Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယူကရိန်းရဲ့တန်ပြန်ထိုးစစ်ဆင် မအောင်မြင်ခဲ့သလို အစ္စရေး-ပါလက်စတိုင်းစစ်ပွဲက ယူကရိန်းအပေါ် သက်ရောက်မှုများစွာဖြစ်လာဖွယ်ရှိနေ

ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၃ 

ရုရှားနိုင်ငံအပေါ်ပြုလုပ်တဲ့ ယူကရိန်းရဲ့တန်ပြန်ထိုးစစ်ဆင်မှုတွေဟာ အောင်မြင်မှုမရခဲ့ကြောင်း၊ အစ္စရေးနဲ့ ပါလက်စတိုင်းကြားဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေဟာ ယူကရိန်းနိုင်ငံအပေါ်ပြုလုပ်နေတဲ့ အမေရိကန် ဦးဆောင်တဲ့အနောက်အုပ်စုတွေရဲ့ကူညီထောက်ပံ့ပေးမှုတွေအပေါ် သက်ရောက်မှုများဖြစ်လာနိုင်ကြောင်း ယူကရိန်းထောက်လှမ်းရေးအဖွဲ့အကြီးအကဲ ကီရယ်ဘူဒါနောဗ့်က ပြောပါတယ်။

၎င်းက ရုရှားအပေါ်ပြုလုပ်ခဲ့တဲ့ တန်ပြန်ထိုးစစ်ဆင်မှုတွေက မျှော်လင့်ထားသလို ချော့မွေမှုမရှိခဲ့ကြောင်း၊ စီစဉ်ထားသလိုမျိုးမဖြစ်ခဲ့ဘဲ ကျဆုံးခဲ့ကြောင်း ပြောဆိုခဲ့ပေမယ့် အသေးစိတ်အစီအစဉ်တွေကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိခဲ့ပါဘူး။ ယူကရိန်းထောက်လှမ်းရေးအဖွဲ့အကြီးအကဲက ယူကရိန်းဟာ ဒီနှစ်အတွင်းမှာ ယူကရိန်းနဲ့ ရုရှားကြားဖြစ်ပွားနေတဲ့စစ်ပွဲကို အဆုံးသတ်အောင်လုပ်ပြနိုင်မယ့်အခွင့်အရေးများရှိနေကြောင်း ရှိနေတယ်လို့ မကြာသေးမီက ပြောဆိုခဲ့ဖူးပေမယ့် လက်ရှိအချိန်မှာတော့ ပြောဆိုချက်တွေဟာ အပြောင်းအလဲတွေ ဖြစ်သွားခဲ့ကြောင်း သိရပါတယ်။


ဒါ့အပြင် အောက်တိုဘာ ၇ ရက်မှာ စတင်ခဲ့တဲ့ ပါလက်စတိုင်းနဲ့ အစ္စရေးစစ်ပွဲအချိန်ကြာမယ်ဆိုရင် ယူကရိန်းအပေါ် အနောက်အုပ်စုနိုင်ငံတွေရဲ့ကူညီထောက်ပံ့ပေးမှု လျော့နည်းလာနိုင်ကြောင်း ၎င်းက ထပ်မံပြောဆိုခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်ဟာ အောက်တိုဘာ ၁၂ ရက်က အစ္စရေးနိုင်ငံကို ရောက်ရှိလာ ခဲ့ပြီးနောက် အစ္စရေးအတွက် လိုအပ်တာတွေ ကူညီထောက်ပံပေးမယ်လို့ ကတိပြုခဲ့ပါတယ်။

ဝန်ကြီးအန်တိုနီဘလီကန်က အစ္စရေးနိုင်ငံရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်အတွက် လိုအပ်တဲ့ကျည်ဆံတွေ၊ ပိုမိုထောက်ပံ့ပေးဖွယ်ရှိနေကြောင်း၊ အစ္စရေးကိုကူညီပေးဖို့ အမေရိကန်လွှတ်တော်နှစ်ရပ်စလုံးကလည်း သဘောတူလက်ခံထားကြောင်း ဆိုပါတယ်။ အမေရိကန်လွှတ်တော်အမတ်တွေထဲမှာ အစ္စရေးကို ကူညီထောက်ပံ့ပေးဖို့ သဘောထားတူညီခဲ့ပေမယ့် ယူကရိန်းကို ကူညီထောက်ပံ့ပေးဖို့အချက်နဲ့ပတ်သက်ပြီး သဘောထားကွဲလွဲနေ ကြောင်း သိရပါတယ်။ 

ယူကရိန်းထောက်လှမ်းရေးအဖွဲ့အကြီးအကဲက "အစ္စရေးနဲ့ ပါလက်စတိုင်းစစ်ပွဲအချိန်ကြာမယ်ဆိုရင်တော့ အနောက်အုပ်စုနိုင်ငံတွေဟာ စစ်လက်နက်ပစ္စည်းတွေ လိုအပ်လာမှာဖြစ်တယ်။ ယူကရိန်းကို ကူညီထောက်ပံ့ပေးမှုတွေ လျော့ကျလာဖွယ်ရှိပါတယ်" လို့ ပြောပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပဲခူး၌ အချိန်တိုအတွင်း ပြည်လည်ထူထောင်ရေးလုပ်ငန်းများကို မူလအခြေအနေထက်သာလွန်အောင်ဆောင်ရွက်နေဟုဆို

RELATED POSTS
RECENT POSTS
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved