Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဦးမိုးမြင့်ထွန်းနှင့် ဦးရန်နောင်စိုးတို့ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်

မျိုးကြီး (NSS) - အောက်တိုဘာ ၁ဝ

တပ်ချုပ်၏ လူယုံဟု လူသိများသော ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း နှင့် ဗိုလ်ချုပ်ရန်နောင်စိုးတို့ကို နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။


ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း)မိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ်(ဟောင်း)ရန်နောင်စိုး တို့ကို စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ပြီး ပြစ်ဒဏ်အသီးသီးချမှတ်လိုက်ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့(အောက်တိုဘာ ၁ဝ ရက်) ညပိုင်းတွင် သတင်းထုတ်ပြန်လိုက်သည်။

ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းသည် နစကအဖွဲ့ဝင်၊  MIC ဥက္ကဋ္ဌ၊ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ စသောတာဝန်များကို ထမ်းဆောင်စဉ် နိုင်ငံတော်၏ နိုင်ငံခြားသုံးငွေဆိုင်ရာမူဝါဒ၊ အရေးကြီးကုန်စည်ဆိုင်ရာမူဝါဒနှင့် အခြားစီးပွားရေးဆိုင်ရာမူဝါဒများကို ဆန့်ကျင်ကာ ပုဂ္ဂိုလ်ရေးအကျိုးအမြတ်ရယူပြီး နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ကျူးလွန်ခဲ့သည်ဟု နစကမှ ဆိုသည်။

ထို့ပြင် နိုင်ငံတော်အစိုးရက စားအုန်းဆီများကို တင်သွင်းရန် သတ်မှတ်ရာခိုင်နှုန်းအတွက် ကျသင့်ဒေါ်လာများကို ဗဟိုဘဏ်က ရည်ညွန်းဈေးနှုန်းဖြင့် ရောင်းချပေးကာ တင်သွင်းစေခဲ့သော်လည်း ရည်ညွန်းဈေးနှုန်းထက် ဈေးတင်ရောင်းချခြင်းကို သိပါလျက် အရေးယူဆောင်ရွက်ရန် ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း)မိုးမြင့်ထွန်းအနေဖြင့် ပျက်ကွက်ခဲ့သည့်အပြင် ပတ်သက်ဆောင်ရွက်ခဲ့သည်ဟု နစကမှ ထုတ်ပြန်ထားသည်။

အလားတူ ကုမ္ပဏီများက ပေးအပ်သည့် တံစိုးလက်ဆောင်ပစ္စည်းများကို ရာထူးလုပ်ပိုင်ခွင့်ကိုအသုံးပြုကာ ရယူဆောင်ရွက်ခဲ့ခြင်း၊ နိုင်ငံခြားသုံးငွေများကို တရားမဝင် လက်ဝယ်ထားရှိခြင်း၊ စစ်စည်းကမ်းဆိုင်ရာညွှန်ကြားချက်များကို ဖောက်ဖျက်၍ အရပ်ဘက် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်ဟု နစကမှ ဆိုသည်။

ထို့ကြောင့် ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း)မိုးမြင့်ထွန်းအား သက်ဆိုင်ရာဥပဒေပုဒ်မများဖြင့် စွဲချက်တင်ကာ စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ပြီးနောက် (၂ဝ)နှစ်ကာလနှင့်ညီမျှသော တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကို ချမှတ်ခဲ့သည်ဟု နစကမှ အသိပေးကြေညာထားသည်။


အလားတူ ဗိုလ်မှူးချုပ်(ဟောင်း)ရန်နောင်စိုးသည်လည်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး တာဝန်ထမ်းဆောင်စဉ် နိုင်ငံတာ်၏ စီးပွားရေးဆိုင်ရာ မူဝါဒနှင့်ဆန့်ကျင်ကာ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်ရယူဆောင်ရွက်ခဲ့သည်ဟု နစကမှ ထပ်မံ အသိပေးထားသည်။

ထို့ပြင် ဗိုလ်မှူးချုပ်(ဟောင်း)ရန်နောင်စိုးသည် နိုင်ငံခြားသုံးငွေဆိုင်ရာမူဝါဒ၊ အရေးကြီးကုန်စည်ဆိုင်ရာမူဝါဒနှင့် အခြားစီးပွားရေးဆိုင်ရာမူဝါဒများကို ဆန့်ကျင်ကာ ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း)မိုးမြင့်ထွန်းနှင့်အတူ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုကို ပူးပေါင်းကျူးလွန်ခဲ့သည်ဟု နစကမှ ထုတ်ပြန်ထားသည်။

ဗိုလ်မှူးချုပ်(ဟောင်း)ရန်နောင်စိုးအနေဖြင့် ရာထူးလုပ်ပိုင်ခွင့်ကို အသုံးပြုကာ စီးပွားရေးလုပ်ငန်းရှင်များအား နိုင်ငံခြားငွေနှင့် မြန်မာကျပ်ငွေများကို လဲလှယ်ပေးခြင်း၊ လုပ်ငန်းရှင်များထံမှ နိုင်ငံခြားငွေနှင့် ကျပ်ငွေများကို လက်ခံရယူခဲ့ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား ဒုတိယဗိုလ်ချုပ်ကြီး(ဟောင်း)မိုးမြင့်ထွန်းနှင့် ဆက်သွယ်ဆောင်ရွက်ပေးခြင်း၊ နိုင်ငံခြားငွေများကို တရားမဝင်လက်ဝယ်ထားရှိခြင်း၊ စစ်စည်းကမ်းဆိုင်ရာ ညွှန်ကြား ချက်များကို ဖောက်ဖျက်ကာ အရပ်ဘက်စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဗိုလ်မှူးချုပ်(ဟောင်း)ရန်နောင်စိုးကို သက်ဆိုင်ရာဥပဒပုဒ်များဖြင့် စွဲချက်တင်ကာ စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ပြီးနောက် (၂ဝ)နှစ် ကာလနှင့်ညီမျှသော တစ်သက်တစ်ကျွန်း ထောင်ဒဏ်ကို ချမှတ်ခဲ့သည်ဟု နစကမှ ထုတ်ပြန်ထားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော နစကအစိုးရလက်ထက်တွင် တပ်မတော်ပိုင်းဆိုင်ရာအကြီးအကဲများကို နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် ပြင်းထန်စွာအရေးယူခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လိုင်ဇာ-မုန်လိုင်ခက်စခန်း ပေါက်ကွဲမှုက ရိုးရှင်းရဲ့လား၊ ပခုက္ကူ-ကန့်ဘလူ နဲ့ စစ်ကိုင်း-မကွေးတကျော နယ်မြေစိုးမိုးရေး စတင်နေပြီလား၊ စပါးရည်ညွှန်းဈေးက လယ်သမားတွေအတွက် အဆင်ပြေပါ့မလား..? (၁ဝ-၁ဝ-၂ဝ၂၃)

RECENT POSTS
မြန်မာနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေကသာ ငြိမ်းချမ်းရေးရဖို့တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘို ပြော
19 Oct 2024
ကျောက်ဆည်မြို့နယ်တွင် ရွာဦးစေတီသို့ ဆီမီးပူဇော်ရန်သွားသည့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
19 Oct 2024
အာဆီယံနိုင်ငံများကို တောင်တရုတ်ပင်လယ်အရေးအတွက် ပိုမိုပြောဆိုရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
19 Oct 2024
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို PDF အဖွဲ့က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်
19 Oct 2024
မြောက်ကိုရီးယားစစ်သားများ ရုရှားဘက်မှ ပါဝင်တိုက်ခိုက်မည်
19 Oct 2024
TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ ထပ်မံ ဗုံးကြဲခံရ
19 Oct 2024
မဟာအောင်မြေမြို့နယ်တွင် SUZUKI SWIFT ကားပေါ်မှ ငွေကျပ်သိန်း(၃၅၀)တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
19 Oct 2024
ပိုင်နက်နယ်မြေ ချိုးဖောက်မှုတွေ ထပ်ရှိလာမယ်ဆိုရင် စစ်ကြေညာတော့မယ်လို့ တောင်ကိုရီးယားကို မြောက်ကိုရီးယားခြိမ်းခြောက်
19 Oct 2024
မီးရထားလက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်
19 Oct 2024
နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းကို ရုရှားအစိုးရသတိပေး
19 Oct 2024
မြို့ပြများတွင် အကြမ်းဖက်မှုများလျော့နည်းစေရန် စနစ်တကျစစ်ဆေးရန်လိုကြောင်း အကြံပြု
19 Oct 2024
ဘရာဇီးမှာကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာမဟုတ်ဘူးလို့ ရုရှားသမ္မတပူတင် ပြော
19 Oct 2024
EV ခရီးသည်တင်ယာဥ်များ နှင့် တက္ကစီများ၏ အားသွင်းခနှုန်းထားများကို ဦးစားပေးအနေဖြင့် လျှော့ပေါ့ပေးသင့်ကြောင်း အကြံပြုမှုများရှိလာ
19 Oct 2024
တောင်ကိုရီးယား အဆိုတော် ဂျက်ဆီ ပရိသတ်ကို စော်ကားမှု စွပ်စွဲချက်တွေကြောင့် အေဂျင်စီမှ နုတ်ထွက်
18 Oct 2024
Coca-Cola ရဲ့ Zero Sugar လီမွန်နိတ်မှာ Full Sugar version စစ်ဆေးတွေ့ရှိရတာကြောင့် အချိုရည်ပုလင်း ထောင်ပေါင်းများစွာ ပြန်လည်သိမ်းဆည်း
18 Oct 2024
ထိုင်ဝမ်နှင့် ဆက်စပ်သည့် ကိစ္စရပ်များကို သတိထားကိုင်တွယ်ရန် အိန္ဒိယကို တရုတ်တိုက်တွန်း
18 Oct 2024
ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့နိုင်ငံပေါင်း (၂၄ ) နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်မည်
18 Oct 2024
ဘင်္ဂလားဒေ့ရှ်တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်
18 Oct 2024
မုံရွာမြို့တွင် aircon ရှောခ့်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
18 Oct 2024
ရှေးဟောင်းဗိသုကာလက်ရာတွေအပြင် အထင်ကရအဆောက်အအုံများစွာရှိတဲ့ ဟန်ဂေရီမြို့တော် ဘူဒါပတစ်အကြောင်း
18 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved