ပြည်နယ်အတွင်းရောက်ရှိနေသော မြန်မာနိုင်ငံသားများကို biometric data ကောက်ယူမည်မဟုတ်ကြောင်း မီဇိုရမ်ပြည်နယ်အစိုးရ ပြော
ဂျန်ဇက် (NSS) - အောက်တိုဘာ ၃
မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့သည် မြန်မာနေရပ်စွန့်ခွာသူများကို ဇီဝဆိုင်ရာအချက်အလက် biometric data ကောက်ယူရန် အိန္ဒိယဗဟိုအစိုးရ၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်သွားမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
မီဇိုရမ်ပြည်နယ်အစိုးရက လိုက်နာဆောင်ရွက်မည်မဟုတ်ကြောင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးတစ်ဦးဖြစ်သော Lalruatkima က ပြည်နယ်အတွင်းရောက်ရှိနေသည့် မြန်မာနေရပ်စွန့်ခွာသူများကို ညီအစ်ကို မောင်နှမများအဖြစ် ရှုမြင်ထားခြင်းကြောင့် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းလုပ်ဆောင်မည်မဟုတ်ကြောင်း၊ မြန်မာ နိုင်ငံသားများကို ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းက ခွဲခြားဆက်ဆံခြင်းဖြစ်ကြောင်း ပြောသည်။
မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံဘက်ခြမ်းမှ နေရပ်စွန့်ခွာကာ လာရောက်နေထိုင်နေသူဦးရေ ၃၅ဝဝဝ ကျော် ရှိနေ ကြောင်း သိရသည်။ အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနသည် မီဇိုရမ်ပြည်နယ် နှင့် မဏိပူရပြည်နယ်အစိုးရတို့ကို မြန်မာနေရပ်စွန့်ခွာသူများနှင့်ပတ်သက်သော ဇီဝဆိုင်ရာအချက်အလက်များကို စက်တင်ဘာ ၃ဝ ရက်အတွင်း အပြီးကောက်ယူရန် ညွှန်ကြားထားကြောင်း သိရသည်။
အာသံရိုင်ဖယ်တပ်ရင်း၏ အဆိုအရ မီဇိုရမ်ပြည်နယ်အတွင်းတွင် မြန်မာနိုင်ငံသား ၃၅၁၂၆ ဦး ရောက်ရှိနေထိုင်နေ ကြောင်း၊ အဆိုပါအရေအတွက်အနက် ၁၅၅၈၉ ဦးက ယာယီကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေပြီး၊ အခြားသူများက အိမ်များ ငှားရမ်းနေထိုင်နေကြောင်း ဖော်ပြထားသည်။
မီဇိုရမ်ပြည်နယ်သည် မြန်မာနိုင်ငံ နှင့် နယ်စပ်ချင်း ကီလိုမီတာ ၅ဝဝ ကျော် ထိစပ်နေသည့် အိန္ဒိယနယ်စပ် ပြည်နယ်တစ်ခုဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ နှင့် နယ်စပ်ချင်းထိစပ်နေသော အိန္ဒိယပြည်နယ်တစ်ခုဖြစ် သော မဏိပူရပြည်နယ်အစိုးရအဖွဲ့သည် ၎င်းတို့ပြည်နယ်အတွင်းရောက်ရှိနေသော မြန်မာနိုင်ငံသားများကို biometric data များ ကောက်ယူခြင်းများလုပ်ဆောင်နေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းတွင်ဖြစ်ပွားနေသော အကျင့်ပျက်ခြစားမှုများကို အမေရိကန်အစိုးရ သတိပေး
RELATED POSTS
23 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ