အစ္စရေးကို တိုက်ခိုက်ဖို့ ဟားမက်အဖွဲ့ကို အီရန်အစိုးရ ခွင့်ပြုပေးခဲ့ကြောင်း ကမ္ဘာကျော် Wall Street ဂျာနယ်ဖော်ပြ
ဂျန်ဇက် (NSS) - အောက်တိုဘာ ၉
အီရန်အစိုးရဟာ အစ္စရေးနိုင်ငံအပေါ်ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ဟားမက်လက်နက်ကိုင်အဖွဲ့ကိုခွင့်ပြုချက်ပေးခဲ့ကြောင်း အမေရိကန်အခြေစိုက် Wall Street ဂျာနယ်က ဖော်ပြထားပါတယ်။
အီရန်ဘာသာရေး ခေါင်းဆောင် အလီခါမေနီ နဲ့ ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက် ထိပ်တန်းခေါင်ဆောင် Ismail Haniyeh တို့ဟာ ပြီးခဲ့တဲ့ဇွန်လက အီရန်နိုင်ငံမှာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ အမေရိကန်သတင်းဌာနဟာ ဟားမက်ခေါင်းဆောင်တွေ နဲ့ ဟစ်ဘိုလာခေါင်းဆောင်တွေရဲ့ပြောဆိုချက်တွေကို ကိုးကားပြီး အခုလိုမျိုးဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။
အီရန်အစိုးရတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ သြဂုတ်လနောက်ပိုင်းကတည်းက ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးအတွက် ဟားမက်စ်အဖွဲ့တွေ နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အမေရိကန်သတင်းဌာနက ဖော်ပြထားပါတယ်။ ဟားမက်အဖွဲ့ဟာ အစ္စရေးနိုင်ငံကို ယခင်က တိုက်ခိုက်တဲ့ပုံစံမျိုးမဟုတ်ဘဲ အစ္စရေးနိုင်ငံပိုင်နက်အထိ ဝင်ရောက်တိုက်ခိုက်ကာ ပြန်ပေးဆွဲမှုများလုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
ဟားမက်အဖွဲ့ဟာ အောက်တိုဘာ ၇ ရက်မှာ ကြိုတင်သတိပေးချက်မရှိဘဲ အစ္စရေးကြည်း၊ ရေ၊ လေ ပူးပေါင်း တိုက်ခိုက်မှုများ စတင်ခဲ့ကြောင်း သိရပါတယ်။ ဟားမက်အဖွဲ့တွေဟာ ၁၉၇၃ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ယွန်ကပူး စစ်ပွဲ နောက်ပိုင်း အစ္စရေးနယ်စပ်ကိုချိုးဖောက်ဝင်ရောက်ပြီး ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အစ္စရေးနိုင်ငံအပေါ်တိုက်ခိုက်မယ့် ဟာမက်အဖွဲ့ရဲ့အစီအစဉ်တွေနဲ့ပတ်သက်ပြီး လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှာ အသေးစိတ်ဆွေးနွေးခဲ့ပြီး အဲဒီဆွေးနွေးပွဲမှာ အီရန်အစိုးရတပ်ဖွဲ့တာဝန်ရှိသူများ၊ ဟာမက်၊ ဟစ်ဘိုလာ အပါအဝင် အီရန်ကျောထောက်နောက်ခံပေးထားတဲ့ အဖွဲ့လေးဖွဲ့ရဲ့တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
အမေရီကန်နိုင်ငံခြားရေးဝန်ကြီးကတော့ အစ္စရေးနိုင်ငံအပေါ် တိုက်ခိုက်ခဲ့တဲ့ ဟာမက်အဖွဲ့ရဲ့တိုက်ခိုက်မှုနောက်ကွယ်မှာ အီရန်နိုင်ငံ တိုက်ရိုက်ပါဝင်နေတဲ့သက်သေမျိုး မတွေ့ရသေးကြောင်း ပြောပါတယ်။ ဟာမက်အဖွဲ့ရဲ့ အကြီးတန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မာမွတ် မာဒါဝီကတော့ ၎င်းတို့အနေနဲ့ လွတ်မြောက်မှုအတွက် ကြိုတင်စီစဉ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဲဒီတိုက်ခိုက်မှုဟာ ဟားမက်အဖွဲ့ နဲ့ ပါလက်စတိုင်းတို့ရဲ့ဆုံးဖြတ်ချက်အတိုင်းသာဖြစ်ကြောင်း ပြောပါတယ်။
အီရန်သမ္မတက အစ္စရေးအပေါ်တိုက်ခိုက်တဲ့ ဟာမက်အဖွဲ့တိုက်ခိုက်မှုတွေကို အားပေးထောက်ခံကြောင်း၊ ပါလက်စတိုင်းမှာလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခွင့်အခွင့်အရေးရှိနေပြီး၊ အစ္စရေးက ဒေသအတွင်းမှာ အန္တရာယ်ဖြစ်စေတဲ့နိုင်ငံဖြစ်ကြောင်း ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပက စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း