Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယူကရိန်းတပ်ဖွဲ့ဝင်များက ရုရှားရွာတစ်ရွာကို နိုင်ငံပေါင်း(၁ဝဝ)ကျော်တွင် တားမြစ်ထားသော cluster munitions များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ဟုဆို

Pika (NSS) - အောက်တိုဘာ ၃ 

ယူကရိန်းတပ်ဖွဲ့ဝင်များသည် အောက်တိုဘာလ(၃)ရက်က နယ်စပ်တွင်ရှိသော ရုရှားရွာတစ်ရွာကို နိုင်ငံပေါင်း (၁ဝဝ) ကျော်တွင် အသုံးပြုခွင့်တားမြစ်ထားသော cluster munitions များဖြင့်  ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရုရှား ၏ Bryansk ဒေသ အုပ်ချုပ်ရေးမှူး Alexander Bogomaz က ပြောကြားခဲ့သည်။


ယူကရိန်းဖက်က cluster munitions များဖြင့်  ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရွာအတွင်းရှိ နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း ၎င်းက ထပ်မံပြောသည်။  Klimovo ရွာကို ယူကရိန်းက cluster munitions များဖြင့် ပစ်ခတ်တိုက်ခိုက်မှုအတွင်း လူသေဆုံးမှုမရှိကြောင်း အုပ်ချုပ်ရေးမှူး Alexander Bogomaz က ပြောကြားခဲ့သည်။ 


အဆိုပါပြောဆိုချက်များနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန်တောင်းဆိုမှုများကို ယူကရိန်းဖက်က ပြန်လည်တုံ့ပြန် ဖြေကြားခြင်းမျိုး မရှိသေးကြောင်း သိရသည်။ ယူကရိန်းသည် cluster munitions များကို အမေရိကန်နိုင်ငံထံမှ လက်ခံရရရှိခဲ့ခြင်းဖြစ်ပြီး ရုရှားစစ်သားများကို ယူကရိန်း၏ ပိုင်နက်နယ်မြေတွင်းမှ တိုက်ထုတ်ရန်အတွက်သာ အသုံးပြုသွားမည်ဟု ကတိပြုခဲ့ကြောင်း သိရသည်။

Cluster munitions များကို နိုင်ငံပေါင်း(၁ဝဝ)ကျော်တွင် အသုံးပြုခွင့် တားမြစ်ပိတ်ပင်ထားကြောင်းလည်း သိရသည်။ Cluster munitions များသည် ပေါက်ကွဲချိန်တွင် သေးငယ်သောဗုံးသီး အများအပြားကို ထုတ်လွှတ်ပြီး ထိခိုက်ပျက်စီးမှုအများအပြားရှိအောင် လုပ်ဆောင်နိုင်ကြောင်း သိရသည်။ 

ထို့အပြင် မပေါက်ကွဲဘဲကျန်ရှိနေသော Cluster munitions များသည် ဆယ်စုနှစ်များစွာကြာအောင် အရပ်သားများ အတွက် အန္တရာယ်ဖြစ်စေနိုင်ကြောင်းလည်း သိရသည်။ Cluster munitions များသည် အရပ်သားများကို ထိခိုက် စေနိုင်သောကြောင့် ယူကရိန်းသို့ cluster munitions များ ထောက်ပံ့ပေးမည့် ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားရန် အမေရိကန်နိုင်ငံကို ကုလသမဂ္ဂအထူးကိုယ်စားလှယ်တစ်ဦးက ပြီးခဲ့သည့်လများတွင် တိုက်တွန်းတောင်းဆိုခဲ့ဖူး ကြောင်းလည်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဖားကန့်မြို့၌ အသက်(၃၀)အရွယ်အချဉ်ပေါင်းသည် အမျိုးသား(၁)ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

RELATED POSTS
RECENT POSTS
နယ်စပ်ဒေသအငြင်းပွားမှုများနှင့်ပတ်သက်ပြီး အိန္ဒိယ နှင့် တရုတ်နိုင်ငံကြား သဘောတူညီမှုရ
23 Oct 2024
တရုတ် နှင့် ရုရှားနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ပြီး မျှတသော ကမ္ဘာ့အစီအစဉ်များဖြစ်လာစေရန် လုပ်ဆောင်မည်
23 Oct 2024
လာအိုဘက်သို့ ပြောင်းရွှေ့သွားသော ကျားဖျန့်များ မြန်မာနယ်စပ်တစ်လျှောက် ပြန်လည်ဝင်ရောက်လာနေ
23 Oct 2024
အိန္ဒိယအမျိုးသားတစ်ဦးက ဂင်းနစ်မှတ်တမ်းဝင် ကမ္ဘာ့အသေးဆုံးအဝတ်လျှော်စက်ကို ဖန်တီး
23 Oct 2024
ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ခဲ့သည်ဟု ဆိုသည့်တိုင် ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံရေးအနာဂတ် ရေရာမူရှိနေပြီလား
23 Oct 2024
လက်ဘနွန်စစ်တပ်က အစ္စရေးရဲ့ကျူးကျော်မှုတွေကို ဘာကြောင့် မသိကျိုးကျွံပြုနေခဲ့ရသလဲ ....
23 Oct 2024
ပြည်ပလုပ်သားစေလွှတ်ရေးအတွက် ထပ်မံအရေးယူခံရမည့် အေဂျင်စီ (၅၀) ထက်မနည်းရှိနေ
23 Oct 2024
စက်မှုဇုန်လုပ်သားများအတွက် ကုန်ဈေးနှုန်းဒဏ်အပြင် အဆောင်ခဈေးနှုန်းကြီးမြင့်ခြင်းကလည်း ထိုးနှက်ချက်တစ်ရပ်ဖြစ်လာနေ
23 Oct 2024
ရပ်ဆိုင်းထားသည့် ရန်ကုန်မြို့သစ်စီမံကိန်းကို တရုတ်ဘက်က ပြန်လည်အကောင်အထည်ဖော်ရန် ဆန္ဒရှိနေ
23 Oct 2024
ယခုဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု၏ အသုံးစရိတ် ငွေကျပ် ဘီလျံ (၄ဝဝဝဝ)နီးပါး ရှိနိုင်ပြီး ဘီလျံ (၇ဝဝဝ)ကျော် လိုငွေပြနိုင်ဟု ခန့်မှန်း
23 Oct 2024
မန္တလေးတွင် လက်ဖက်ရည်ဆိုင်တွင်ရှိသည့် ရာအိမ်မှူးကို အကြမ်းဖက်သမားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရာ ကျည်မထွက်သဖြင့် သေနတ်ဖြင့် ပစ်ပေါက်ထွက်ပြေး
19 Oct 2024
မြန်မာနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေကသာ ငြိမ်းချမ်းရေးရဖို့တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘို ပြော
19 Oct 2024
ကျောက်ဆည်မြို့နယ်တွင် ရွာဦးစေတီသို့ ဆီမီးပူဇော်ရန်သွားသည့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
19 Oct 2024
အာဆီယံနိုင်ငံများကို တောင်တရုတ်ပင်လယ်အရေးအတွက် ပိုမိုပြောဆိုရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
19 Oct 2024
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို PDF အဖွဲ့က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်
19 Oct 2024
မြောက်ကိုရီးယားစစ်သားများ ရုရှားဘက်မှ ပါဝင်တိုက်ခိုက်မည်
19 Oct 2024
TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ ထပ်မံ ဗုံးကြဲခံရ
19 Oct 2024
မဟာအောင်မြေမြို့နယ်တွင် SUZUKI SWIFT ကားပေါ်မှ ငွေကျပ်သိန်း(၃၅၀)တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
19 Oct 2024
ပိုင်နက်နယ်မြေ ချိုးဖောက်မှုတွေ ထပ်ရှိလာမယ်ဆိုရင် စစ်ကြေညာတော့မယ်လို့ တောင်ကိုရီးယားကို မြောက်ကိုရီးယားခြိမ်းခြောက်
19 Oct 2024
မီးရထားလက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်
19 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved