အမေရိကန်လွှတ်တော်က ခွင့်ပြုလိုက်တဲ့ ကာလတိုဘတ်ဂျတ် ရန်ပုံငွေထဲမှာ ယူကရိန်းကို ကူညီထောက်ပံ့ပေးမယ့်အစီအစဉ် မပါဝင်
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁
အမေရိကန်သမ္မတက အောက်လွှတ်တော်အတွင်းရှိ ရီပတ်ဘလီကန်ပါတီအမတ်တွေဟာ အခက်အခဲပြဿနာတွေ ကို ဖန်တီးထုတ်လုပ်နေကြောင်း ဝေဖန်ပြစ်တင်လိုက်ပါတယ်။
အမေရိကန်အစိုးရအတွက် ၄၅ ရက်ကြာ အသုံးပြုလို့ရမယ့် ဘတ်ဂျက်ရန်ပုံငွေ ခွင့်ပြုပေးရေးနဲ့ပတ်သက်ပြီး အမေရိကန်လွှတ်တော်နှစ်ရပ်ရဲ့ခွင့်ပြုချက်ကို ရရှိခဲ့ပြီးနောက် သမ္မတဂျိုးဘိုင်ဒန်က အခုလိုမျိုးဝေဖန်ခဲ့တာပါ။ အမေရိကန်အစိုးရအတွက် ဘတ်ဂျက်ရန်ပုံငွေခွင့်ပြုပေးရေးနဲ့ပတ်သက်ပြီး အောက်လွှတ်တော်ရှိ သဘောထား တင်းမာတဲ့ ရီပတ်ဘလီကန်လွှတ်တော်အမတ်တွေက ကန့်ကွက်ခဲ့ကြောင်း သိရပါတယ်။
ရီပတ်ဘလီကန်အမတ်တွေရဲ့ ဝေဖန်ကန့်ကွက်မှုများကြောင့် လွှတ်တော်နှစ်ရပ်က ခွင့်ပြုခဲ့တဲ့ကာလတို ဘတ်ဂျက် ရန်ပုံငွေထဲမှာ ယူကရိန်းကိုအကူအညီပေးမယ့် အစီအစဉ်မပါဝင်ခဲ့ကြောင်း သိရပါတယ်။ အမေရိကန်သမ္မတက ကာလတို ခွင့်ပြုပေးခဲ့တဲ့ ဘတ်ဂျတ်ရန်ပုံငွေထဲမှာ ယူကရိန်းကို ကူညီထောက်ပံ့ပေးမယ့် ငွေကြေးများ မပါဝင်ခြင်း အပေါ် စိတ်ပျက်မိကြောင်း၊ လွှတ်တော်အနေနဲ့ ယူကရိန်းကို ငွေကြေးအကူအညီများပေးနိုင်အောင် လုပ်ဆောင် စေလိုကြောင်း တိုက်တွန်းပြောဆိုထားပါတယ်။
အမေရိကန်သမ္မတက "ဘယ်လိုအခြေအနေမျိုးမှာမဆို ယူကရိန်းအတွက် အမေရိကန်ရဲ့ ပံ့ပိုးကူညီမှုကိုအနှောင့် အယှက်ပေးလို့ မရဘူး" လို့ ပြောပါတယ်။
အမေရိကန်ဟာ ယူကရိန်းကို စစ်ရေးအကူအညီများ အပါအဝင် အမေရိကန်ဒေါ်လာ ၂၄ ဘီလျံကူညီပေးနိုင်အောင် ခွင့်ပြုပေးဖို့ လွှတ်တော်ထံတောင်းခံထားကြောင်း သိရပါတယ်။ အမေရိကန်သမ္မတက "ရီပတ်ဘလီကန်ပါတီ ရဲ့ အောက်လွှတ်တော်အမတ်တွေထဲက သဘောထားတင်းမာတဲ့အမတ်တွေဟာ အခက်အခဲပြဿနာတွေကို ဖန်တီး နေတယ်။
အမေရိကန်နိုင်ငံသား သန်းပေါင်းများစွာအတွက် ဘေးဒုက္ခဖြစ်အောင် ပြင်းထန်တဲ့ဖြတ်တောက်မှုတွေ လုပ်နေတယ်။
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ယူကရိန်းကို ကူညီထောက်ပံ့ပေးမယ့်ကတိတွေကို ဆက်ထိန်းမယ်လို့ မျှော်လင့်ပါတယ်။ လက်ရှိအချိန်မှာ ယူကရိန်းကို ကူညီပံ့ပိုးပေးဖို့ လိုအပ်နေတယ်" လို့ ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လွှတ်တော်က ကာလတို ဘတ်ဂျက်ငွေအသုံးပြုခွင့် ခွင့်ပြုပေးလိုက်တဲ့အတွက် အမေရိကန်အစိုးရ အဖွဲ့အစည်းဌာနများ shutdown ဖြစ်မယ့်အရေးကို ရှောင်ရှားနိုင်ခဲ့
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ