အာဖဂန်နစ္စတန်နိုင်ငံတွင် တစ်လအတွင်း အင်အားပြင်းငလျင် သုံးကြိမ်မြောက် လှုပ်ခတ်
Pika (NSS) - အောက်တိုဘာ ၁၅
အာဖဂန်နစ္စတန်နိုင်ငံ ဟီရတ်မြို့ အနောက်မြောက်ဖက်တွင် ပြင်းအား(၆ ဒသမ ၃) မဂ္ဂနီကျုအဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း အမေရိကန်နိုင်ငံ ဘူမိဗေဒလေ့လာရေးဌာနက ထုတ်ပြန်ပြောကြားခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံတွင် အောက်တိုဘာ(၇)ရက်နေ့က လူထောင်ချီသေဆုံးစေခဲ့သည့် အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် ယခုကဲ့သို့ အင်အားပြင်းငလျင် ထပ်မံလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ငလျင်အသစ် သည် ဟီရတ်ပြည်နယ် ဟီရတ်မြို့မှ မိုင်(၂ဝ)အကွာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ငလျင် အသစ်သည် ပြင်းအား (၆ ဒသမ ၅) မဂ္ဂနီကျုအဆင့်ရှိကြောင်း ဥရောပ-မြေထဲပင်လယ် ငလျင်ဗဟိုဌာန (EMSC) က ပြောကြားခဲ့သည်။
ဟီရတ်မြို့အနောက်မြောက်ဖက်ပိုင်းတွင် လှုပ်ခတ်ခဲ့သော ငလျင်အသစ်သည် အနက်(၁ဝ) ကီလိုမီတာ လှုပ်ခတ်ခဲ့ ခြင်းဖြစ်ကြောင်း (EMSC) က ပြောကြားခဲ့သည်။ အာဖဂန်နစ္စတန်နိုင်ငံတွင် အောက်တိုဘာလ(၇)ရက်က အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီး လူပေါင်း(၃)ထောင်နီးပါး သေဆုံးကာ အခြားလူ(၉ဝဝဝ) ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် အောက်တိုဘာလ(၁၁)ရက်တွင် ပြင်းအား(၆ ဒသမ ၃) မဂ္ဂနီကျုအဆင့်ရှိ ငလျင်ထပ်မံ လှုပ်ခတ်ခဲ့ပြီးနောက် အောက်တိုဘာလ(၁၅)ရက်တွင် ယခုကဲ့သို့ ထပ်မံလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ကူညီပေးရန် တရုတ်အစိုးရကို အမေရိကန် တောင်းဆို
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း