ပြည်တွင်းထုတ်ရေငုပ်သင်္ဘောအချက်အလက်များ ပေါက်ကြားသွားသည်ဆိုသည့် စွပ်စွဲပြောဆိုချက်များကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထိုင်ဝမ်အစိုးရပြော
Pika (NSS) - အောက်တိုဘာ ၃
ထိုင်ဝမ်၏ ပထမဆုံးပြည်တွင်းထုတ် ရေငုပ်သင်္ဘောနှင့်ပတ်သက်သောအချက်အလက်များ တရုတ်နိုင်ငံသို့ ပေါက်ကြားသွားသည်ဆိုသည့် စွပ်စွဲပြောဆိုချက်များကို ထိုင်ဝမ်အစိုးရရှေ့နေများက စုံစမ်းစစ်ဆေးနေဆဲဖြစ် ကြောင်း သိရသည်။
ထိုင်ဝမ်အစိုးရသည် တရုတ်ဘာသာဖြင့် ‘Hai Kun’ ဟု အမည်ရပြီး အင်္ဂလိပ်ဘာသာတွင် ‘Narwhal’ ဟု အမည်ရသော ၎င်း၏ ပထဆုံးပြည်တွင်းထုတ် ရေငုပ်သင်္ဘောကို စက်တင်ဘာလ(၂၈)ရက်တွင် စတင်ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါရေငုပ်သင်္ဘောစီမံကိန်းနှင့်ပတ်သက်ပြီး လေလံကို အာမခံရန်ပျက်ကွက်ခဲ့သော ကန်ထရိုက်တာတစ်ဦး သည် အချက်အလက်များကို တရုတ်နိုင်ငံသို့ ပေါက်ကြားစေခဲ့ခြင်းဖြစ်ကြောင်း ရေငုပ်သင်္ဘောပရိုဂရမ်အကြီးအကဲ Huang Shu-kuang က ပြောဆိုခဲ့ပြီးနောက် ထိုင်ဝမ်အစိုးရရှေ့နေများက စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင် အမည်မဖော်လိုသော ထိုင်ဝမ်ဥပဒေပြုလွှတ်တော်အမတ်များသည် ရေငုပ်သင်္ဘောအစီအစဉ်အတွက် အရေးကြီးသောပစ္စည်းများကို ဝယ်ယူရာတွင် အခက်အခဲများဖြစ်အောင် လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ထပ်မံစွပ်စွဲ ပြောဆိုခဲ့သည်။ Huang Shu-kuang ၏ ပြောဆိုချက်များ ထွက်ပေါ်လာပြီးနောက် ထိုင်ဝမ်ရှေ့နေချုပ်ရုံးသည် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်မည်ဟု ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါစွပ်စွဲပြောဆိုချက်များထွက်ပေါ်လာပြီးနောက် ထိုင်ဝမ်ကျွန်း၏ လုံခြုံရေးကို ကာကွယ်ရန်အတွက် စုံစမ်း စစ်ဆေးမှုများကို အမြန်ဆုံးလုပ်ဆောင်ရန် အစိုးရရှေ့နေများကို ညွှန်ကြားထားကြောင်း ရှေ့နေချုပ်ရုံးက ပြောကြားခဲ့သည်။ ထိုင်ဝမ်နှင့် တရုတ်နိုင်ငံကြား တင်းမာမှုများ မြင့်တက်နေသည့်အချိန်တွင် ထိုင်ဝမ်က ၎င်း၏ ပထမဆုံးပြည်တွင်းထုတ် ရေငုပ်သင်္ဘောကို ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တရုတ်စစ်တပ် က "ထိုင်ဝမ်နဲ့ တရုတ်ကြား ပဋိပက္ခဖြစ်ပွားခဲ့မယ်ဆိုရင် တရုတ်စစ်တပ်ဟာ အဲဒီရေငုပ်သင်္ဘောတွေ ကို အလွယ်တကူရှာဖွေတွေ့ရှိနိုင်ပြီး ကိုင်တွယ်ဖြေရှင်းနိုင်ပါလိမ့်မယ်" ဟု ပြောခဲ့သည်။ ထို့အပြင် တရုတ်အစိုးရ သည် ထိုင်ဝမ်သို့ အမေရိကန်၏ လက်နက်များရောင်းချမှုကို ပြစ်တင်ရှုတ်ချခဲ့ပြီး အဆိုပါသဘောတူညီချက်များမှာ တရုတ်တစ်ပြည်တည်းမူဝါဒကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဝေဖန်ပြောဆိုခဲ့သည်။
အဆိုပါ စစ်ရေးအကူအညီများသည် ဖြစ်ပေါ်လာနိုင်ခြေရှိသော ကျူးကျော်တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး ထိုင်ဝမ် ကျွန်း၏ ကာကွယ်ရေးစွမ်းရည်ပိုင်းကို ပိုမိုမြှင့်တင်ပေးစေနိုင်လိမ့်မည်ဖြစ်ကြောင်း အမေရိကန်အစိုးရက ပြောဆိုခဲ့ သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အရှေ့တောင်အာရှတစ်ဝှမ်းတွင် အင်တာနက်အမြန်နှုန်းနှင့်ပတ်သက်သည့် တွက်ချက်မှုများမှာ တရားမျှတမှုမရှိကြောင်း အင်ဒိုနီးရှားအစိုးရ ပြော
RELATED POSTS
23 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ