၂ဝ၂၃ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုကို အကျဉ်းကျနေတဲ့ အီရန်ဂျာနယ်လစ်အမျိုးသမီး ရရှိ
ဂျန်ဇက် (NSS) - အောက်တိုဘာ ၆
နော်ဝေ နိုဘယ်ဆုရွေးချယ်ရေးကော်မတီဟာ အီရန်အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ နာဂက်စ် မိုဟမ်မာဒီကို ၂ဝ၂၃ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်အဖြစ် သတ်မှတ်ရွေးချယ်ခဲ့ကြောင်း သိရပါတယ်။
နိုဘယ်ဆုရွေးချယ်ရေးကော်မတီက နာဂက်စ် မိုဟမ်မာဒီဟာ အီရန်နိုင်ငံရှိ အမျိုးသမီးတွေ ဖိနှိပ်ခံရမှုတွေကို တိုက်ဖျက်နိုင်ဖို့ ကြိုးပမ်းခဲ့သူတစ်ဦးဖြစ်သလို အီရန်နိုင်ငံသားအားလုံးအတွက် လူအခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေအတွက် ကြိုးပမ်းအားထုတ်ခဲ့သူဖြစ်ကြောင်း ပြောပါတယ်။
နိုဘယ်ဆုရွေးချယ်ရေးကော်မတီဥက္ကဋ္ဌဖြစ်သူက "မိုဟမ်မာဒီဟာ အမျိုးသမီးတွေ၊ အခွင့်အရေးအတွက် ရုန်းကန်မှုတွေကို အားပေးထောက်ခံခဲ့သူဖြစ်ပါတယ်" လို့ ပြောပါတယ်။
မိုဟမ်မာဒီဟာ အီရန်ဂျာနယ်လစ်တစ်ဦးဖြစ်သလို လူအခွင့်အရေးတက်ကြွလှုပ်ရှားသူဖြစ်ကြောင်း၊ အမျိုးသမီးများ အခွင့်အရေးလှုပ်ရှားမှုတွေ နဲ့ သေဒဏ်ဖျက်သိမ်းရေးလှုပ်ရှားမှုတွေကို ဦးဆောင်ကြိုးပမ်းခဲ့သူဖြစ်ကြောင်း သိရပါတယ်။
၎င်းဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ထိန်းသိမ်းခံရပြီး အီရန်အစိုးရဆန့်ကျင်ရေးဝါဒဖြန့်မှုတွေနဲ့ စွဲချက်တင်ခံရကာ ထောင်ဒဏ် ၁ဝ နှစ် ပြစ်ဒဏ်ချမှတ်ခံထားရသူဖြစ်ပါတယ်။ မိုဟမ်မာဒီဟာ ၁၃ ကြိမ် ဖမ်းဆီးထိန်းသိမ်းခံရပြီး ၅ ကြိမ် စွဲချက်တင်ခံရကာ ထောင်ထဲမှာ ၃၁ နှစ်ကြာ နေထိုင်ခဲ့ရသူဖြစ်ကြောင်း သိရပါတယ်။
မိုဟမ်မာဒီဟာ အကျဉ်းကျနေချိန်အတွင်း နိုဘယ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့တဲ့ လေးဦးမြောက်ဖြစ်သလို နိုဘယ်ငြိမ်းချမ်းရေးဆုကိုရရှိခဲ့တဲ့ ဒုတိယမြောက် အီရန်အမျိုးသမီးလည်းဖြစ်ပါတယ်။ ဒါ့အပြင် မိုဟမ်မာဒီဟာ ကမ္ဘာတဝန်းမှာ နိုဘယ်ငြိမ်းချမ်းရေးဆုကိုရရှိခဲ့တဲ့ ၁၉ ဦးမြောက် အမျိုးသမီးလည်းဖြစ်ပါတယ်။ နိုဘယ်ဆု ရွေးချယ်ရေးကော်မတီက မိုဟမ်မာဒီ အမည်ရှိအမျိုးသမီး ဆုလက်ခံရယူနိုင်အောင် ပြန်လွှတ်ပေးဖို့ အီရန်အာဏာပိုင်တွေကို တိုက်တွန်းတောင်းဆိုထားကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆိုးလ်မြို့၌ ကျင်းပမည့် Korea Import Fair ပြပွဲတွင် မြန်မာလုပ်ငန်းရှင်များ ပါဝင်ပြသရန် ဖိတ်ခေါ်
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ