Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
(၉)လအတွင်း YBS ယာဉ်မောင်းများ စည်းကမ်းဖောက်ဖျက်သည့် အမှုပေါင်း (၁၆၀၀၀) ကျော်ရှိခဲ့ဟုဆို

စော(NSS) - အောက်တိုဘာ ၄

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ (၉)လအတွင်း YBS ယာဉ်မောင်းများ စည်း ကမ်းဖောက်ဖျက်သည့် အမှုပေါင်း (၁၆၀၀၀)ကျော်ရှိခဲ့ကြောင်း သိရသည်။


ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ ယခုရက်ပိုင်းအတွင်း အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။

YRTC အနေဖြင့် စည့်ကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းများကို စောင့်ကြည့်စစ်ဆေးအရေးယူများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ (၂၅)ရက်အထိ စည်းကမ်းဖောက်ဖျက်သည့် အမှုပေါင်း (၁၆၆၉၉)ကို အရေးယူဆောင်ရွက်ခဲ့ရာ (၈၁၈၆)မှုသည် ဒဏ်ကြေးပေးဆောင်ခဲ့ပြီး အမှုပေါင်း (၈၅၁၃)မှု ကျန်ရှိနေသေးကြောင်း သိရသည်။

“အမှုပေါင်းကတော့ (၁၆၆၉၉)မှုရှိတယ်။ (၈၁၈၆)မှု ဖြေရှင်းပြီးတာပါ။ ကျန်ရှိတာက (၈၅၁၃)မှုပါ။  ဖြေရှင်းတယ်ဆိုတာကလည်း ဒဏ်ကြေးငွေဆောင်ပြီးသားကိုပြောတာပါ။ ယာဉ်အန္တရာယ်ဖြစ်စေတာတွေ၊ ယာဉ်ကြောပိတ်ဆို့တာတွေ ယာဉ်တစ်စီးနဲ့တစ်စီးကျော်တက်တာတွေ မီးနီဖြတ်မောင်းတာတွေ၊ မဆင်မခြင်မောင်းနှင်တာတွေကို အဓိကထားဖမ်းတာပါ”ဟု YRTC မှတွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က NSS ကိုပြောသည်။

အဆိုပါစည်းကမ်းဖောက်ဖျက်မှုများအနက် မှတ်သားဖမ်းဆီးမှု (၁၁၉၀၉)မှု၊ တိုင်ကြားမှု (၆၅၉)မှု၊ ယာဉ်တစ်စီးနှင့်တစ်စီး ယှဉ်ပြိုင်မောင်းနှင်မှု (၄၉၆)မှု၊ မဆင်မခြင်မောင်းနှင်မှု (၈၆)မှု ၊ မီးနီဖြတ်မောင်းမှု(၁၇၆၁)မှု ၊ သတ်မှတ်ကီလိုနှုန်းထားအထက် ကျော်လွန်မောင်းနှင်မှု (၇၉၁)မှု၊ မှတ်တိုင်တွင် ရပ်နားချိန်ကြာမြင့်မှု(၁၂၂)မှု စသည့်အမှုများသည် အများဆုံးဖောက်ဖျက်မှုဖြစ်ကြောင်း သိရသည်။ 

“ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေနဲ့ ပူးပေါင်းအဖွဲ့ဖွဲ့ထားတာတွေရှိတယ်။ ယာဉ်စည်းကမ်းထိန်းသိမ်းရေးကားတွေနဲ့ စစ်ဆေးလှည့်လည်စောင့်ကြည့်တာတွေရှိတယ်။ နောက်ပြီးတော့ မှတ်တိုင်တွေမှာ ယာဉ်စစ်ဆေးရေးဝန်ထမ်းတွေ ချထားတာတွေရှိတယ်။ YBO (Yangon Bus Operator) ဌာနကနေပြီးတော့ Telematics Device တပ်ထားတဲ့ယာဉ်တွေ မဆင်မခြင်မောင်းနှင်တာ၊ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းတာ၊ နယ်ကျော်တာတွေ၊ မှတ်တိုင်မှာ ရပ်နားချိန်ကြာမြင့်တာတွေကို  မှတ်သားဖမ်းဆီးတာတွေရှိပါတယ်” ဟု ဦးလျန်ကျင့်မန်က ဆက်လက်ပြောသည်။

အဆိုပါ စည်းကမ်းဖောက်ဖျက်နေသော YBS ယာဉ်များကို YRTC ယာဉ်စည်းကမ်းထိန်းသိမ်းရေး နှင့် စစ်ဆေးရေးဌာနမှ ယာဉ်စည်းကမ်းထိန်းသိမ်းရေးယာဉ်များဖြင့် စစ်ဆေးလှည့်လည်ခြင်း နှင့် YRTC ယာဉ်စစ်ဆေးရေးဝန်ထမ်းများက စောင့်ကြည့်စစ်ဆေးအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် နိုင်ငံတစ်ဝှမ်း ဝင်ရောက်စီးနင်းမှုများ လုပ်ဆောင်ကာ လူပေါင်း (၁)ထောင်နီးပါးကို ဖမ်းဆီးခဲ့ကြောင်း တူရကီရဲတပ်ဖွဲ့ပြော

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved