Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (11:30 AM)

ဂျန်ဇက် (NSS) - အောက်တိုဘာ ၈

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုက ၎င်းတို့အနေနဲ့ ပါလက်စတိုင်းလူမျိုးတွေနေထိုင်နေတဲ့ ဂါဇာဒေသကို လူမနေတဲ့ စွန့်ခွာကျွန်းသဖွယ်ဖြစ်အောင် ဝန်းရံပိတ်ဆို့သွားမှာဖြစ်တဲ့အတွက် ဒေသခံတွေအနေနဲ့ဂါဇာဒေသက အမြန်ဆုံးထွက်ခွာဖို့ သတိပေးပြောဆိုလိုက်ပါတယ်။ အစ္စရေးဝန်ကြီးချုပ်ရဲ့ သတိပေးပြောဆိုချက်များကြောင့် ဂါဇာဒေသမှာနေထိုင်နေတဲ့ ဒေသခံတွေ စိုးရိမ်မှုမြင့်တက်နေကြောင်းသိရပါတယ်။ အစ္စရေးဟာ ဟားမက်စ်အဖွဲ့ရဲ့ကြိုတင်သတိပေးချက်မရှိဘဲ အလစ်တိုက်ခိုက်ခံရပြီးနောက် ဟားမက်စ်အဖွဲ့ထိန်းချုပ်ထားတဲ့ ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းအားပြုတိုက် ခိုက်နေဆဲဖြစ်ကြောင်းသိရပါတယ်။


အစ္စရေးဟာ တိုက်ခိုက်ခံရပြီးနောက် ဟားမက်စ်လက်နက်ကိုင်အဖွဲ့အပေါ် အောက်တိုဘာလ ၈ ရက်က ဗုံးကြဲတိုက်ခိုက်မှုများနဲ့ ပြန်လည်လက်တုံ့ပြန်ခဲ့ပြီး ဂါဇာမြို့လယ်ခေါင်ရှိ ပါလက်စတိုင်းရုံးတွေအပြင် အဆောက်အဦးပေါင်း ဒါဇင်ချီ ဗုံးကြဲခံခဲ့ရကြောင်းသိရပါတယ်။ အစ္စရေးတို့ရဲ့ ဗုံးကြဲတိုက် ခိုက်မှုကြောင့်ဂါဇာမြို့ရှိ အထပ် ၁၄ ထပ်ရှိတဲ့ တာဝါအဆောက်အဦးလည်း ထိခိုက်ပျက်စီးခဲ့ရကြောင်းသိရပါတယ်။ 

အစ္စရေး နဲ့ ဟားမက်စ်အဖွဲ့ကြားအပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ အရှိန်မြင့်တက်လာခဲ့ပြီးနောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာတံခါးပိတ်အရေးပေါ်အစည်းအဝေးကျင်းပနေကြောင်းသိရပါတယ်။ လုံခြုံရေးကောင်စီအဖွဲ့ နိုင်ငံဖြစ်တဲ့ မော်လ်တာနိုင်ငံက အရေးပေါ် အစည်းအဝေးကျင်းပဖို့ တောင်းဆိုခဲ့သလို ယူအေအီး နဲ့ ဘရာဇီးတို့ကလည်း မော်လ်တာရဲ့တောင်းဆိုမှုတွေကို ထောက်ခံခဲ့ကြောင်းသိရပါတယ်။

အစ္စရေးစစ်ဘက်က၎င်းတို့အနေနဲ့ ဟားမက်စ် လက်နက်ကိုင်အဖွဲ့တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှုအသစ်တွေလုပ်ဆောင်ဖို့ ပြင်ဆင်နေခြင်းကြောင့် ဂါဇာကမ်းမြောင်ဒေသရှိ မတူညီတဲ့နေရာ ၇ ခုမှာနေထိုင်နေတဲ့ဒေသခံတွေကို နေရပ်စွန့်ခွာပြီး ဒုက္ခသည်စခန်းတွေမှာသွားရောက်နေထိုင်ဖို့ တိုက်တွန်းလိုက်ပါတယ်။ 

အစ္စရေးဟာ တိုက်ခိုက်ခံရပြီးနောက် ဟားမက်စ်လက်နက်ကိုင်အဖွဲ့အပေါ် အောက်တိုဘာလ ၈ ရက်က ဗုံးကြဲတိုက်ခိုက်မှုများနဲ့ ပြန်လည်လက်တုံ့ပြန်ခဲ့ပြီး  ဂါဇာမြို့လယ်ခေါင်ရှိ ပါလက်စတိုင်းရုံးတွေ၊ အပြင်အဆောက်အဦးပေါင်း ဒါဇင်ချီ ဗုံးကြဲခံခဲ့ရကြောင်းသိရပါတယ်။ အစ္စရေးတို့ရဲ့ ဗုံးကြဲတိုက် ခိုက်မှုကြောင့် ဂါဇာမြို့ရှိ အထပ် ၁၄ ထပ်ရှိတဲ့ တာဝါအဆောက်အဦး လည်း ထိခိုက်ပျက်စီးခဲ့ရကြောင်းသိရပါတယ်။ 

အစ္စရေးလေကြောင်းလိုင်းတွေဟာ ဟားမက်စ်အဖွဲ့ နဲ့ စစ်ပွဲစတင်ခဲ့ပြီးနောက် အောက်တိုဘာလ ၈ ရက် ညနေပိုင်းက စတင်ပြီး တဲအဲဗစ် မြို့ပျံသန်းမယ့် လေကြောင်းခရီးစဉ် ၈၀ကျော်ကို ဆိုင်းငံ့လိုက်ကြောင်းသိရပါတယ်။ အစ္စရေးတိုက်လေယာဉ်တွေဟ ဂါဇာဒေသကို လေကြောင်းက အရှိန်မြင့်တိုက်ခိုက်နေခြင်းကြောင့် အစ္စရေးကို ပျံသန်းမယ့် လေကြောင်းခရီးစဉ်အချို့ကိုလည်း လက်ရှိအချိန်မှာ ဆိုင်းငံ့ခြင်း၊ ဖျက်သိမ်းခြင်းများလုပ်ဆောင်နေကြောင်းသိရပါတယ်။ 

အမေရိကန်လေကြောင်းအာဏာပိုင်အဖွဲ့က အမေရိကန်လေကြောင်းလိုင်းတွေကို အစ္စရေးလေကြောင်းပိုင်နက်အတွင်း ပျံသန်းခြင်းမျိုးမလုပ်ဖို့ နဲ့ ပျံသန်းမယ်ဆိုရင်လည်း သတိထားဖို့ အောက်တိုဘာလ ၉ ရက်က သတိပေးလိုက်ပါတယ်။ အစ္စရေးတိုက် လေယာဉ်တွေဟာ ဝေဟင်မှာ ပျံသန်းမှုလုပ်ဆောင်ကာ ဂါဇာဒေသရှိ ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ်တွေကို တိုက်ခိုက်လျက်ရှိနေကြောင်းသိရပါတယ်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အစ္စရေးနိုင်ငံကိုရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံသားတွေအနေနဲ့ လုံခြုံရေးဂရုစိုက်ဖို့ နဲ့ နိုးနိုးကြားကြား သတိနဲ့နေထိုင်ဖို့ တိုက်တွန်းထားပါတယ်။ ဟားမက်စ် နဲ့ အစ္စရေးတို့ စစ်ပွဲစတင်ခဲ့ပြီးနောက် အမေရိကန်အစိုးရက အစ္စရေးဟာ ကိုယ်ကိုယ်ကို ခုခံပိုင်ခွင့်အရ ဟားမက်စ်အဖွဲ့တွေကို တိုက်ခိုက်ဖို့ အခွင့်ရေးရှိနေကြောင်း၊ ပြောဆိုထားသလို လာမယ့်ရက်ပိုင်းအတွင်းအစ္စရေး လိုအပ်တဲ့အရာတွေကို ကူညီထောက်ပံ့ပေးသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဟားမက်စ် လက်နက်ကိုင်အဖွဲ့အနေနဲ့ အစ္စရေးအကျဉ်းထောင်ထဲမှာ ဖမ်းဆီးထားတဲ့ ပါလက်စတိုင်းလူမျိုးတွေကို ပြန်လွှတ်ပေးမယ်ဆိုရင် ၎င်းတို့အနေနဲ့လည်း ပြန်ပေးဆွဲခဲ့တဲ့ အစ္စရေး တပ်ဖွဲ့ဝင်များနဲ့ အစ္စရေးနိုင်ငံသားတွေကို ပြန်လွှတ်ပေးမယ်လို့ဟားမက်စ် လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်တဲ့  al-Arouri ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဟားမက်စ်အဖွဲ့ဟာ အောက်တိုဘာလ ၈ ရက်၊ နံနက်ပိုင်းက အစ္စရေး ကိုရော့ကဒ် ဒုံးကျည်ထောင်ချီနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလိုအစ္စရေးပိုင်နက်တွေအတွင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အစ္စရေးနယ်ခြားစောင့်တပ်ဖွဲ့တွေ နဲ့ အစ္စရေးနိုင်ငံသားတွေကို ပြန်ပေးဆွဲခဲ့ကြောင်းသိရပါတယ်။ ၎င်းက "ကျွန်တော်တို့ဟာ တိုက်ခိုက်မှုတွေ လုပ်ဆောင်ချိန်အတွင်း အစ္စရေးစစ်သားအများအပြားကို ဖမ်းဆီးခဲ့သလို သတ်ဖြတ်တာမျိုးတွေလည်းလုပ်ခဲ့တယ်။ တိုက်ပွဲတွေကတော့ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ အစ္စရေးအကျဉ်းထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ ပါလက်စတိုင်းလူမျိုးတွေကို ပြန်လွှတ်ပေးမယ်ဆိုရင် ကျွန်တော်တို့ကလည်း ဖမ်းဆီးထားတဲ့အစ္စရေးတပ်ဖွဲ့တွေ နဲ့အစ္စရေးနိုင်ငံ သားတွေကို ပြန်လွှတ်ပေးမှာပါ"လို့ ပြောပါတယ်။ အစ္စရေးအကျဉ်းထောင်တွေထဲမှာ ပါလက်စတိုင်းလူမျိုး ၅၂၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ အကျဉ်သားအခွင့်ရေးစောင့်ရှောက်ရေးအဖွဲ့ Addameer က ပြောပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပဲခူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှု နှင့် မြစ်ရေမြင့်တက်မှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေ

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved