ရေစကြိုမြို့နယ် ပခန်းကြီးကျေးရွာလမ်းပေါ်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခံခဲ့ရ
NSS - အောက်တိုဘာ ၁၅
မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ပခန်းကြီးကျေးရွာလမ်းပေါ်တွင် စခန်းသို့ပြန်လာသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (အောက်တိုဘာလ ၁၄ ရက်)၊ ညနေ ၃နာရီခွဲအချိန်တွင် ရေစကြိုမြို့ နယ်၊ ပခန်းကြီးကျေးရွာ၊ ပခန်းကြီးကျောင်းတော်အနီးရှိ လမ်းပေါ်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပခန်းကြီးရဲစခန်းမှ ရဲတပ်ကြပ်နိုင်လင်းနှင့် ရဲတပ်သားတစ်ဦးတို့သည် ပခန်းကြီးရဲစခန်းသို့ ပြန်လာစဉ် အထက်ပါနေရာအရောက်၌ PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်သတ်ဖြတ်ခံရမှုကြောင့် ရဲတပ်ကြပ်နိုင်လင်းတွင် ခန္ဓာကိုယ်အနှံ့ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ပြီး ကျန်ရဲတပ်သားတစ်ဦးသည်လွတ်မြောက်သွားခဲ့ကြောင်း အထက်ပါသတင်းအရင်းအမြစ်ထံမှ သိရသည်။
အဆိုပါ ရဲတပ်ဖွဲ့ဝင်တစ်ဦး ပစ်ခတ်သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ဖမ်းဆီးစဉ် ပြန်လည်ခုခံသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်တစ်စီး၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် ဓားတစ်ချောင်းတို့ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။
လက်ရှိ နစကအစိုးရလက်ထက်အတွင်း ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ရသည့်ရဲတပ်ဖွဲ့ဝင်ဦးရေ (၅၀၀)နီးပါးထိရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယခုလအတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ပြီး မိုးဆက်လက်ရွာသွန်းနိုင်ဟု မိုးဇလခန့်မှန်း
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ