားလုပ်ငန်းကိုလည်း မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။

အလားတူ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က မြန်မာ-နီပေါနှင့် စပိန်ဘုရားဖူးခရီးစဉ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် အခွင့်အလမ်းများ ပံ့ပိုးပေးမည့် စီမံကိန်းကို ကြိုဆိုကြောင်း၊ ခရီးသွားလုပ်ငန်း မြှင့်တင်ရန်နှင့် ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေရန်အတွက် ဝန်ကြီးဌာနအနေဖြင့် ဗုဒ္ဓဘာသာ ပြန့်ပွားရေးအတွက် အဖက်ဖက်မှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

zawgyi version

ေ႐ႊတိဂုံပုံတူေစတီပါဝင္မည့္ ဗုဒၶဥယ်ာဥ္ေတာ္ႀကီး စပိန္ႏိုင္ငံတြင္ တည္ေဆာက္မည္

ေခတ္ (NP News) - ေဖေဖာ္ဝါရီ ၂၅

စပိန္ႏိုင္ငံတြင္ အေကာင္အထည္ေဖာ္မည့္ မဟာက႐ူနာ စီမံကိန္းႏွင့္ ပတ္သက္၍ ဗုဒၶဘာသာ အေျခခံသည့္ အာရွ-ဥေရာပ ခရီးသြားလုပ္ငန္း ဖြံ႕ၿဖိဳးတိုးတက္ေစရန္ ရည္႐ြယ္၍ ဟိုတယ္ႏွင့္ ခရီးသြားလာေရး ဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ဦးေဌးေအာင္သည္ လုမၺနီဥယ်ာဥ္ ေဖာင္ေဒးရွင္း ဥကၠ႒ Jose Maunel Vilanova Aleman ဦးေဆာင္ေသာ ကိုယ္စားလွယ္အဖြဲ႕ႏွင့္ ေတြ႕ဆုံခဲ့ေၾကာင္း ႏိုင္ငံတကာ ဗုဒၶဘာသာပညာေရးဌာန (IBEC) ၏ ေက်ာင္းအုပ္ႏွင့္ စေတာ့ဟုမ္း ကမာၻ႔ၿငိမ္း ခ်မ္းေရး ဆုရွင္ ဗုဒၶဘာသာ ဆရာေတာ္ ေဒါက္တာ အရွင္ေသာဘိတ၏ မိန႔္ၾကားခ်က္အရ သိရသည္။

အဆိုပါ အစည္းအေဝးပြဲကို ေဖေဖာ္ဝါရီလ ၂၁ ရက္တြင္ ေနျပည္ေတာ္ရွိ ဝန္ႀကီးဌာန၌ က်င္းပခဲ့ေၾကာင္း သိရသည္။

လုမၺနီဥယ်ာဥ္ေဖာင္ေဒးရွင္းဥကၠ႒က ေစတီပုထိုးမ်ား၊ ဘာသာေရးဆိုင္ရာ အ ေဆာက္အအုံမ်ား ေဆာက္လုပ္မည့္ အစီအစဥ္ကို ရွင္းျပခဲ့ေၾကာင္း သိရသည္။

စပိန္အစိုးရက ျမန္မာ၊ နီေပါ၊ သီရိလကၤာ၊ ဘူတန္ ႏွင့္ ထိုင္းႏိုင္ငံတို႔မွ ကမာၻ႔အႀကီးဆုံး ဗုဒၶ႐ုပ္ပြားေတာ္အပါအဝင္ ေစတီ၊ ပုထိုးေတာ္မ်ားကို တည္ေဆာက္ရန္ စပိန္ႏိုင္ငံ Caceres Holy Land ၿမိဳ႕တြင္ အျမင့္ ၄၇ မီတာ၊ ေျမဧရိယာ ၁၁ဝ ဟက္တာခန႔္ ခြင့္ျပဳခ်က္ေပးထားၿပီး ျဖစ္ေၾကာင္း သိရသည္။

စီမံကိန္း၌ ျမန္မာႏိုင္ငံတြင္ ထင္ရွားေသာ ေ႐ႊတိဂုံေစတီေတာ္ပုံတူေတာ္ကို တည္ ေဆာက္ရန္အတြက္ ဆရာေတာ္ ေဒါက္တာ အရွင္ေသာဘိတအား ဒါ႐ိုက္တာအျဖစ္ ခန႔္အပ္ထားေၾကာင္း သိရသည္။

မဟာက႐ူနာ စီမံကိန္းကို ၂ဝ၁၈ ခုႏွစ္မွ စတင္ေရးဆြဲခဲ့ၿပီး ေဆာက္လုပ္ေရးကာ လသည္ (၁၅)ႏွစ္အျဖစ္ လ်ာထားေၾကာင္း သိရသည္။

စီမံကိန္းတြင္ ျမန္မာ၊ ထိုင္း၊ နီေပါႏွင့္ ထိုင္းစသည့္ ေထရဝါဒ ဗုဒၶဘာသာ ကိုး ကြယ္သည့္ ႏိုင္ငံမ်ားမွ ေစတီမ်ားႏွင့္ ဘာသာေရး အေဆာက္အအုံမ်ားကို ဦးစား ေပး ေဆာက္လုပ္မည္ျဖစ္ေၾကာင္း ဆရာေတာ္က မိန႔္ၾကားခ်က္အရ သိရသည္။

ျမန္မာႏိုင္ငံမွ ေစတီပုထိုးမ်ားႏွင့္ သာသနာ့အေဆာက္အအုံမ်ား၏ ပုံတူမ်ားကို စပိန္ႏိုင္ငံတြင္ ေဆာက္လုပ္ခြင့္ ရရွိျခင္းေၾကာင့္ ျမန္မာႏိုင္ငံအေၾကာင္း ပိုမိုသိရွိလာၿပီး ျမန္မာ့ခရီးသြားလုပ္ငန္းကိုလည္း ျမႇင့္တင္ေပးႏိုင္မည္ ျဖစ္သည္။

အလားတူ ျပည္ေထာင္စုဝန္ႀကီး ဦးေဌးေအာင္က ျမန္မာ-နီေပါႏွင့္ စပိန္ဘုရားဖူးခရီးစဥ္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ပူးေပါင္းေဆာင္႐ြက္မည့္ အခြင့္အလမ္းမ်ား ပံ့ပိုးေပးမည့္ စီမံကိန္းကို ႀကိဳဆိုေၾကာင္း၊ ခရီးသြားလုပ္ငန္း ျမႇင့္တင္ရန္ႏွင့္ ခ်စ္ၾကည္ရင္းႏွီးမႈ ခိုင္မာေစရန္အတြက္ ဝန္ႀကီးဌာနအေနျဖင့္ ဗုဒၶဘာသာ ျပန႔္ပြားေရးအတြက္ အဖက္ဖက္မွ ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေျပာသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စင်ကာပူမှာ ရဲအရာရှိယောင်ဆောင် လှည့်စားမှုများကြောင့် အနည်းဆုံး စင်ကာပူဒေါ်လာ (၁ ဒသမ ၉)သန်း ဆုံးရှုံးခဲ့ဟုဆို

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved