Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-16 / 11:15 AM)

ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၆

ပါလက်စတိုင်းခေါင်းဆောင် မာမွတ်အာဘတ်က ဟားမက်စ်အဖွဲ့လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေနဲ့ မူဝါဒတွေဟာ ပါလက်စတိုင်းပြည်သူအားလုံးကို ကိုယ်စားမပြုကြောင်းထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့အစည်းဟာ ပါလက်စတိုင်းပြည်သူတွေအတွက် တရားဝင်ကိုယ်စားပြုခွင့်ရှိတဲ့ အဖွဲ့အစည်းဖြစ်ကြောင်း ၎င်းကပြောပါတယ်။ 


အမေရိကန်နိုင်ငံသားတစ်ဦးဟာ အစ္စရေးနဲ့ဟားမက်စ်ကြားဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီး အမုန်းတရားကြီးမြင့်လာမှုကြောင့် အသက် ၆ နှစ်အရွယ်ရှိ မွတ်စလင်တစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။ ရဲတပ်ဖွဲ့ဟာ အသက် ၇၁ နှစ်အရွယ်ရှိ ချီကာဂိုမြို့မှာနေထိုင်နေသူကို စွဲချက်တင်ခဲ့ကြောင်း၊ အဆိုပါအမေရိကန်နိုင်ငံသားရဲ့တိုက်ခိုက်မှုကြောင့် အသက် ၃၂ နှစ်အရွယ်ရှိ အမျိုးသမီးလည်း ဒဏ်ရာရခဲ့ကြောင်းသိရပါတယ်။ 

အစ္စရေးနဲ့ ဟားမက်စ်အဖွဲ့ကြားဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်း အစ္စရေးနိုင်ငံရှိ ထိုင်းနိုင်ငံသား (၄) ဦးထပ်မံသေဆုံးခဲ့ရာ စစ်ပွဲအတွင်း ထိုင်းနိုင်ငံသားသေဆုံးသူအရေအတွက် (၂၈)ဦးအထိ မြင့်တက်လာတယ်လို့ သိရပါတယ်။ စစ်ပွဲအတွင်း ထိုင်းနိုင်ငံသားအနည်းဆုံး (၁၇)ဦး ပြန်ပေးဆွဲခံထားရပြီး (၁၆)ဦးဒဏ်ရာရရှိထားကာ ထိုင်းနိုင်ငံသားများအနက် ထိုင်းနိုင်ငံသား (၇၅၄၀)ဦးက မိခင်နိုင်ငံသို့ ပြန်လည်လာရောက်ဖို့ စာရင်းပေးထားတယ်လို့ ထိုင်းအစိုးရတာဝန်ရှိသူများကပြောပါတယ်။ 

ဂါဖာဒေသရှိဆေးရုံတွေရဲ့ ဆရာဝန်တွေက ဆေးရုံတွေမှာ လောင်စာဆီနဲ့အခြေခံဆေးဘက်ဆိုင်ရာပစ္စည်းများ ကုန်ခန်းခါနီးနေတဲ့အတွက် ဒဏ်ရာရနေသူတွေကို မကုသနိုင်ဘူးဆိုရင် သေဆုံးမှု ပိုမိုမြင့်တက်လာဖွယ်ရှိနေကြောင်းပြောပါတယ်။ အစ္စရေးဟာ ဟားမက်စ်အဖွဲ့ကို လေကြောင်းက တိုက်ခိုက်မှုနဲ့အတူ ဂါဇာကမ်းမြောင်ဒေသကို ရေ၊ မီး၊ အစားအစာနဲ့ ဆေးဝါးများမရရှိအောင် ပိတ်ဆို့ထားကြောင်းသိရပါတယ်။ 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အစ္စရေးဟာ စစ်ပွဲစည်းကမ်း၊ စည်းမျဉ်းများအတိုင်းပြုမှုဆောင်ရွက်မယ်လို့ ယုံကြည်ကြောင်း၊ အမေရိကန်တပ်ဖွဲ့တွေကို စစ်ပွဲထဲစေလွှတ်ဖို့ မလိုအပ်သေးကြောင်းပြောပါတယ်။ အရှေ့အလယ်ပိုင်းဒေသမှာမတည်ငြိမ်မှုတွေ ပိုမိုဖြစ်လာမယ်ဆိုရင် အမေရိကန်နိုင်ငံအပေါ် အကြမ်းဖက်မှုတွေပိုမိုခြိမ်းခြောက်တာမျိုးတွေရှိလာနိုင်ခြင်းကိုသတိပြုမိကြောင်း အမေရိကန်သမ္မတကပြောပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် ရာထူးနေရာ (၃၀၀)ကျော်ခေါ်ယူနေ

RECENT POSTS
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
နိုင်ငံတစ်ဝန်းအရေးပေါ်အများပြည်သူသတိပေးစနစ် စမ်းသပ်လေ့ကျင့်မှုတွေကို ရုရှားအစိုးရလုပ်ဆောင်
02 Oct 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လာမှုနဲ့အတူ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂ဝဝ)ကျော်နဲ့ပစ်ခတ်တိုက်ခိုက်
02 Oct 2024
ထိုင်းအစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားစီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် မြန်မာများ သတိထားနေထိုင်ရန် လိုအပ်လာ
02 Oct 2024
ပအိုဝ်းနယ်မြေအထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု PNA ဆို
02 Oct 2024
အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာဖွယ်ရှိ၍ ဒေသခံပြည်သူများက သတိပြုရှောင်ရှားရန် လိုအပ်
02 Oct 2024
တိုက်ပွဲများကြောင့် သွင်းကုန်များအပေါ် ရိုက်ခတ်မှုများရှိနေရာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပိုအထိနာနေ
02 Oct 2024
မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီအဖြစ် MAI မှ BCIM ဆုရရှိ
02 Oct 2024
တောင်ကိုရီးယားရုပ်ရှင်မင်းသမီး Park Ji-ah ဦးနှောက်သွေးကြောပေါက်ကာ ကွယ်လွန်
01 Oct 2024
သေမင်းတံခါးဝမှအပြန် (ဆောင်းပါး)
01 Oct 2024
နျူကလီးယားလက်နက်တွေအသုံးပြုခဲ့မယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရသတိပေး
01 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved