လွှတ်တော်က ကာလတို ဘတ်ဂျက်ငွေအသုံးပြုခွင့် ခွင့်ပြုပေးလိုက်တဲ့အတွက် အမေရိကန်အစိုးရ အဖွဲ့အစည်းဌာနများ shutdown ဖြစ်မယ့်အရေးကို ရှောင်ရှားနိုင်ခဲ့
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁
လွှတ်တော်က ကာလတို ဘတ်ဂျက်ငွေအသုံးပြုခွင့် ခွင့်ပြုပေးလိုက်တဲ့အတွက် အမေရိကန်အစိုးရအဖွဲ့အစည်းဌာနများ shutdown လုပ်ရမယ့်အခြေအနေများကနေ ရှောင်ရှားနိုင်ခဲ့ကြောင်း သိရပါတယ်။
အမေရိကန်အထက်လွှတ်တော်ကိုယ်စားလှယ်တွေဟာ အစိုးရကို ရန်ပုံငွေ ဘတ်ဂျက်ခွင့်ပြုပေးဖို့ ခွင့်ပြုရေးနဲ့ ပတ်သက်ပြီး ၁၁ နာရီကြာ အကြိတ်အနှယ်ဆွေးနွေးခဲ့ပြီးနောက် နောက်ဆုံး မိနစ်ရောက်မှ အစိုးရကို ၄၅ ရက်ကြာ ဘတ်ဂျတ်ရန်ပုံငွေပေးဖို့ ခွင့်ပြုပေးခဲ့တာဖြစ်ကြောင်း သိရပါတယ်။
အမေရိကန်အစိုးရ အသုံးစရိတ်ဘတ်ဂျက်အတွက် ကာလတို ၄၅ ရက်ကြာခွင့်ပြုဖို့ အဆိုကိုစက်တင်ဘာ ၃ဝ ရက်က အောက်လွှတ်တော်မှာ ဆွေးနွေးပြီး မဲခွဲခဲ့ရာ ထောက်ခံမဲ ၃၃၅ မဲ ကန့်ကွက်မဲ ၉၁ မဲနဲ့ အတည်ပြုလိုက်ပါတယ်။ ဒါ့အပြင် အထက်လွှတ်တော်မှာလည်း အဆိုပါ အဆိုကို ထပ်မံဆွေးနွေးမဲခွဲခဲ့ရာ ၈၈ မဲထောက်ခံမဲပေးခဲ့ပြီး ကန့်ကွက်မဲ ၉ မဲရှိခဲ့ကြောင်း သိရပါတယ်။
အစိုးရကို ကာလတို ရန်ပုံငွေခွင့်ပြုပေးမယ့် ဥပဒေမူကြမ်းထဲမှာ နိုဝင်ဘာ ၁၇ ရက်အထိ ကူညီထောက်ပံ့ပေးဖို့ ခွင့်ပြုသွားမှာဖြစ်ကြောင်း သိရပါတယ်။
အမေရိကန်လွှတ်တော်ကသာ အစိုးရကို ရန်ပုံငွေခွင့်ပြုမပေးခဲ့ဘူးဆိုရင် ဖက်ဒရယ်ဝန်ထမ်းထောင်ချီ အလုပ် လက်မဲ့ဖြစ်ပြီး ငွေကြေးပေးနိုင်မှာ မဟုတ်ကြောင်း၊ ဒါ့အပြင် အစိုးရဝန်ဆောင်မှုအဖွဲ့အစည်းဌာနများ ဆိုင်းငံ့ရဖွယ် ရှိနေကြောင်း အမေရိကန်သတင်းဌာနတွေက အစောပိုင်းက ဖော်ပြခဲ့ဖူးပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က "ဖက်ဒရယ်အစိုးရဝန်ဆောင်မှုတွေ shutdown ဖြစ်သွားမယ်ဆိုရင် မလိုလား အပ်တဲ့ အခက်အခဲပြဿနာတွေဖြစ်လာနိုင်တယ်။ ကျွန်တော်တို့ဟာ ဒီအခြေအနေမျိုးကို ဘယ်တော့မှအဖြစ် မခံသင့်ပါဘူး" လို့ ပြောပါတယ်။
အမေရိကန်ရီပတ်ဘလီကန်ပါတီရဲ့လွတ်တော်ကိုယ်စားလှယ်တွေဟာ အမေရိကန် အစိုးရတောင်းခံတဲ့ ဘတ်ဂျတ် ရန်ပုံငွေထဲမှာ ယူကရိန်းကို ကူညီထောက်ပံ့ပေးမယ့်အစီအစဉ်ကို ချန်လှပ်ခဲ့ပေမယ့် ဖက်ဒရယ်သဘာဝ ဘေးအန္တရာယ်နဲ့ပတ်သက်တဲ့အကူအညီတွေကို တိုးမြှင့်ပေးဖို့ လက်ခံဖွယ်ရှိနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နှစ်ရက်အတွင်း မွေးရာပါနှလုံးရောဂါ လူနာ(၃၀)ကျော်ကို ခွဲစိတ်စရာမလိုသည့် Device Closure နည်းလမ်းဖြင့် အောင်မြင်စွာ ကုသပေးနိုင်ခဲ့ဟုဆို
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ