အိန္ဒိယအစိုးရက ကနေဒါသံတမန်(၄၁)ဦးကို နိုင်ငံအတွင်းမှ နှင်ထုတ်
Pika (NSS) - အောက်တိုဘာ ၃
အိန္ဒိယနိုင်ငံတွင်ရှိသော ကနေဒါသံတမန်(၄၁)ဦးကို အောက်တိုဘာလ(၁ဝ)ရက် နောက်ဆုံးထားကာ ပြန်လည်ခေါ်ယူသွားရန် ကနေဒါအစိုးရကို အိန္ဒိယအစိုးရက တောင်းဆိုခဲ့ကြောင်း Financial Times သတင်းဌာနက ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် ဇွန်လတွင် ကနေဒါနိုင်ငံတွင် နေထိုင်နေသော အိန္ဒိယခွဲထွက်ရေးသမားတစ်ဦးဖြစ်သလို Sikh ဘာသာဝင်ခေါင်းဆောင်တစ်ဦးဖြစ်သော Hardeep Singh Nijjar သတ်ဖြတ်ခံရမှုတွင် အိန္ဒိယအစိုးရ၏ အေးဂျင့်များ ပါဝင်ပတ်သက်နေကြောင်း ကနေဒါအစိုးရက စွပ်စွဲပြောဆိုခဲ့ပြီးနောက် နှစ်နိုင်ငံကြားဆက်ဆံရေးမှာ ပိုမိုတင်းမာလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကနေဒါအစိုးရ၏ စွပ်စွဲပြောဆိုချက်များကို အိန္ဒိယအစိုးရက ငြင်းဆန်ပယ်ချခဲ့ကြောင်းလည်းသိရသည်။ ထို့အပြင် အိန္ဒိယနိုင်ငံအတွင်းတွင် အောက်တိုဘာလ(၁ဝ)ရက်ကို ကျော်လွန်ကာ နေထိုင်သော ကနေဒါသံတမန်များထံမှ သံတမန်ရေးဆိုင်ရာကင်းလွတ်ခွင့်ကို ရုတ်သိမ်းသွားမည်ဟု အိန္ဒိယအစိုးရက ခြိမ်းခြောက်ခဲ့ကြောင်း Financial Times က ဖော်ပြခဲ့သည်။
အိန္ဒိယနိုင်ငံတွင် လက်ရှိအချိန်မှာ ကနေဒါသံတမန်(၆၂)ဦးရှိပြီး အဆိုပါသံတမန်များထဲမှ(၄၁)ဦးကို ပြန်လည်ရုတ်သိမ်းရန် ကနေဒါအစိုးရကို အိန္ဒိယအစိုးရက တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုများကို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနတို့က ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားခြင်းမျိုးမရှိသေးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းထုတ်ရေငုပ်သင်္ဘောအချက်အလက်များ ပေါက်ကြားသွားသည်ဆိုသည့် စွပ်စွဲပြောဆိုချက်များကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိုင်ဝမ်အစိုးရပြော
RELATED POSTS
23 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ