မြန်မာငြိမ်းချမ်းရေးအတွက် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် နှင့် ဂျပန်နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌတို့ မြန်မာနိုင်ငံကို အတူတကွ သွားရောက်ရန် သဘောတူ
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၂
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန် နှင့် ဂျပန်နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ယိုရှီ ဆာဆာကာဝါတို့သည် မြန်မာ နိုင်ငံတွင် ငြိမ်းချမ်းရေးရရှိစေရန် ကြားဝင်အကျိုးဆောင်ရန်အတွက် SAC အဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး နိုင်ရန် မြန်မာနိုင်ငံကို မကြာမီအတူတကွ သွားရောက်လည်ပတ်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်သည် အောက်တိုဘာ ၁၁ ရက်က ကမ္ဘောဒီးယားပြည်သူပါတီ ရုံးချုပ် တွင် ဂျပန်နီပွန်ဖောင်ဒေးရှင်း၏ဥက္ကဋ္ဌဖြစ်သူ ဆာဆာကာဝါတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ မကြာမီ အတူတကွသွားရောက်ရန် ဆုံးဖြတ်ခဲ့ကြောင်းသိရသည်။
ဆာဆာကာဝါက ဟွန်ဆန်သည် ကမ္ဘောဒီးယားနိုင်ငံကို နှစ်ပေါင်း ၄ဝ ကျော်ကြာ ဦးဆောင်ခဲ့ပြီး အတွေ့အကြုံ ကောင်းများရှိသူဖြစ်သလို မြန်မာနိုင်ငံကို ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိအောင်ကူညီပေးရန် အဓိကအခန်းကဏ္ဍ က ပါဝင်ဖွယ်ရှိနေကြောင်း ပြောသည်။ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ကလည်း ၎င်းအနေဖြင့် မြန်မာနိုင်ငံ၏ အခြေ အနေများကို ပိုမိုကောင်းမွန်ခြင်းကိုတွေ့မြင်လိုကြောင်း ပြောသည်။
ဆာဆာကာဝါက "အခြားနိုင်ငံအချို့ဟာ ပဋိပက္ခတွေနဲ့ မလုံခြံမှုတွေ ဆက်လက်ဖြစ်နေပေမယ့် ကမ္ဘောဒီးယားနိုင်ငံ ကတော့ ငြိမ်းချမ်းရေးနဲ့ စည်းလုံးညွတ်မှုတွေမှာ အခြားနိုင်ငံတွေအတွက်တော့ စံနမူကောင်းယူရမယ့်နိုင်ငံ ဖြစ်ပါတယ်" ဟုပြောသည်။
ဟွန်သည် ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်ကာလအတွင်း မြန်မာနိုင်ငံကို ၂ဝ၂၃ ခုနှစ်က အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ဖြင့် ၂ရက်ကြာချစ်ကြည်ရေးခရီး လာရောက်ခဲ့ပြီးနစကအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က အာဆီယံခေါင်းဆောင်များအနေဖြင့် မြန်မာနိုင်ငံ ရေးပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းရန်ကြိုးပမ်းရာတွင် စိတ်ရှည်သည်းခံမှုများ အမြင့်ဆုံးရှိရမည်ဖြစ်ကြောင်း တိုက်တွန်းပြောခဲ့သည်။
ကမ္ဘောဒီးယားအာဏာရပါတီဖြစ်သော ကမ္ဘောဒီးယားပြည်သူပါတီ CPP က "ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် နဲ့ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌတို့ဟာ တွေ့ဆုံဆွေးနွေးပြီးနောက်မှာတော့ မြန်မာနိုင်ငံကို အတူတကွသွားရောက်ဖို့ သဘောတူညီခဲ့တယ်" ဟု သတင်းထုတ်ပြန်ထားသည်။
သို့ရာတွင် ကမ္ဘောဒီးယားနှင့် ဂျပန်နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌတို့သည် မြန်မာနိုင်ငံသို့ သွားရောက်မည့် ရက်ကို အတိအကျထုတ်ပြန်ကြေညာခြင်းမျိုးမရှိသေးကြောင်း သိရသည်။ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌက ကမ္ဘောဒီးယားနိုင်ငံ သည် အတိတ်တုန်းက မြန်မာနိုင်ငံတွေ့ကြုံနေရသလိုမျိုး တွေ့ကြုံဖူးသည့်အတွေ့အကြုံရှိကြောင်း၊ ဟွန်ဆန်သည် ဆယ်စုနှစ်ချီပြီးဖြစ်ပွားနေသော ပြည်တွင်းစစ်ကို ငြိမ်းချမ်းရေးရရှိရန် လုပ်ဆောင်နိုင်ခဲ့ကြောင်း ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း အမြန်ဆုံးစတင်နိုင်ရေးဆောင်ရွက်ရန် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတိုက်တွန်း
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ