အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-14/ 2:00 PM)
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၄
ပါလက်စတိုင်းတွေဟာ သူတို့ရဲ့ကိုယ်ပိုင်အခွင့်အရေးအရ နိုင်ငံတည်ထောင်ခွင့် အခွင့်အရေးရမယ်ဆိုရင် အစ္စရေးနိုင်ငံ ငြိမ်းချမ်းမှုတွေရရှိမှာဖြစ်ကြောင်း ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ကုလသမဂ္ဂက အဆိုပြုထားတဲ့ ပါလက်စတိုင်းနဲ့ အစ္စရေးနှစ်နိုင်ငံဖြစ်ရေးသတ်မှတ်ချက်ကို လက်ခံကြောင်း၊ အဲဒီသတ်မှတ်ချက်တွေကို လက်တွေ့အကောင်အထည်ဖော်မယ်ဆိုရင် အရှေ့အလယ်ပိုင်းဒေသမှာ ငြိမ်းချမ်းရေး ရရှိဖွယ်ရှိနေကြောင်း ရုရှားသမ္မတက ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဂါဇာဒေသရှိ ဆေးရုံတွေမှာ တက်ရောက်ကုသနေတဲ့လူတွေကို ဘေးလွှတ်ရာကို ရွှေ့ပြောင်းပေးဖို့ မဖြစ်နိုင်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အစ္စရေးဟာ ဂါဇာဒေသအပေါ်ပြုလုပ်မယ့် မြေပြင်တိုက်ပွဲတွေမတိုင်ခင် ဂါဇာဒေသရှိ လူပေါင်း ၁ သန်းကျော်ကို ဘေးလွှတ်ရာကို အမြန်ဆုံးပြောင်းရွှေ့ဖို့ တောင်းဆိုခဲ့ပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းခဲ့တာဖြစ်ပါတယ်။
အာရပ်၊ မွတ်စလင်နဲ့ ပါလက်စတိုင်းအခွင့်အရေးလှုပ်ရှားသူများက ဟားမက်စ်နဲ့ အစ္စရေးကြားဖြစ်နေတဲ့စစ်ပွဲကို အမြန်ဆုံးအဆုံးသတ်စေဖို့ အမေရိကန်သမ္မတ လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ အစ္စရေးကို ထောက်ပံ့ပေးတဲ့ အမေရိကန်အစိုးရရဲ့လုပ်ရပ်တွေက ပါလက်စတိုင်းတွေအပေါ် လူသားမဆန်တဲ့ လုပ်ရပ်လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း ဝေဖန်လိုက်ပါတယ်။ အမေရိကန်ရောက် မွတ်စလင်အဖွဲ့ (CAIR က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ပါလက်စတိုင်းတွေရဲ့လူသားဖြစ်တည်မှုတွေကိုအသိအမှတ်ပြုဖို့ ပျက်ကွက်ခဲ့ကြောင်း ပြောပါတယ်။
ရုရှားအစိုးရဟာ ပြန်ပေးဆွဲခံထားရတဲ့သူတွေကို အမြန်ဆုံးပြန်လွှတ်ပေးရေးအတွက် ဟားမက်စ် လက်နက်ကိုင် အဖွဲ့တွေကို ဆက်သွယ်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောပါတယ်။ ကုလသမဂ္ဂ ဆိုင်ရာ ရုရှားသံအမတ်ကြီးကလည်း ဂါဇာကမ်းမြောင်ဒေသ နဲ့ အစ္စရေးနိုင်ငံတို့မှာ လူသားချင်းစာနာမှုဆိုင်ရာ အပစ်ခတ်ရပ်စဲရေးလမ်းကြောင်း ဖန်တီးပေးရမှာဖြစ်ကြောင်း ပြောပါတယ်။ ကုလသမဂ္ဂ ဆိုင်ရာရုရှားသံအမတ်ကြီးက အစ္စရေးနဲ့ပါလက်စတိုင်းကြား အမြန်ဆုံးအပစ် ခတ်ရပ်စဲရေးဖြစ်စေဖို့ နဲ့ ဖမ်းဆီးထားတဲ့ သူတွေ အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ တိုက်တွန်းတောင်းဆိုခဲ့သလို အရပ်သားတွေအပေါ်ရန်လိုမှုတွေ၊ အကြမ်းဖက်မှုတွေကိုပြစ်တင်ရှုတ်ချကြောင်း ပြောပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အစ္စရေးနဲ့ ပါလက်စတိုင်းကြား ဖြစ်နေတဲ့ စစ်ပွဲနဲ့ ပတ်သက်ပြီး စစ်ပွဲစည်းကမ်းတွေကို လိုက်နာရမှာဖြစ်ကြောင်း၊ လူသားတံတိုင်းအဖြစ် ပြန်ပေးဆွဲထားသူတွေကို အသုံးပြုခြင်းကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဂူတာရက်စ်က ဂါဇာဒေသကို လူသားချင်း ဆိုင်ရာစာနာမှုအကူအညီတွေ ချက်ချင်းကူညီပေးဖို့ လိုအပ်ကြောင်း၊ အစ္စရေးရဲ့ပိတ်ဆို့မှုတွေကြောင့် ဂါဇာဒေသမှာ အစားစာ၊ ရေနဲ့ လောင်စာဆီတွေ လူတိုင်းလိုအပ်နေကြောင်း ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက စိတ်ဝင်စားဖွယ်သတင်းများ ရွေးချယ်တင်ဆက်ခြင်း
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ