Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လူမှုဖူလုံရေးအဖွဲ့၌ အလုပ်အကိုင်ရာထူးနေရာ (၂၀၀)ကျော် လစ်လပ်လျက်ရှိပြီး အခြေခံမူလတန်းအဆင့် အောင်မြင်ပြီးသူများ လျှောက်ထားနိုင်ဟုဆို

စော(NSS) - အောက်တိုဘာ ၃

လူမှုဖူလုံရေးအဖွဲ့၌ အလုပ်အကိုင်ရာထူးနေရာ (၂၀၂)ဦး လစ်လပ်လျက်ရှိပြီး အခြေခံမူလတန်းအဆင့် အောင်မြင်ပြီးသူများ လျှောက်ထားနိုင်ကြောင်း သိရသည်။


အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ယနေ့(အောက်တိုဘာလ ၃ ရက်)တွင် အထက်ပါကဲ့သို့ကြေညာထားခြင်းဖြစ်သည်။

လူမှုဖူလုံရေးအဖွဲ့တွင် အငယ်တန်းစာရေးရာထူးအတွက် (၁၈၀)ဦးခန့်အပ်သွားမည်ဖြစ်ပြီး တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိရန်လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ယာဉ်မောင်း(၅)ရာထူးအတွက် (၃)ဦးနှင့် ရုံးအကူရာထူးအတွက် (၂)ဦး ခေါ်ယူသွားမည်ဖြစ်၍ အခြေခံပညာအလယ်တန်းအောင်မြင်ရန်လိုအပ်ပြီး ယာဉ်မောင်းရာထူးများအနေဖြင့် “ခ”အဆင့် ယာဉ်မောင်း လိုင်စင်ရှိရမည်ဖြစ်ကြောင်း သိရသည်။

အလားတူ အစောင့်ရာထူးအတွက် (၁၀)ဦး၊ သန့်ရှင်းရေးအကူရာထူးအတွက် (၃)ဦး၊ ထမင်းချက်ရာထူးအတွက် (၃)ဦး၊ ရင်ခွဲရုံလုပ်သားရာထူးအတွက် (၁)ဦးတို့ကို ခေါ်ယူသွားမည်ဖြစ်ပြီး အခြေခံပညာမူလတန်း အောင်မြင်သူဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရာထူးနေရာ (၂၀၂)ဦးအနက် အငယ်တန်းစာရေး၊ ယာဉ်မောင်း (၅)၊ ရုံးအကူရာထူးများ လျှောက်ထားသူများသည် အသက် (၁၈)နှစ်မှ အသက် (၃၅)နှစ်အတွင်းဖြစ်ရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

အလားတူ အစောင့်၊ သန့်ရှင်းရေးအကူ၊ ထမင်းချက်၊ ရင်ခွဲရုံလုပ်သားရာထူးများ လျှောက်ထားသူများသည် အသက်(၁၈)နှစ်မှ အသက် (၄၅)နှစ်အတွင်းဖြစ်ရန် လိုအပ်ကြောင်း သိရသည်။

လျှောက်လွှာများကို လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)၊ တိုင်း/ပြည်နယ် လူမှုဖူလုံရေးရုံးများ၊ ခရိုင်လူမှုဖူလုံရေးရုံးများနှင့် မြို့နယ်လူမှုဖူလုံရေးရုံးများသို့ နိုဝင်ဘာလ (၉)ရက်နောက်ဆုံးထား၍ ပေးပို့လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို နိုဝင်ဘာလကုန်မှ ဒီဇင်ဘာလ(၁)ရက်တို့တွင် ရုံးချိန်အတွင်း ထုတ်ယူနိုင်ကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တောင်ငူမြို့နယ်တွင် အကြမ်းဖက်သမားများက သေနတ်၊ ဓားဖြင့် ပစ်ခတ်ထိုးခုတ်သတ်ဖြတ်မှုကြောင့် အရပ်သား (၂)ဦးသေဆုံး

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved