NCA လက်မှတ်ရေးထိုးခြင်း(၈)နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားထားသည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များကို နစကအသိပေး
မျိုးကြီး (NSS) - အောက်တိုဘာ ၄
NCA လက်မှတ်ရေးထိုးခြင်း (၈)နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားထားသည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များကို နစကမှ အသိပေးပြောကြားထားသည်။
လာမည့် အောက်တိုဘာလ ၁၅ ရက်တွင်ကျရောက်သည့် NCA (၈)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားကို နိုင်ငံရေးအနှစ်သာရရှိရှိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း နစကမှ ပြောသည်။
အဆိုပါအခမ်းအနားသို့ နိုင်ငံတော်အကြီးအကဲများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များ၊ NCA လက်မှတ်ရေးထိုးခဲ့သည့် အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကို ဖိတ်ကြားထားကြောင်း နစကမှ မီဒီယာများကို ပြောသည်။
ထို့ပြင် NCA တွင် သက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည့် ပြည်တွင်း ပြည်ပမှ ပုဂ္ဂိုလ်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း ဖိတ်ကြားထားကြောင်း သိရသည်။
NCA လက်မှတ်ရေးထိုးခြင်း (၈)နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်ရန်အတွက် နိုင်ငံခြားသံတမန်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးအကျိုးဆောင်များနှင့် NGO/INGO များကိုလည်း ဖိတ်ကြားထားကြောင်း နစကမှ အသိပေးထားသည်။
အလားတူ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ပေါ်ပေါက်ရေးအတွက် ပါဝင်ဆွေးနွေးပံ့ပိုး ဆောင်ရွက်ပေးခဲ့ကြသည့် ငြိမ်းချမ်းရေးလိုလားသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကိုလည်း ၎င်းအခမ်းအနားသို့ ဖိတ်ကြားထားကြောင်း သိရသည်။
လက်ရှိ နစကအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၀)ဖွဲ့သည် ငြိမ်းချမ်းရေးဆွေး နွေးလျက်ရှိသော်လည်း KNU၊ KIA အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအချို့သည် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထုတ်ယူရန်ကျန်ရှိသည့် ထီဆုမဲ(၇၅၀၀)ကျော်ကို အောက်တိုဘာလကုန်အထိ ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းယူမည်
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း