အမေရိကန်က ၎င်း၏တပ်ဖွဲ့ဝင်များကို လေ့ကျင့်ပေးရန်အတွက် ယူကရိန်းပဋိပက္ခကိုအသုံးချနေကြောင်း Defence One ဖော်ပြ
Pika (NSS) - စက်တင်ဘာ ၃ဝ
အမေရိကန်သည် ရုရှား-ယူကရိန်းစစ်ပွဲမှရရှိသော အတွေ့အကြုံများကို လေ့လာဆန်းစစ်ကာ ကိုယ်ပိုင်စမ်းသပ်မှုများကို လုပ်ဆောင်နေပြီး ၎င်း၏တပ်ဖွဲ့ဝင်များကို အနာဂတ်စစ်ပွဲများအတွက် ပြင်ဆင်နေကြောင်း Defense One သတင်းဌာနကဖော်ပြခဲ့သည်။
ကယ်လီဖိုးနီးယားရှိ အမျိုးသားလေ့ကျင့်ရေးစင်တာ (NTC) နှင့် Joint Readiness Training Center (JRTC) တို့သည် ဒရုန်းများ၊ အီလက်ထရွန်းနစ်ထောက်လှမ်းရေးနှင့် ဂြိုလ်တုများကို အသုံးပြုကာ အမေရိကန်တပ်သားများကိုလေ့ကျင့်ပေးနေပြီး အမြောက်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကိုလည်း လေ့ကျင့်ပေးနေကြောင်း Defense One သတင်းဌာနကဖော်ပြခဲ့သည်။ ထို့ပြင် အမေရိကန်တပ်ဖွဲ့ဝင်များသည် ရန်သူများ၏ဒရုန်းများနှင့် စောင့်ကြည့်ထောက်လှမ်းမှုများမှ ပုန်းကွယ်ရန်နည်းလမ်းများကို လေ့ကျင့်သင်ကြားနေကြောင်းသိရသည်။
NTC အကြီးအကဲ ဗိုလ်မှူးချုပ် Curtis Taylor က ၎င်း၏ဌာနသည် စစ်သားများကို ဒရုန်းများ၏ ထောက်လှမ်းမှုမှ ပုန်းကွယ်နိုင်ရန် သင်ကြားပေးနေပြီး ဆက်သွယ်ရေးကိရိယာအသုံးပြုမှုများ နည်းပါးအောင် လုပ်ဆောင်ပေးနေကြောင်း ပြောကြားခဲ့သည်။ JRTC က ၎င်းတို့သည် စစ်သားများကို အမိန့်ပေးစာများလျင်မြန်စွာပေးပို့ရန်နှင့် ဖျက်ဆီးပစ်ရန် နည်းလမ်းများကိုသင်ကြားပေးနေကြောင်း ပြောကြားခဲ့သည်။ ပြီးခဲ့သည့်လတွင် US Army War College သည် ဆောင်းပါးတစ်ပုဒ်ကို ထုတ်ဝေခဲ့ကြောင်းလည်း သိရသည်။ အဆိုပါဆောင်းပါးထဲတွင် "အမေရိကန်ဟာ လာမယ့် အနာဂတ်စစ်ပွဲတွေကို အနိုင်ရရှိချင်တယ်ဆိုရင် ကာလအပိုင်းအခြားနဲ့ စစ်မှုထမ်းခြင်းဥပဒေကို ပြန်လည်ထည့်သွင်းစဉ်းစားသင့်ပါတယ်"ဟု ရေးသားထားသည်။
ထို့ပြင် အမေရိကန်နှင့် ၎င်း၏မဟာမိတ်နိုင်ငံများသည် ယူကရိန်းပဋိပက္ခကို အသုံးချကာ ရုရှားကို ဆန့်ကျင်နေပြီး ယူကရိန်းစစ်မြေပြင်ကို အနောက်အုပ်စုနိုင်ငံထုတ် စစ်လက်နက် ပစ္စည်းများ စမ်းသပ်ရာနေရာတစ်ခုအဖြစ် လုပ်ဆောင်နေကြောင်း ရုရှားဘက်ကစွပ်စွဲပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောက်တံခါးမြို့နယ်ရှိ ဓာတ်အားတိုင်များကို KNU၊ PDFပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲဟု ရဲတပ်ဖွဲ့ပြော
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း