Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စင်ကာပူမှာ ရဲအရာရှိယောင်ဆောင် လှည့်စားမှုများကြောင့် အနည်းဆုံး စင်ကာပူဒေါ်လာ (၁ ဒသမ ၉)သန်း ဆုံးရှုံးခဲ့ဟုဆို

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂၆

အစိုးရ အရာရှိများ အထူးသဖြင့် ရဲအရာရှိများ အယောင်ဆောင်ခြင်း ပါဝင်တဲ့ လိမ်လည်လှည့်စားမှုမျိုးကွဲများ ပြန်လည်တွေ့ရှိလာကြောင်း ရဲတပ်ဖွဲ့က သောကြာနေ့ (ဖေဖော်ဝါရီလ ၂၄ ရက်)မှာ သတိပေးခဲ့ပါတယ်။

ယင်းကိစ္စများမှာ လိမ်လည်သူများဟာ စင်ကာပူရဲတပ်ဖွဲ့ (SPF) အရာရှိများကဲ့သို့ အယောင်ဆောင်ကာ လူတွေကို ကိုယ်ရေးကိုယ်တာ အချက်အလက်များ ပေးဆောင်ရန် သို့မဟုတ် ၎င်းတို့ရဲ့ ငွေများကို ပြင်ပဘဏ်အကောင့်များသို့ လွှဲပြောင်းပေးရန် ဖျားယောင်း လိမ်လည်ခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီလမှစ ယင်းလိမ်လည်မှုများမှာ အနည်းဆုံး အလိမ်ခံရသူ (၂၃)ဦးရှိခဲ့ပြီး အနည်းဆုံး စင်ကာပူဒေါ်လာ (၁ ဒဿမ ၉)သန်း ဆုံးရှုံးခဲ့ရပါတယ်။

ပုံမှန်အားဖြင့် ယင်းလိမ် လည်လှည့်ဖြားမှုများမှာ အများသူငှာအဖွဲ့ဝင်တစ်ဦးဟာ ၎င်းတို့ရဲ့ဘဏ်အကောင့်မှာ ငွေပေးငွေယူ ပြဿနာများရှိခြင်း သို့မဟုတ် ငွေကြေးခဝါချမှုမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲကာ ဘဏ်အရာရှိအဖြစ် ဟန်ဆောင်လိမ်လည်ကာ ဖုန်းခေါ်ဆိုမည် ဖြစ်ပါတယ်။

ယင်းနောက် ခေါ်ဆိုမှုကို SPF အရာရှိတစ်ဦးအဖြစ် အသွင်ဆောင်ထားတဲ့ ဒုတိယ လိမ်လည်သူထံ လွှဲပြောင်းပေးမည်ဖြစ်ပါတယ်။ ယင်းနောက် URL လင့်ခ်တစ်ခုပေးပြီး ဒုတိယလိမ်လည်သူဟာ ရဲတပ်ဖွဲ့ရဲ့ တရာဝင်ဝဘ်ဆိုဒ်နဲ့တူတဲ့ ဆိုက်အတုတစ်ခုမှာ အလိမ်ခံရတော့မယ့် သူတို့ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ဘဏ်လုပ်ငန်း အသေးစိတ်အချက်အလက်များကို ဖြည့်ခိုင်းပါတယ်။ ယင်းနောက်လိမ်လည်သူဟာ စုံစမ်းစစ်ဆေးမှုများ အကြောင်းပြကာ ပြင်ပဘဏ်အကောင့်များသို့ ငွေလွှဲရန် ညွှန်ကြားမည်ဖြစ်ပါတယ်။ ဒီနည်းနဲ့ ပိုက်ဆံကို လိမ်လည်သွားတာ ဖြစ်ပါတယ်။

၎င်းတို့ရဲ့ အမှုများကို စစ်ဆေးရန် တရားဝင်လမ်းကြောင်းများမှတစ်ဆင့် ဘဏ် သို့မဟုတ် ရဲတပ်ဖွဲ့ထံ ဆက်သွယ်လာမှသာ အလိမ်အညာခံရသူများဟာ ၎င်းတို့ လှည့်စားခံလိုက်ရကြောင်း သတိပြုမိကြတာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က ယင်းအမှုတွေအတွက် သံသယရှိသူတွေကို ရှာဖွေနေပြီး ၎င်းတို့ရဲ့ အရာရှိများဟာ ဘဏ်စာရင်းများ၊ ငွေ သို့မဟုတ် စကားဝှက်များကို မည်သည့်အခါမျှ တောင်းဆိုမည်မဟုတ်ကြောင်း၊ သို့မဟုတ် အခြားအကောင့်တစ်ခုသို့ ငွေလွှဲရန် တောင်းဆိုမည် မဟုတ်ကြောင်း သတိပေးပြောကြားထားပါတယ်။

အင်တာနက်ဘဏ်အကောင့် အသုံးပြုသူ အမည်များနဲ့ စကားဝှက်များ သို့မဟုတ် တိုကင်များမှ တစ်ကြိမ်သုံး စကားဝှက်ကုဒ်များကဲ့သို့သော ကိုယ်ရေးကိုယ်တာ အချက်အလက်များနဲ့ ဘဏ်အသေးစိတ် အချက်အလက်များကို လူလိမ်များသာ တောင်းမည် ဖြစ်ကြောင်း၊ ယင်းကဲ့သို့သော ခေါ်ဆိုသူများရဲ့ ညွှန်ကြားချက်ကို ယုံကြည်ပြီး ငွေလွှဲပြောင်းခြင်းများ မပြုလုပ်သင့်ကြောင်း ရဲတပ်ဖွဲ့က ထပ် လောင်း ပြောကြားခဲ့ပါတယ်။

zawgyi version










Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကတိများအတိုင်း ယူကရိန်းကို Leopard 2 အမျိုးအစားတင့်ကားများ ပေးပို့ခဲ့ဟု ကနေဒါဝန်ကြီးချုပ်ပြော

RELATED POSTS
RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved